စစ်အာဏာသိမ်းမှုကြောင့် ပြည်သူ၏တုံ့ပြန်မှု ပြင်းထန်လိမ့်မည်ဟု မထင်ခဲ့ကြောင်း ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်ဝန်ခံ

စစ်အာဏာသိမ်းမှုကြောင့် ပြည်သူ၏တုံ့ပြန်မှု ပြင်းထန်လိမ့်မည်ဟု မထင်ခဲ့ကြောင်း ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်ဝန်ခံ

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က စစ်အာဏာသိမ်းမှုကြောင့် ပြည်သူများ၏ တုံပြန်မှု ပြင်းထန်လိမ့်မည့်ဟု ၊

မထင်ခဲ့ကြောင်းတရုတ် Phoenix သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုလိုက်သည်။Phoenix က နိုင်ငံရေးဖြစ်စဉ်အပြီးမှာ ပြည်သူတွေရဲ့တုံ့ပြန်မှုတွေက နည်းနည်းလေး ပြင်းထန်လာတာမျိုးတွေ တွေ့ရပါတယ်။

အဲဒီအတွက်ရော မှန်းဆခဲ့တာမျိုး ကြိုတင်ပြီးတော့ မျှော်မှန်းခဲ့တဲ့ အခြေအနေမျိုးရော ရှိခဲ့ပါသလား ဟု မေးမြန်းရာတွင် မင်းအောင်လှိုင် ၎င်း မမျှော်မှန်းခဲ့ကြောင်း ဝန်ခံလိုက်ခြင်းဖြစ်သည်။

“ပြောရရင် အဲဒီလောက်အထိတော့ များလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ခံစားချက်တော့ ရှိပါလိမ့်မယ်” ဟု မင်းအောင်လှိုင်က ဆိုသည်။

မင်းအောင်လှိုင် အဆိုပါဖြစ်စဉ်တွင် ၁၉၅၆ ခုနှစ် အစိုးရစစ် ၇ တန်းစာမေးပွဲ မေးခွန်းပေါက်ကြားမှုကြောင့် ဖျက်သိမ်းမှုကြောင့်ရိုးရိုးသားသား၊ဖြေဆိုသူရော မရိုးမသားဖြေဆိုသူပါ ထိခိုက်၍ အစိုးရကို ဆန္ဒပြသည့်ဖြစ်စဉ်နှင့် ခိုင်းနှိုင်းလိုက်ပြီး ထို့ကြောင့် အင်အားကြီးမားနေခြင်း ဖြစ်သည်ဟု ဝန်ခံပြောဆိုသည်။

NUG အမျိုးသားညီညွတ်ရေးအစိုးရကို မတရားအသင်း အကြမ်းဖက် အဖွဲ့ဟု ကြေညာထားပြီးဖြစ်ကြောင်း၊လေထဲတွင်သာ ရှိကြောင်း၊

ပြည်တွင်းစစ်ဖြစ်ရန်လည်း အလားအလာ မရှိကြောင်း တရုတ်သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတွင် ဖြေဆိုထားသည်။

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

CRD-Original Post