စစ်အာဏာရှင် အလှည့်ရောက်လာတော့မည့် ” ဝဋ် “

လွိုင်ကော်မြို့ ကို မြန်မာစစ်တပ်က ရဟတ်ယာဉ်တွေနဲ့ ပိတ်ဆို့ တိုက်ခိုက်နေတာတွေ ရပ်တန့်ပေးဖို့ ကုလအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက အသိပေးထားပါတယ် ။ မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းကတည်းက လွိုင်ကော်ကို လေကြောင်းကနေ တိုက်ခိုက်နေတာပါ။

ထွက်ပြေးဖို့ ကြိုးစားနေတဲ့ မြို့သူမြို့သားတွေကိုလည်း ပြေးလို့မရအောင် ပိတ်ထားပါတယ်။” လွိုင်ကော်မှာ စစ်အာဏာရှင်ရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှု့တွေ ချက်ချင်း ရပ်ပေးပါ ” လို့ တောင်းဆိုထားတာပါ။” သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်နေသူတွေဟာ ဆိုင်ကယ်နဲ့ အလွယ်တကူ မလိုက်နိုင်ကြပါဘူး။

မြို့အထွက်မှာ ဆိုင်ကယ်တွေ ၊ ကားတွေကိုလည်း ထွက်လို့မရအောင် စစ်တပ်က ပိတ်ထားပါတယ် ။ ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ လွိုင်ကော်တိုက်ပွဲမှာ မြို့ခံ ၄ ဦး တေဆုံး ခဲ့ပါတယ်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ် ( KNDF ) က စစ်ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ပြီး စစ်လက်နက်ကိုင် ၃၀ ခန့် သေဆုံးခဲ့ပါတယ်။

လွိုင်ကော်တိုက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်က ပြောရေးဆိုခွင့်ရှိသူကို ရိုက်တာက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။ သုံးသပ်ရရင် လွိုင်ကော်တိုက်ပွဲ မှာ မြို့ခံတွေ အတိဒုက္ခရောက်ခဲ့ပါတယ်။ သို့ပေမယ့် လွိုင်ကော်တိုက်ပွဲဟာ မြို့ပြစစ်ပွဲအဖြစ်နဲ့ တရားဝင် နားရွက်တံတွေးစွတ်လိုက်တဲ့တိုက်ပွဲပါ။

ဒီတိုက်ပွဲဟာ မြို့သူမြို့သားတွေ ဒုက္ခရောက်တာမှန်ပေမယ့် စစ်ကောင်စီဘက်က ဆုံးရှုံးမှု့ ကြီးမားခဲ့ပါတယ်။ ရဟတ်ယာဉ်တစ်စီးကို ကမ္ဘာသိအောင် ပစ်ချနိုင်ခဲ့သလို တင့်ကား တစ်စီးလည်း သိက္ခာမဲ့စွာ ထွက်ပြေးခဲ့ရပါတယ်။ ဒါဟာ စည်းလုံးမှု့ကို ဘယ်လိုလ-က်န-က်သာသူကမှ မယှဉ်နိုင်ဘူးဆိုတာ ပြသနေတဲ့ သက်သေပါပဲ။

ဆိုရရင် …လွိုင်ကော်လို မြို့ပြတိုက်ပွဲတွေ တစ်မြို့ပြီးတစ်မြို့ ဖြစ်လာနိုင်ပါတယ်။ နေရာစုံမဟုတ်သေးတဲ့ ပြည်တွင်းတော်လှန်ရေး တိုက်ပွဲတွေဟာ ခုခံစစ်ကနေ တိုက်စစ်ဖွင့် လာခဲ့ပါပြီ။ ခုခံစစ်မှာတင် ဆုံးရှုံးမှု့ကြီးမားနေတဲ့ စစ်ကောင်စီအတွင်းမှာ သဘောထားကွဲလွဲမှု့တွေလည်း ရှိနေခဲ့ပါပြီ။

ကချင် ၊ ကရင် ၊ ကယား ၊ ချင်း နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ တိုက်ပွဲတွေစိပ်နေပါတယ်။ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း မနည်းလှပါဘူး။ တစ်ဘူပေါ် နှစ်ဘူဆင့်သလို အာဏာရှင်ရဲ့ မြေးဖြစ်သူ တေဆုံးတယ်လို့ လူမှု့ကွန်ယက်မှာ ပျံ့နှံ့နေပါတယ် ။

” ဝဋ် ” ရဲ့ သဘောသဘာဝကို အာဏာရှင်မိသားစု သဘောပေါက်နိုင်တဲ့တစ်နေ့မှာ လ-က်န-က်ချ တောင်းပန်လာပါလိမ့်မယ်။ ရှေ့ဆက်တိုးမယ်ဆိုရင်တော့ အာဏာရှင်အနေနဲ့ ပြေးပေါက်မရှိတော့ပါဘူး။ မိုတီအရေးကောင်းတယ်လို့ ပြောလာကြတဲ့ မိတ်ဆွေအချို့ကို ပါးပါးလေး ရှင်းပြပါဦးမယ်။

 

အာဏာရှင်အနေနဲ့ ပြေးပေါက်မရှိတော့ဘူးဆိုတာ မိုတီဗေးရှင်း လုပ်တာမဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ – အာဏာရှင်ကို အစိုးရတစ်ရပ်အနေနဲ့ ကမ္ဘာကြီးက အသိအမှတ်မပြုပါဘူး။ အာဏာရှင်ရဲ့ လုပ်ခဲ့ပြီးတဲ့ သမိုင်းနဲ့ လက်ရှိကျူးလွန်နေတဲ့ ရာဇဝတ်မှု့တွေဟာ ဘယ်လိုမှ ရှောင်ပြေးလို့မလွတ်ပါဘူး။

တော်လှန်ရေးအစမှာ ကုလနဲ့ နိုင်ငံတကာ စစ်ရေးအကူအညီကို မျှော်လင့်ခဲ့ပေမယ့် တရုတ်နဲ့ရုရှားရဲ့ အခြေအနေကြောင့် ထင်သလို ဖြစ်မလာပါဘူး။ သို့ပေမယ့် သံတမန် နည်းလမ်း အရတော့ ကူညီပေးနေပါတယ်။

တော်လှန်ရေးအချိန်ကာလ တစ်နှစ်နီးပါးမှာတော့ နိုင်ငံတကာ စစ်ရေးအကူအညီကို မျှော်လင့်စရာမလိုလောက်အောင်ကို ပြည်တွင်းတော်လှန်ရေးက အာဏာရှင်ရဲ့ တရားဝင်မှု့ ကြိုးပမ်းချက်တွေကို ခြိမ်းချောက်လာပါပြီ။

အာဏာရှင်ရဲ့ တပ်ဖွဲ့ဝင်တွေဟာ စိတ်ဓာတ်ရေးရာမှာ ကျဆင်းနေပါပြီ။ အင်အားချင်းယှဉ်မယ်ဆိုရင်လည်း အင်အား ၃ သိန်းနဲ့ သန်း ၄၀ ကျော် ဆိုတာ တကယ်တိုက်မယ်ဆိုရင် ဓားမတိုကိုင်ပြီး တိုက်လို့တောင်ရပါတယ်။

လ-က်န-က်ရှိထားပြီးသား စစ်တပ်ကို လ-က်န-က်မဲ့သူတွေက တစ်နှစ်အတွင်းမှာ အသာရလာတာဟာ တော်ရုံတန်ရုံ စကေလ်းမဟုတ်ပါဘူး။ မီဒီယာအပိုင်းမှာလည်း ချစ်နိုင် ( စိတ်ပညာ ) ထက်သာတဲ့ ရွက်ပုန်းသီးတွေ ပြည်သူတွေဘက်မှာ ရှိပါတယ်။

PDF လူငယ်တွေရဲ့ နည်းပညာ တီထွင်ကြံဆမှု့တွေက အချိန်တိုအတွင်းမှာ တိုးတက်လာပါတယ်။ နိုင်ငံတကာ ခုံးရုံးတင်ဖို့လည်း ကမ္ဘာကြီးက ပြင်ဆင်နေပါတယ်။ ဆိုတော့ ……..၊ အာဏာရှင်ဟာ ပြေးဖို့ လွတ်လမ်းမရှိတော့ဘူးဆိုတာ မိုတီပေးတာ မဟုတ်ပါဘူး။

တိုင်းရင်းသားပြည်သူတွေ တောထဲ တောင်ထဲ အတိဒုက္ခရောက်စွာနဲ့ ထွက်ပြေးရသလို ၊ အာဏာရှင်ရဲ့ အလှည့် ရောက်လာတော့မယ်ဆိုတာ ဒီနေ့ပြသလိုက်တဲ့ ” ဝဋ် ” ဆိုတဲ့ စကားလုံးလေးတစ်လုံးက အာဏာရှင်ကို ကောင်းကောင်းကြီး အသိပေးလိုက်ပါပြီ ။ကိုယ်တိုင်သုံးသပ်ကြည့်ကြပါ ။ဘကြီးအောင် LA