ထောင်ထဲမှာနေ့စဉ် အိန္ဒြာကျော်ဇင် လုပ်ရတဲ့အလုပ်အကြောင်း

ထောင်ထဲက အတူနေ အခန်းဖော်ပြောပြတဲ့ အိန္ဒြာကျော်ဇင် အကြောင်း မအူဝဲလောက်အေးချမ်းတဲ့မင်းသမီး မတွေ့ဖူးဘူးတဲ့… အမနဲ့ပက်သက်ပြီး စာလေးနဲနဲလေး ရေးချင် လာတာရယ် ဘဝတကွေ့မှာ ကြုံခဲ့ဖူးတဲ့ ဘဝမှာ အမလောက်အေးချမ်းတဲ့မင်းသမီးမျိုးတကယ့်ကို မမြင်ခဲ့ဖူးဘူး။

ရူပါအထဲရောက်ပီး ၂ ပတ်လောက်နေတော့ အမတို့ရောက်လာခဲ့တယ်။ တစ်ခန်းထဲတူတူနေခဲ့ရပြီး အနေနီးကပ်ခဲ့တဲ့ချိန် အမစိတ်လေးတွေအများကြီးသိခဲ့ရတယ်။ ရူပါတို့ အားလုံးအိပ်နေချိန် မနက်လေးနာရီဆို အမကနိုးပြီးလို့ ရှိသမျှ ပဌာန်း မဟာသမယသုတ် ပရိတ်ကြီး (၁၁) သုတ် အကုန်ရှီခိုးပြီးသွားပြီ။

တစ်နေ့လုံးပုတီးလေးစိတ်ပီး ဘယ်အရာပေါ်မှ သူမကောင်းမြင်ခြင်း၊ ငြီးငြူခြင်း၊ တစိုးတစိမှမရှိ။ သူရောက်နေတဲ့နေရာမှာ သူအဆင်မပြေလဲ ဘယ်သူ့ကိုမှ ငြီးငြူနေတာ၊ ငြိုငြင်နေတာမျိုးမရှိခဲ့ဘူး။

ဘယ်သူ့အကြောင်းကိုမှလဲ သူ့နှုတ်ကနေ ထွက်လေ့မရှိ။ သူမသိတာဆိုလဲ အူဝဲမသိဖူးဆိုတာလေးနဲ့ ဘယ်လိုတောင်ဖြူစင်မှန်းမသိသော ကလေးတယောက်လို။ သားသမီးနဲ့ ပက်သက်လာရင်တော့ ရင်ထဲမှာဟန်မဆောင်နိုင်အောင်ပဲ ငိုကြွေးတတ်တယ်။

မှတ်မှတ်ရရ သားသားမွေးနေ့တုံးက မနက်ဘုရားရှိခိုးပီး တစ်ယောက်ထဲကြိတ်ငိုနေရရှာတဲ့ချစ်သောအမပါ။ အခုပြန်တွေးတိုင်းလဲ ရင်ထဲတကယ့်ကို ဆို့နစ်နေတာပါပဲ။ ဟိုး အရင်ကတည်းက ကလေးတွေကို သိပ်ချစ်၊သိပ်ဂရုစိုက်တာလို့ ကြားဖူးထားတဲ့ အမက ခုလို သူသိပ်ချစ်တဲ့ အမေ၊

သူသိပ်ချစ်တဲ့ ကလေးတွေနဲ့ အကြာကြီးခွဲနေ နေရတာ၊ မမြင်ရ မတွေ့ရ၊မကြားရ နေ နေရတာ သူ့အတွက် ဘယ်လောက်တောင် ခက်ခဲနေမလဲဆိုတာ ခံစားလို့လဲရတယ်၊ ကိုယ်တိုင်လည်း မြင်ခဲ့ရလို့ ပိုခံစားရတယ်။

သူ ခုချိန်ထိ ကောင်းကောင်းသည်းခံနေနိုင်မယ်ဆိုတာ သိပေမဲ့ သူ ဘယ်လောက် ပြန်တွေ့ချင်နေလိမ့်မလဲဆိုတာလဲ အရမ်းသိတယ်။ ဘဝတကွေ့မှာ အမနဲ့အတူတူဆုံခဲ့ရဖူးတာ ကောင်းသောသင်ခန်းစာတွေအများကြီးရခဲ့ပါတယ်။

လူတွေအများကြီးကြားထဲမှာ ဘယ်သူ့ရဲ့ဘဝကိုဖြစ်ဖြစ် စာနာတတ်ပြီးမျက်ရည်တွေကျအောင် ခံစားတတ်တဲ့ စိတ်ထားနူးညံ့လွန်းသူပါ။ လူ့ဘဝမှာ တကယ့်ကိုနေတတ်ခြင်းနဲ့ ပြည့်စုံလွန်းတဲ့ မင်းသမီးကိုယ်တိုင်ခံစားဖူးတဲ့သူတစ်ယောက်မို့လို့ အမကိုအမြန်ဆုံး ပြန်လာစေချင်တယ်။

သူ့ဘဝမှာ အရေးကြီးဆုံးက ဒီမိသားစုလေးပဲဆိုတဲ့ အမကျို အရင်လို မိသားစုပျော်ပျော်ရွှင်ရွှင်လေး ပြန်နေတာကို မြင်ချင်တယ်။ အမကိုအမြန်ဆုံးလွှတ်ပေးဖို့ တကယ့်ကို တောင်းဆိုချင်ပါတယ်။ ချစ်ရတဲ့အမအမြန်ဆုံး ပြန်လွတ်ပါစေ။

Zawgyi

ေထာင္ထဲက အတူေန အခန္းေဖာ္ေျပာျပတဲ့ အိျႏၵာေက်ာ္ဇင္ အေၾကာင္း မအူဝဲေလာက္ေအးခ်မ္းတဲ့မင္းသမီး မေတြ႕ဖူးဘူးတဲ့အမနဲ႔ပက္သက္ပီးစာေလးနဲနဲေလးေရးခ်င္လာတာရယ္ ဘဝတေကြ႕မွာ ႀကဳံခဲ့ဖူးတဲ့ ဘဝမွာ အမေလာက္ေအးခ်မ္းတဲ့မင္းသမီးမ်ိဳးတကယ့္ကို မျမင္ခဲ့ဖူးဘူး

႐ူပါအထဲေရာက္ပီး ၂ ပတ္ေလာက္ေနေတာ့ အမတို႔ေရာက္လာခဲ့တယ္။ တစ္ခန္းထဲတူတူေနခဲ့ရၿပီး အေနနီးကပ္ခဲ့တဲ့ခ်ိန္ အမစိတ္ေလးေတြအမ်ားႀကီးသိခဲ့ရတယ္။႐ူပါတို႔ အားလုံးအိပ္ေနခ်ိန္ မနက္ေလးနာရီဆို အမကႏိုးၿပီးလို႔ ရွိသမွ် ပဌာန္း မဟာသမယသုတ္ ပရိတ္ႀကီး (၁၁) သုတ္ အကုန္ရွီခိုးပီးသြားၿပီ။

တစ္ေန႔လုံးပုတီးေလးစိတ္ပီး ဘယ္အရာေပၚမွ သူမေကာင္းျမင္ျခင္း၊ ၿငီးျငဴျခင္း၊ တစိုးတစိမွမရွိ။

သူေရာက္ေနတဲ့ေနရာမွာ သူအဆင္မေျပလဲ ဘယ္သူ႔ကိုမွ ၿငီးျငဴေနတာ၊ ၿငိဳျငင္ေနတာမ်ိဳးမရွိခဲ့ဘူး။
ဘယ္သူ႔အေၾကာင္းကိုမွလဲ သူ႔ႏႈတ္ကေန ထြက္ေလ့မရွိ။ သူမသိတာဆိုလဲ အူဝဲမသိဖူးဆိုတာေလးနဲ႔ ဘယ္လိုေတာင္ျဖဴစင္မွန္းမသိေသာ ကေလးတေယာက္လို။

သားသမီးနဲ႔ပက္သက္လာရင္ေတာ့ ရင္ထဲမွာဟန္မေဆာင္ႏိုင္ေအာင္ပဲ ငိုေႂကြးတတ္တယ္။
မွတ္မွတ္ရရ သားသားေမြးေန႔တုံးက မနက္ဘုရားရွိခိုးပီး တစ္ေယာက္ထဲႀကိတ္ငိုေနရရွာတဲ့ခ်စ္ေသာအမပါ။

အခုျပန္ေတြးတိုင္းလဲ ရင္ထဲတကယ့္ကိုဆို႔နစ္ေနတာပါပဲ။ဟိုးအရင္ကတည္းက ကေလးေတြကို သိပ္ခ်စ္၊သိပ္ဂ႐ုစိုက္တာလို႔ ၾကားဖူးထားတဲ့ အမက ခုလို သူသိပ္ခ်စ္တဲ့ အေမ၊

သူသိပ္ခ်စ္တဲ့ ကေလးေတြနဲ႔ အၾကာႀကီးခြဲေန ေနရတာ၊ မျမင္ရ မေတြ႕ရ၊မၾကားရ ေန ေနရတာ

သူ႔အတြက္ ဘယ္ေလာက္ေတာင္ ခက္ခဲေနမလဲဆိုတာ ခံစားလို႔လဲရတယ္၊ ကိုယ္တိုင္လည္း ျမင္ခဲ့ရလို႔ ပိုခံစားရတယ္…သူ ခုခ်ိန္ထိ ေကာင္းေကာင္းသည္းခံေနႏိုင္မယ္ဆိုတာ သိေပမဲ့ သူ ဘယ္ေလာက္ ျပန္ေတြ႕ခ်င္ေနလိမ့္မလဲဆိုတာလဲ အရမ္းသိတယ္

ဘဝတေကြ႕မွာ အမနဲ႔အတူတူဆုံခဲ့ရဖူးတာ ေကာင္းေသာသင္ခန္းစာေတြအမ်ားႀကီးရခဲ့ပါတယ္။ လူေတြအမ်ားႀကီးၾကားထဲမွာ ဘယ္သူ႔ရဲ႕ဘဝကိုျဖစ္ျဖစ္ စာနာတတ္ၿပီးမ်က္ရည္ေတြက်ေအာင္ ခံစားတတ္တဲ့ စိတ္ထားႏူးညံ့လြန္းသူပါ။ လူ႔ဘဝမွာ တကယ့္ကိုေနတတ္ျခင္းနဲ႔ျပည့္စုံလြန္းတဲ့ မင္းသမီးကိုယ္တိုင္ခံစားဖူးတဲ့သူတစ္ေယာက္မို႔လို႔ အမကိုအျမန္ဆုံး ျပန္လာေစခ်င္တယ္။

သူ႔ဘဝမွာ အေရးႀကီးဆုံးက ဒီမိသားစုေလးပဲဆိုတဲ့ အမက်ိဳ အရင္လို မိသားစုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေလး ျပန္ေနတာကို ျမင္ခ်င္တယ္။

အမကိုအျမန္ဆုံးလႊတ္ေပးဖို႔တကယ့္ကိုေတာင္းဆိုခ်င္ပါတယ္ ခ်စ္ရတဲ့အမအျမန္ဆုံး ျပန္လြတ္ပါေစ