ဗိုလ်ချုပ်မှူးကြီး သည် ဇာတာတော်ခွင်အရ ဥပစ္ဆေဒကကံဖြင့် မ ‌သေ-နိုင်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

“ဒီရက်ပိုင်းပြည်သူတွေ သိပ်ကို စိုးရိမ်နေကြတဲ့ ကိစ္စလေး ပြောချင်ပါတယ်။ သူတို့ သိပ်ချစ်တဲ့ ဗိုလ်ချုပ်မှူးကြီးကို မလိုတမာသူတွေက ICC တို့ ICJ တို့ပို့မယ်၊ ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့သွားပုပ်လေလွင့် ပြောနေကြလို့ စိတ်အရမ်းပူ တယ်တဲ့၊ကျွန်တော် တခါတည်း ပြောလိုက်မယ်။

IC နဲ့ပတ်သက်ရင် လေးဖြူတို့ ချစ်စမ်းမောင်တို့ ဆိုကြတီးကြတဲ့ Iron cross IC တီးဝိုင်း ကိုတောင်ဗိုလ်ချုပ်မှူးကြီးသွားဖို့ အစီ‌အစဉ် မရှိပါဘူး။ နားညီးလို့ပါ။ ဗိုလ်ချုပ်မှူးကြီးဟာ ဘာသာသာသနာကို ပဲ ထွန်းတောက် ဖို့ စိတ် ဝင်စား ပါတယ်၊

တိုင်းပြည်‌အေးချမ်းသာယာဖို့ပဲ သူဆုတောင်းနေ ပါတယ်၊သူလုပ်ဆောင်နေပါတယ်။ သူကြိုးစား အားထုတ် နေပါတယ်။ သူ့တိုင်း သူပြည်သားတွေ ဉာဏ်ပညာကြီးမားပြီး လူတိုင်းချမ်းသာ ကြွယ်ဝနိုင်အောင် သူစီမံဆောင်ရွက်နေပါတယ်။

သူ့ရဲ့ဇာတာတော်ခွင် ကိုလည်း ဗေဒင်ဆရာတွေ ပုဏ္ဏားပုရော ဟိတ်တွေ ဟူးရားပဏ္ဍိတ်တွေ‌နဲ့ စစ်ဆေးပြီးပါပြီ။ သူဟာ ဥပစ္ဆေဒကကံနဲ့ သ-ဖေို့မရှိပါဘူး။ သက်တော်(၁၂၀)ကျော် အထိ ရှည်မယ်လို့ဇာတာတော်မှာပါ ပါတယ်။

 

ပြည်သူ့ အကျိုးကို နောင်နှစ်ပေါင်းနှစ် ဆယ်ထိ ထမ်းဆောင် သွားနိုင်မယ့် သာသနာပြု မင်းကောင်းမင်းမြတ် တပါးလို့ ဆိုပါတယ်။ ဒါ့ကြောင့် ပြည်သူတွေ မစိုးရိမ်ပါနဲ့လို့ပြောပါရစေ၊ သူ့လက္ခဏာတော် ကိုလည်း စစ်ဆေးပြီးပါပြီ။

အာယုဒီဃ အသက် လမ်းကြောင်းဟာ အရှည်ကြီးပါ။ သူဟာ ပြည်သူ့အတွက် တာဝန်တွေ ကျေအောင် နောင်အနှစ် ၂ ဝလောက်အထိ ပေးဆပ် ထမ်းဆောင် ပေးနေ အုံးမှာပါ။ သူဟာ ပြည်သူတွေ အမှန်တကယ် အားကိုး ထိုက်တဲ့ အနာဂါမ် ပုဂ္ဂိလ်ထူး ပုဂ္ဂိုလ်မြတ် အရိယာသူတော်စင်တစ်ဦးပါပဲ ”

Zawgyi

“ဒီရက္ပိုင္းျပည္သူေတြ သိပ္ကို စိုးရိမ္ေနၾကတဲ့ ကိစၥေလး ေျပာခ်င္ပါတယ္။ သူတို႔ သိပ္ခ်စ္တဲ့ ဗိုလ္ခ်ဳပ္မႉးႀကီးကို မလိုတမာသူေတြက ICC တို႔ ICJ တို႔ပို႔မယ္၊ ဘာျဖစ္မယ္ ညာျဖစ္မယ္နဲ႔သြားပုပ္ေလလြင့္ ေျပာေနၾကလို႔ စိတ္အရမ္းပူ တယ္တဲ့၊ကြၽန္ေတာ္ တခါတည္း ေျပာလိုက္မယ္။

IC နဲ႔ပတ္သက္ရင္ ေလးျဖဴတို႔ ခ်စ္စမ္းေမာင္တို႔ ဆိုၾကတီးၾကတဲ့ Iron cross IC တီးဝိုင္း ကိုေတာင္ဗိုလ္ခ်ဳပ္မႉးႀကီးသြားဖို႔ အစီ‌အစဥ္ မရွိပါဘူး။ နားညီးလို႔ပါ။ ဗိုလ္ခ်ဳပ္မႉးႀကီးဟာ ဘာသာသာသနာကို ပဲ ထြန္းေတာက္ ဖို႔ စိတ္ ဝင္စား ပါတယ္၊

တိုင္းျပည္‌ေအးခ်မ္းသာယာဖို႔ပဲ သူဆုေတာင္းေန ပါတယ္၊သူလုပ္ေဆာင္ေနပါတယ္။ သူႀကိဳးစား အားထုတ္ ေနပါတယ္။ သူ႔တိုင္း သူျပည္သားေတြ ဉာဏ္ပညာႀကီးမားၿပီး လူတိုင္းခ်မ္းသာ ႂကြယ္ဝႏိုင္ေအာင္ သူစီမံေဆာင္႐ြက္ေနပါတယ္။

သူ႔ရဲ႕ဇာတာေတာ္ခြင္ ကိုလည္း ေဗဒင္ဆရာေတြ ပုဏၰားပုေရာ ဟိတ္ေတြ ဟူးရားပ႑ိတ္ေတြ‌နဲ႔ စစ္ေဆးၿပီးပါၿပီ။ သူဟာ ဥပေစၦဒကကံနဲ႔ သ-ေဖို႔မရွိပါဘူး။ သက္ေတာ္(၁၂၀)ေက်ာ္ အထိ ရွည္မယ္လို႔ဇာတာေတာ္မွာပါ ပါတယ္။

ျပည္သူ႔ အက်ိဳးကို ေနာင္ႏွစ္ေပါင္းႏွစ္ ဆယ္ထိ ထမ္းေဆာင္ သြားႏိုင္မယ့္ သာသနာျပဳ မင္းေကာင္းမင္းျမတ္ တပါးလို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ ျပည္သူေတြ မစိုးရိမ္ပါနဲ႔လို႔ေျပာပါရေစ၊ သူ႔လကၡဏာေတာ္ ကိုလည္း စစ္ေဆးၿပီးပါၿပီ။

အာယုဒီဃ အသက္ လမ္းေၾကာင္းဟာ အရွည္ႀကီးပါ။ သူဟာ ျပည္သူ႔အတြက္ တာဝန္ေတြ ေက်ေအာင္ ေနာင္အႏွစ္ ၂ ဝေလာက္အထိ ေပးဆပ္ ထမ္းေဆာင္ ေပးေန အုံးမွာပါ။ သူဟာ ျပည္သူေတြ အမွန္တကယ္ အားကိုး ထိုက္တဲ့ အနာဂါမ္ ပုဂၢိလ္ထူး ပုဂၢိဳလ္ျမတ္ အရိယာသူေတာ္စင္တစ္ဦးပါပဲ ”