ပြည်မြို့က နာမည်ကြီးဒလံ ဝကြီး ဖောင်းဒိုင်းလုပ်ခံရပြီး ငရဲပြည် အမြဲတမ်းနေထိုင်ခွင့် ရသွား

အကြမ်းဖက်စစ်ကောင်စီ ထောက်ခံသူ၊ ကြံ့ခိုင်ရေးအမာခံ သတင်းပေး ဒလံ လို့ ပြည်မြို့မှာ နာမည်ကြီးနေတဲ့ ဝကြီးဆိုသူဟာ ဒီနေ့ညမှာပဲ လေသေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ဝကြီးဟာ ဒီနေ့ည (၈) နာရီလောက်မှာ မြို့သစ်ရွှေတံခါးစျေးနားမှာ ပစ်သတ်ခံလိုက်ရတာဖြစ်ပြီး၊ စစ်ကောင်စီက လာသယ်သွားပြီး ကုတင် ၅၀၀ ဆေးရုံအရောက်မှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒလံဝကြီး သေဆုံးမှုနဲ့ပါတ်သက်ပြီး လိုက်လံဖမ်းဆီတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ဒလန်ဝကြီးကိစ္စနဲ့ပက်သက်ပြီး
အဖမ်းခံရသူတွေရှိပါတယ်။
ခံဝန်ထိုးထားတဲ့စာရွက်ကိုကြည့်ပြီး
ရှာဖမ်းနေတယ်လို့သိရ။
ဝကြီးကဒလန်လုပ်တိုင်ထားတဲ့
သူတွေထဲကတယောက်ရဲ့ ဇနီးကို
အမျိုးသားဖြစ်သူကို ရှာမတွေ့လို့
ရွှေတံခါးမှာပဲ အကြမ်းဖက်စကစက
လာဖမ်းသွားပါတယ်။
အဖမ်းခံရသူမှာ ကလေး၂ယောက်လဲကျန်ခဲ့ပါတယ်။
အပြည့်အစုံကိုတော့ဆက်လက်အတည်ပြုပေးပါ့မယ်။
June9(9:43pm) “ လို့ ပြည်မြို့မြေပြင်သတင်းများ FB page မှာ ရေးသားထားတာ တွေ့ရပါတယ်။