မီးအိမ်ရှင်ဆရာဝန်မလေး A Nyein ပြောပြတဲ့ မြန်မာပြည်ထဲက မတူညီတဲ့ ကမ္ဘာနှစ်ခု အကြောင်း

ကမ္ဘာနှခုရှိတယ်လို့ ကျွန်တော်သုံးနူန်းလို့ရမလား
တကယ်လည်း ကမ္ဘာနှခုပါ
ခင်ဗျားတို့နေတဲ့ကမ္ဘာနဲ့ ကျွန်တော်ရောက်နေတဲ့ကမ္ဘာ
ခင်ဗျားတို့ ကမ္ဘာမှာလည်းကျွန်တော်နေခဲ့ဖူးတယ်

Aircon နဲ့ လျှပ်စစ်မီးထိန်ထိန်ညီး
Internet လိုင်းကောင်း
ပိုက်ဆံရှိရင် ဘာမဆိုဖြစ်တဲ့ကမ္ဘာ
အသားလွှာလေးတပွဲကို ၃-၄ သောင်းပေးရပြီး
အဝစားရင် သိန်းချီကုန်တဲ့ ဆိုင်တွေကိုကျွန်တော်သိပ်သဘောကျခဲ့ဖူးတယ်
Luxury ဆန်တယ်မှတ်လား
ပိုက်ဆံကိုအရူးအမူးရှာခဲ့ဖူးတယ်
တရက်ဝင်ငွေ သိန်း ၃၀ လောက်ထိရှာနိုင်ခဲ့ဖူးတယ်
မိန်းမတယောက်အနေနဲ့
စျေးကြီးတဲ့ skincare တွေ
မျက်နှာသစ်ဆေးတောင် အနည်းဆုံး ၅ ဘူးလောက်ထားဖူးတယ်
ဆံပင်တခါပြင်ရင် ၄-၅ သိန်းသုံးခဲ့ဖူးတယ်

အိမ်မှာနေရင်းထမင်းစားချင်ရင် ထမင်းစားခန်းထဲတောင်ဆင်းစရာမလိုဘဲ
Phဆက်လိုက်တာနဲ့ အခန်းထဲထိ လာပို့တဲ့ အခြွေအရံတွေလည်းရှိပါတယ်

အခုကျွန်တော်ရောက်နေတဲ့ ကမ္ဘာလား
Solar မီးအလင်းရောင်မှိန်မှိန်လေးနဲ့
Phအားသွင်းဖို့ မီးစက်နိူးရသတဲ့
အသားလွှာတွေမပြောနဲ့
ကြက်ဥတောင် ကျွန်တော်မမြင်ရတာ ၂ပတ်ကျော်ပါပြီ
အရွက်ကြော်နဲ့ ပဲဟင်းဆိုတာ အကောင်းဆုံးအစားအစာပါ
ဧည့်သည်လာရင်တော့ ယံယံခေါက်ဆွဲထုပ်ကို အရွက်နဲ့ ရေနွေးများများနဲ့ ပြုတ်ထားတာက အကောင်းဆုံးဟင်းရည်ပါပဲ

Aircon တော့မလိုပါဘူး ဒီဘက်မှာက
တချို့နေရာတွေ ရေခဲသေတ္တာထဲရောက်နေသလိုကိုအေးပါတယ်
စောင်တွေမရှိတာကလွဲရင်ပေါ့
ကျွန်တော်ကတော့ သူငယ်ချင်းတွေ ငအိမ့်တို့ နိုးတို့ ထည့်ပေးလိုက်တဲ့sleeping bag တွေနဲ့လုံခြံုပါတယ်
တခြားကမ္ဘာမှာ surprise gift post တွေ
တင်နေတဲ့အချိန် ဒီဘက်ကမ္ဘာမှာ surprise gift ဆိုတာ ရိက္ခာပါပဲလို့ပြောရင် ယုံမလား
ရိက္ခာရောက်လာပြီဟေ့ဆိုပျော်ရသလို
လာယူကြတဲ့ရွာတွေများလွန်းလို့ ကျွန်တော်တို့ပေးစရာမရှိတော့ဘူး နောက်ထပ်ရောက်ရင် ကျွန်တော်phဆက်ပါမယ်လို့ပြောရရင် အားနာရတာအခါခါ
စစ်ဘေးရှောင်တွေဆီရိက္ခာတွေပို့ကြပါရဲ့
မြေပြန့်ဒေသဆီရောက်သွားတဲ့စစ်ဘေးရှောင်တွေဆီရောက်တာများပြီး
တောင်တန်းတွေပေါ်ကနေ ဆင်းမလာနိုင်တဲ့သူတွေအတွက်တော့ရှားပါးပါတယ်
ရှားပါးဆို ပိတ်ပင်ထားတာကိုး
ဆန်အိတ်၁၀ အိတ်လောက်သယ်လာရင် အဲ့ဒါက လက်နက်မူအဖြစ်လည်းခေါင်းစဉ်ပြောင်းသွားနိုင်ပါတယ်
ပိုက်ဆံရှိရင်တောင်
ကလေးတွေကိုမုန့်ကျွေးချင်လို့မရဘူး
ရွာအများစုမှာ
ရောင်းတဲ့ဆိုင်မှ မရှိတာ
ဒီရောက်မှခင်ရတဲ့ကျွန်တော့်သူငယ်ချင်းတယောက်ကပြောဖူးတယ်
သူမုန့်သွားဝယ်တာ
ဆိုင်ရှင်က အဲ့ပိုက်ဆံကိုသာဝါးစားလိုက်တော့လိူ့ပြောတယ်တဲ့
ရင်နာနာနဲ့ရယ်ရတဲ့ဟာသလား
ဟိုဘက်ကမ္ဘာမှာ
အသားဖြူတာglow တာကိုမှကြိုက်တဲ့ကျွန်တော်
ဒီဘက်ကမ္ဘာမှာတော့ ခြေထောက်မှာရော လက်မှာပါ အကောင်ကိုက်တဲ့အနာတွေ အမာရွတ်တွေနဲ့
Skincare မပြောနဲ့
မျက်နှာတောင်ပုံမှန်မသစ်ဖြစ်တော့ဘူး
ဟိုဘက်ကမ္ဘာမှာ
တပတ်၂ခါ အနည်းဆုံးပေါင်းတင်တဲ့ဆံပင်
ဒီဘက်ကမ္ဘာမှာ
ခေါင်းလိမ်းဆီဝယ်မရလို့ ပွယောင်းနေသတဲ့

ဟိုဘက်ကမ္ဘာမှာ ဘီယာဆိုင်တွေလူစည်နေတဲ့အချိန်
ဒီဘက်ကမ္ဘာမှာ ဆရာမကိုတိုက်ချင်လို့
အသက်စွန့်ပြီး သွားယူလာတဲ့ခေါင်ရည်တဲ့
ဟိုဘက်ကမ္ဘာမှာလေးပေလောက်ရှည်တဲ့တ်ိုရှည် တွေ
စားကောင်းသောက်ဖွယ်တွေနဲ့
ဒီဘက်ကမ္ဘာက ကျွန်တော်ကတော့ အခုချိန်ကြက်ဥပြုတ်နဲ့ ကန်စွန်းရွက်ကြော်စားချင်ပါတယ်လို့ပြောရင် အဲ့ဒါကဟာသဖြစ်နေမလား
ဒါပေမဲ့ ဟိုဘက်ကမ္ဘာတုန်းက ဆရာဝန်မဖြစ်ခဲ့သင့်ဘူးဆိုတဲ့ ကျွန်တော်က
ဒီဘက်ကမ္ဘာမှာ suction စက်မရှိလို့
အရေးပေါ်လူနာကို
ကလေးမွေးတဲ့Vacuum စက်နဲ့ ဖြစ်အောင် suction စုတ်တတ်တဲ့ဆရာဝန်ဖြစ်နေပြီ
တယောက်တည်းဦးဆောင်ပြီးလုပ်ရမယ်လို့မထင်ထားခဲ့ဖူးတဲ့ အရာတွေလုပ်နေရတဲ့ဆရာဝန်
ဟိုနေ့ကလူနာ ဆရာမကယ်လိုက်လို့ အသက်ရှင်တာ
တကယ် ကျေးဇူးတင်တယ် ဆိုတဲ့ အသံတွေ
ဟိုဘက်ကမ္ဘာကို လွမ်းပါတယ်
ဒါပေမဲ့ကျွန်တော်က ဒီဘက်ကမ္ဘာမှာပိုပျော်ပါတယ်
ဟိုရွာကို လက်နက်ကြီးတွေနဲ့ပစ်လို့
ဒီဘက်ရွာကိုပြေး
ဒီဘက်ရွာကို ဝင်စီးလို့ ဟိုဘက်ရွာကိုပြန်ပြေး
ဟိုဘက်ရွာရော ဒီဘက်ရွာရော ပစ်ကြလို့
အလယ်ရွာကိုပြေး
ကျွန်တော်က ဒီဘက်ကမ္ဘာသားတွေနဲ့
တိမ်တွေပေါ်မှာ ချင်းတောင်တန်းတွေပေါ်မှာ ပြေးနေပါဦးမယ်

Source: A Nyein’s Facebook