စစ်ကောင်စီက ဗီဒီယိုအတုလုပ်ပြီးနာမည်ဖျက်ခဲ့သည့်Video အားဒေါက်တာဇော်ဝေစိုးပြန်လည်ဖြေရှင်း

{"uid":"168D9ABC-E037-4F23-B30D-96AD2A4DED60_1623234716212","source":"other","origin":"gallery"}

စစ်ကောင်စီဝါဒဖြန့်ချိရေးယန္တရားဖြစ်တဲ့ မြဝတီရုပ်သံက ဇွန်လ ၈ ရက်နေ့က ထုတ်လွှင့်တာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျန်းမာရေး နဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ ပြည်သူကိုခြိမ်း ခြောက်တယ်ဆိုပြီး အွန်လိုင်းပေါ်ပျံ့နေတဲ့ဗီဒီယိုဆိုကာ ထုတ်လွှင့်ပြခဲ့ပါတယ်။

ဒီဗီဒီယိုဖိုင်ကို ဇွန် ၇ရက်နေ့ထဲက Youtubeမှာ ရွှေရည်ဆိုတဲ့အကောင့်ပိုင်ရှင်က အစောဆုံးဖြန့်ဝေခဲ့တာဖြစ်ပေမယ့်မြန်မာ့အသံနဲ့ မြဝတီရုပ်မြင်သံကြားတို့ရဲ့ ည ၈နာရီ သတင်းအစီအစဉ်မှာထဲ့ပြခဲ့ပါတယ်။

အဲ့ဒီဗီဒီယိုဖိုင်ထဲမှာတော့ “အိတ်သေးသေးလေးထဲဘာတွေပါလဲဆိုတာ တခါတလေ ကျတော့ ဖွင့်ကြည့်လိုက်တာနဲ့ကိစ္စကုန်သွားမယ်ဟာတွေ ထည့်ထားတယ်၊ စားစရာတွေရလို့ သွားမစားနဲ့ အ ဆိပ်ပါတဲ့အစားအစာတွေ ကျနော်တို့စီစဉ်ထားတယ်။

ဆရာဝန်တစ်ဦးဖြစ်လို့ လူမသတ်ချင်ပေမယ့်လည်း တွန်းပို့သူတွေရှိလို့လုပ်နေရတာပါ“လို့ ဒေါက်တာဇော်ဝေစိုးက ပြောဆိုထားဟန်တွေပါရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဒေါက်တာဇော်ဝေစိုးကို ဆက်သွယ်မေးမြန်းရာမှာတော့ ချင်းပြည်နယ် မင်းတပ်မှာ စစ်ကောင်စီတပ်တွေက်ခိုက်လို့ စစ်ပြေးရှောင် ဒုက္ခသည်တွေအတွက် အစာနဲ့ဆေး ကူညီဖို့  Zoom meetingမှာ ဒေါက်တာဇော်ဝေစိုးပြောထားတဲ့စကားတွေကို ဖြတ်ညှပ်ကပ်လုပ်ကာ နာမည်ဖျက်တာလို့ ပြောပါတယ်။