ကျုပ်တို့တိုက်ပွဲဝင်နေတာ ခင်ဗျားတို့ကို လွတ်မြောက်စေချင်လို့ လို့ပြောလာတဲ့ PDF တပ်သား

ဖေဖော်ဝါရီ တစ်ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာဏာသိမ်းအကြ-မ်းဖ-က်စစ်ကောင်စီက ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြ-မ်းဖ-က်ဖြိုခွင်းပြီးတဲ့နောက် လူငယ်တွေ ဟာ စစ်အာဏာရှင်ကို လ-က်န-က်ကိုင်တော်လှန်ဖို့ PDF လို့ခေါ်တဲ့

ပြည်သူ့ကာကွယ်ရေး တပ်မတော်ထဲကို ဘဝတွေ၊ အသက်တွေရင်းပြီး ဝင်ခဲ့ကြပါတယ်။ အခုအချိန်မှာတော့ အချို့ PDF တပ်သားတွေဟာစစ်သင်တန်းတက်ပြီးလို့ မြို့ပြတွေမှာ ပျောက်ကြားစစ်အနေနဲ့ စတင်လှုပ်ရှားနေပြီဖြစ်ပါတယ်။

စစ်အာဏာသိမ်း အကြ-မ်းဖ-က် ကောင်စီရဲ့ ယန္တရားတွေဖြစ်တဲ့စစ်တပ် ၊ အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ ဆက်စပ်နေရာတွေ ၊ ဒလန်တွေကို ရှင်းလင်းတာမျိုးတွေလဲ လုပ်ဆောင် နေကြပြီ ဖြစ်ပါတယ်။ အခုအခါမှာတော့ PDF မှာ စစ်သင်တန်းတက်နေဆဲဖြစ်တဲ့

ပြည်သူ့ဖက်တော်သား တပ်သားတစ်ဦးက သူတို့ရဲ့လှုပ်ရှားသွားလာနေတဲ့ ပုံရိပ်တွေကို လူမှုကွန်ရက်မှာတင်ခဲ့ပြီး ” ကျုပ်တို့ တိုက်ပွဲဝင်နေတာက ခင်ဗျားတို့အားလုံးကို လွတ်မြောက်စေချင်လို့” ဆိုပြီး တင်ထားတာတွေ့ရပါတယ်။ လူငယ်တွေဟာ အကြ-မ်းဖ-က်စစ်အုပ်စုကို တော်လှန်ဖို့ PDF ထဲဝင်နေကြတာတွေရှိသလို

တပ်တွင်းကနေ လ-က်န-က်များနဲ့အတူ CDM မှာပါဝင်ပူးပေါင်းလာတဲ့ တပ်သားတွေလဲ ရှိနေပြီဖြစ်ပါတယ်။ PDF တပ်သားလေး တင်ပေးလိုက်တဲ့ လူမှုကွန်ရက် ပေါ်ကပုံလေး တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ ဘေးကင်းဖို့ ဆုတောင်းပေးကြပါဦး။

Zawgyi




