CDM စစ်သားများ ပူးပေါင်းဆောင်ရွက်၍ စစ်သင်တန်း ပိုမိုစနစ်ကျလာဟု KLG ပြော

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့ (KLG) ၏ အပတ်စဉ် (၄) စစ်သင်တန်း ဆင်းပွဲ ပြုလုပ်ကြောင်း သိရသည်။  သင်တန်းဆင်းပွဲအား KLG နယ်မြေ စိုးမိုးရာ ကနီနယ်ဒေသ တစ်နေရာတွင် ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့က ပြုလုပ်ခြင်း ဖြစ်သည်။

“ဒီတစ်ခေါက်တော့ နေရာနဲ့ ရိက္ခာ အကန့်အသတ်ကြောင့် တပ်ခွဲတစ်ခုစာ သင်တန်းပေးဖြစ်တာပါ၊ သင်တန်းတွေကတော့ ပိုပြီး စနစ်ကျလာပါတယ်၊ ဘာကြောင့်လည်းဆိုတော့ CDM စစ်သားတွေက ဦးဆောင်ပြီး သေချာ လေ့ကျင့်သင်ကြား ပေးထားလို့ ဖြစ်ပါတယ်” ဟု KLG ပြန်ကြားရေး တာဝန်ခံက ပြောသည်။

သင်တန်း တက်ရောက်ရန် အသက် (၁၈) နှစ်ပြည့်ပြီးရန် လိုအပ်ပြီး သင်တန်းတွင် စစ်နည်းဗျူဟာများအား အချိန်ဇယားနှင့် စနစ်တကျ သင်ကြားပေးကြောင်း ၎င်းကပြောသည်။
KLG မှ ထုတ်ပြန်ထားသော ရုပ်သံဖိုင်များတွင်

သင်တန်းဆင်းပွဲ အခန်းအနား စစ်ချီတေးနှင့် ချီတက် စစ်ရေးပြ နေသည်ကို တွေ့ရပြီး နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သူများအား အလေးပြု သစ္စာဆိုသည်ကိုလည်း တွေ့ ရ သည်။

အခမ်းအနားတွင် ‘တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့တက္ကသိုလ်’ ဆိုသည့် PDF အလံတော်အောက်မှ ဆိုင်းပုဒ်နှင့်အတူ တော်လှန်ကြယ်နီ စာကြည့်တိုက် ဆောက်လုပ်ထား သည်ကိုလည်း တွေ့ရသည်။

စစ်ကိုင်းတိုင်း အတွင်းရှိ ကနီနယ်သည် နွေဦးတော်လှန်ရေး မြေပြန့်စစ်မျက်နှာ စဖွင့်ရာ ဒေသဟု ဆိုနိုင်ပြီး ယခုအချိန်တွင် စစ်သင်တန်းများအား ဒေသခံ PDF များ နယ်မြေစိုးမိုးရာ ဒေသများတွင် ပေါ်ပေါ်ထင်ထင်ပင် ပြုလုပ်လျက်ရှိသည်။

ဒေသခံ တောင်သူလယ်သမား အချို့သည် ၎င်းတို့ သားသမီးများအား စစ်သင်တန်းသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက် အပ်နှံကြသကဲ့သို့ ၎င်းတို့တွင်ရှိသည့် ရိက္ခာများကိုလည်း PDF အဖွဲ့များထံ လာရောက် ပေးလှူကြသည်ဟု ကနီနယ်မှ PDF ခေါင်းဆောင်တစ်ဦးက ပြောသည်။

Zawgyi

စစ္ကိုင္းတိုင္း၊ ကနီၿမိဳ႕နယ္တြင္ ကနီျပည္သူ႔ကာကြယ္ေရးအဖြဲ႕ (KLG) ၏ အပတ္စဥ္ (၄) စစ္သင္တန္း ဆင္းပြဲ ျပဳလုပ္ေၾကာင္း သိရသည္။ သင္တန္းဆင္းပြဲအား KLG နယ္ေျမ စိုးမိုးရာ ကနီနယ္ေဒသ တစ္ေနရာတြင္ ယမန္ေန႔ ဇန္နဝါရီလ ၉ ရက္ေန႔က ျပဳလုပ္ျခင္း ျဖစ္သည္။

“ဒီတစ္ေခါက္ေတာ့ ေနရာနဲ႔ ရိကၡာ အကန႔္အသတ္ေၾကာင့္ တပ္ခြဲတစ္ခုစာ သင္တန္းေပးျဖစ္တာပါ၊ သင္တန္းေတြကေတာ့ ပိုၿပီး စနစ္က်လာပါတယ္၊ ဘာေၾကာင့္လည္းဆိုေတာ့ CDM စစ္သားေတြက ဦးေဆာင္ၿပီး ေသခ်ာ ေလ့က်င့္သင္ၾကား ေပးထားလို႔ ျဖစ္ပါတယ္” ဟု KLG ျပန္ၾကားေရး တာဝန္ခံက ေျပာသည္။

သင္တန္း တက္ေရာက္ရန္ အသက္ (၁၈) ႏွစ္ျပည့္ၿပီးရန္ လိုအပ္ၿပီး သင္တန္းတြင္ စစ္နည္းဗ်ဴဟာမ်ားအား အခ်ိန္ဇယားႏွင့္ စနစ္တက် သင္ၾကားေပးေၾကာင္း ၎ကေျပာသည္။
KLG မွ ထုတ္ျပန္ထားေသာ ႐ုပ္သံဖိုင္မ်ားတြင္

သင္တန္းဆင္းပြဲ အခန္းအနား စစ္ခ်ီေတးႏွင့္ ခ်ီတက္ စစ္ေရးျပ ေနသည္ကို ေတြ႕ရၿပီး ေႏြဦးေတာ္လွန္ေရးတြင္ က်ဆုံးခဲ့သူမ်ားအား အေလးျပဳ သစၥာဆိုသည္ကိုလည္း ေတြ႕ ရ သည္။

အခမ္းအနားတြင္ ‘ေတာ္လွန္ေရးသည္ ငါတို႔ေက်ာင္း ငါတို႔တကၠသိုလ္’ ဆိုသည့္ PDF အလံေတာ္ေအာက္မွ ဆိုင္းပုဒ္ႏွင့္အတူ ေတာ္လွန္ၾကယ္နီ စာၾကည့္တိုက္ ေဆာက္လုပ္ထား သည္ကိုလည္း ေတြ႕ရသည္။

စစ္ကိုင္းတိုင္း အတြင္းရွိ ကနီနယ္သည္ ေႏြဦးေတာ္လွန္ေရး ေျမျပန႔္စစ္မ်က္ႏွာ စဖြင့္ရာ ေဒသဟု ဆိုႏိုင္ၿပီး ယခုအခ်ိန္တြင္ စစ္သင္တန္းမ်ားအား ေဒသခံ PDF မ်ား နယ္ေျမစိုးမိုးရာ ေဒသမ်ားတြင္ ေပၚေပၚထင္ထင္ပင္ ျပဳလုပ္လ်က္ရွိသည္။

ေဒသခံ ေတာင္သူလယ္သမား အခ်ိဳ႕သည္ ၎တို႔ သားသမီးမ်ားအား စစ္သင္တန္းသို႔ ကိုယ္တိုင္ကိုယ္က် လာေရာက္ အပ္ႏွံၾကသကဲ့သို႔ ၎တို႔တြင္ရွိသည့္ ရိကၡာမ်ားကိုလည္း PDF အဖြဲ႕မ်ားထံ လာေရာက္ ေပးလႉၾကသည္ဟု ကနီနယ္မွ PDF ေခါင္းေဆာင္တစ္ဦးက ေျပာသည္။