အသက် ၁၁၁ ရှိပြီဖြစ်သော်လည်း စစ်ရှောင်နေရဆဲဖြစ်သည့် အဖွားအို

အကြ-မ်းဖ-က် စစ်တပ်သည် သူ၏ရွာကို လ-က်န-က်ကြီးများဖြင့် ပ-စ်ခ-တ်ပြီးနောက် ရန်သူဘေးမှ လွတ်ရာကို မြေးများက ချီပိုးသယ်ဆောင်ပြီး ပြေးလာခဲ့ကြရသည်။
ဇန်နဝါရီလ ၈ ရက်မှ စတင်ပြီး သူ နေရာပြောင်းရွေ့ ပြေးလာရသည်မှာ သုံး နေရာရှိပြီဖြစ်သည်။

မလွဲသာလို့သာပြေးနေရတယ်။ ခု စားလို့လဲမကောင်းတော့ဘူး။ အိပ်လို့လည်း မရတော့ဘူး လို့ အသက် ၁၁၁ နှစ် ရှိပြီဖြစ်သည့် အဖွားဒေါ်စောလှ က ပြောသည်။ အကြ-မ်းဖ-က် စစ်တပ်၏ လ-က်န-က်ကြီး၊လေယာဥ်ဖြင့် တိုက်ခိုက်မှုကြောင့် ရွာသား ၁၁ ဦး ပြင်းထန်သောဒါဏ်ရာများ ရရှိခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားတစ်ဦး တေဆုံးခဲ့ရသည်။

စစ်ရှောင်နေရသည့် လူဦးရေမှာ နှစ်ထောင် ကျော်လာပြီ ဖြစ်သည်။ ကိုယ်က ဘာမှမတတ်နိုင်တာ သူတို့လုပ်တာခံပြေး ဒါပဲ တတ်နိုင်မပေါ့ လို့ အဖွားဒေါ်စောလှ က ပြောသည်။
သူ့အနေဖြင့် အကြ-မ်းဖ-က်စစ်တပ်၏

ဘေးလွတ်ရာကို ရောက်လာပြီ ဖြစ်သော်လည်း ရွာတွင် ကျန်နေခဲ့သည့် သမီးဖြစ်သူ အသက် ၇၀ ကျော်အရွယ်ကို စိတ်ပူနေကြောင်း ပြောသည်။ ရွာတွင်ကျန်ခဲ့သည့် သူ၏ သမီးဖြစ်သူ

အသက် ၇၀ ကျော်သည် နားကောင်းစွာ မကြားရတော့သည့်အပြင် သားမက်မှာ လေဖြတ်ဝေဒနာ ခံစားနေရသူတစ်ဦးဖြစ်ကြောင်း၊ ရွာရှိ ခြံတဲ တွင် ကျန်နေခဲ့ကြောင်း အဖွား ဒေါ်စောလှ ၏ မြေးများက ပြောသည်။

Zawgyi




