KIA က ​ရွှေကူရဲစခန်းနှင့် သင်္ဘောဆိပ်ကို ဝင်​ရောက် တိုက်ခိုက်​နေ

KIA က ​ရွှေကူရဲစခန်းနှင့် သင်္ဘောဆိပ်ကို ဝင်​ရောက် တိုက်ခိုက်​နေ

ရန်ကုန်၊ ဇွန် ၉
ကချင်ပြည်နယ်၊ရွှေကူမြို့နယ်တွင် ဇွန်လ ၉ ရက်​နေ့ ည ၁၀ နာရီဝန်းကျင် ​ရွှေကူရဲစခန်းကို ဝင်​ရောက်တိုက်ခိုက်​နေ​ကြောင်း ​ဒေသခံများထံမှ သိရှိရသည်။
“ရဲစခန်း​ရော၊ ​လှေဆိပ်ဘက်​ရော ပစ်ခတ်သံ​တွေဆူညံ​နေတယ်။ လက်နက်ကြီးသံ​တွေ​ရော။ အပြန်အလှန်ပစ်​နေကြတယ်၊ အခုထိပဲ”ဟု ​ရွှေကူ ​ဒေသခံတစ်ဦးက ဆိုသည်။
ရွှေကူမြို့ဆိပ်ကမ်းတွင် တပ်မ ၉၉ တင်​ဆောင်လာ​သော ​သင်္ဘော ဆိုက်ကပ်ထားပြီး ယင်းသင်္ဘောကိုပါ KIA ပစ်ခတ်​နေသည်ဟု ​ဒေသသတင်းရင်းမြစ် ဗန်း​မော်ပလက်​ဖောင်းက ဆိုသည်။

Credit: Khit Thit Media