လာမည့်၂လအတွင်း PDFများကို သုတ်သင်မရှင်းလင်းနိုင်လျှင် အထက်အကြီးပိုင်းတချို့ကိုဖြုတ်ပစ်မည်ဟု တပ်ချုပ်အထူးသတိပေး

ကဲဖရဲသီးတွေ မင်းတို့ ရာထူးမပြုတ်ချင်ရင်တော့ အလုပ်လုပ်ကြတော့ဟေ့…လာမည့်(၂)လအတွင်း PDFများကိုသုတ်သင်မရှင်းလင်းနိုင်လျင် စစ်တိုင်းမှူး ဗျူဟာမှူးများနှင့် ရဲတပ်ဖွဲ့မှူးများကို ဖြုတ်ပစ်မည်ဟု တပ်ချုပ်အထူးသတိပေးပြီ။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်​ယောက်အနေနဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာကုန်သွားပြီ၊ နောက်နှစ်လအတွင်းကိုမှပြည်သူကိုစိတ်ဒုက္ခ​ပေးနေတဲ့ အကြ-မ်းဖ-က် အဖျ-က်သမား ဒီPDFတွေကို မသုတ်သင် မရှင်းလင်းနိုင်ဘူးဆိုလျင် လက်ရှိစစ်တိုင်းမှူးတွေ စစ်ဗျူဟာမှူးတွေ၊ နောက်ပြီး ရဲတပ်ဖွဲ့မှူးတွေအားလုံးကို ဖြုတ်ပစ်ပါမယ်၊

ပြည်သူတွေ အလိုကျနိုင်ငံကို တည်ငြိမ်အေးချမ်းအောင်မဆောင်ရွက်နိုင်လျင် လစာပေးထားရတာ အလကားပဲ၊ အကုန်ပြုတ်ဖို့စဉ်းစားထား“ဟုတပ်တွင်းစည်းဝေးပွဲတွင် မိန့်ကြားလိုက်သည်။

စစ်ဘက်ပြန်ကြားရေးသတင်းစဉ်

သောက

Zawgyi





သောက