လှေတွေပေါ်ကိုကျောက်ဆိုင်ကြီး ပြိုကျခဲ့မှုကြောင့် (၇) ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ ထိတ်လန့်စရာ ရုပ်သံဖိုင်

ဘရာဇီးလ်မှာ ကမ္ဘာလှည့်ခရီးသည်တင် လှေတွေပေါ်ကိုကျောက်ဆိုင်ကြီး ပြိုကျခဲ့မှုကြောင့် (၇) ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ ထိတ်လန့်စရာ ရုပ်သံဖိုင် အောက်ဆုံး တွင် ရုပ်သံဖိုင်ပါရှိပါသည်။

ဘရာဇီးလ်နိုင်ငံရှိ အပန်းဖြေရေကန် တစ်ခုတွင် ကမ္ဘာလှည့်ခရီးသွားများ တင်ဆောင်လာတဲ့ လှေများပေါ်ကို ချောက်ကမ်းပါးပြိုကျခဲ့လို့ အနည်းဆုံး လူ(၇)ဦးသေဆုံးပြီး (၃)ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက စနေနေ့ (ဇန်နဝါရီ ၈ ရက်)မှာ ပြောကြားခဲ့တယ်လို့ နိုင်ငံသတင်းများက ဖော်ပြလာခဲ့ပါတယ်။

ရေငုပ်အဖွဲ့တစ်ဖွဲ့ နှင့် ဘရာဇီးလ်ရေတပ်အဖွဲ့ဝင်များ ပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ့များဟာ ကမ်းပါးပြိုကျရာ Minas Gerais ပြည်နယ်ရှိ Furnas Lake သို့ စေလွှတ်ခဲ့ပါတယ်။ ရုပ်သံဖိုင်တွေမှာတော့ တောင်နံရံတွေကနေ ပြိုကျလာတဲ့ ကြီးကြီးမားမား ကျောက်ဆိုင်ကြီးတစ်ခုဟာ

ရေပြင်ရှိ ခရီးသွားတွေရဲ့ လှေသုံးစီးပေါ်ကို ရုတ်တရက် ပြိုကျခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ခရီးသွားတွေဆီကနေ ကြောက်လန့်တုန်လှုပ်ခြင်းတွေနဲ့ အော်ဟစ်ဆူညံသံ တွေပါ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးသမားတွေရဲ့ ထုတ်ပြန်ချက်မှာတော့ ကျောက်ဆိုင်ကြီး ပြိုကျမှုကြောင့် သေဆုံးသူ (၇)ဦးရှိပြီး (၃)ဦးလည်း ပျောက်ဆုံးနေကြောင်း အတည်ပြုခဲ့ပါတယ်။ဒါ့အပြင် ဒဏ်ရာရရှိသူ (၉)ဦးအပါအဝင် အခြား (၃၂) ဦးကိုလည်း ဆေးရုံတင်ထားရကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

ကမ္ဘာလှည့်ခရီးသည်များဟာ နာမည်တူ ရေအားလျှပ်စစ်ရေကာတာဖြင့် ဖွဲ့စည်းထားတဲ့ Furnas Lake ရဲ့ စိမ်းလန်းသောရေများနှင့်ဝန်းရံထားတဲ့ ကျောက်နံရံများ၊ လိုဏ်ဂူများ၊ ရေတံခွန်များကို လေ့လာကြည့်ရှုဖို့အတွက် မကြာခဏ လာရောက်လည်ပတ်ကြတယ်လို့ သိရပါတယ်။

ရုပ်သံကြည့်ရန်