ကိုရီယား ရုပ်သံလိုင်းတခုမှာ မင်းတပ်နဲ့ တိုင်းပြည်အခြေအနေတွေကိုပြောပြရင်း သူမစိတ်နှလုံး နာကျင်ခံစားရတယ်လို့ ဆိုလာတဲ့ဟန်နာယူရီ

ကိုရီယား ရုပ်သံလိုင်းတခုမှာ မင်းတပ်နဲ့ တိုင်းပြည်အခြေအနေတွေကိုပြောပြရင်း သူမစိတ်နှလုံး နာကျင်ခံစားရတယ်လို့ ဆိုလာတဲ့ဟန်နာယူရီ

လက်ရှိ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ Makeup Artist နဲ့ Freelance Model ဟန်နာယူရီက ကိုရီးယား Channel တခုနဲ့ မြန်မာနိုင်ငံအကြောင်း အင်တာဗျူး

ဖြေစဉ်မှာ မင်းတပ်နဲ့ လက်ရှိ အခြေအနေတွေအကြောင်းဖြေကြားထားပြီး၊ စိတ်နှလုံး နာကျင်ရတယ်လို့ ဆိုပါတယ်။

ဒါက ဒုတိယပိုင်း မင်းတပ်နဲ့ လက်ရှိ အခြေအနေအကြောင်း ပြောထားတာပါ ကျမက ကျမတို့တွေ ရင်ဆိုင်နေရတာတွေကို ပြန်ပြောရတဲ့အခါ နှလုံး နာကျင်ပါတယ်။

မြန်မာလိုတောင် ပြောဖို့ ခက်ခဲတာ ကျမက တိုင်းရင်းသူမို့စကားဝဲတာတွေ Live တွေမှာ တွေ့မှာပါ မိခင်ဘာသာစကား မဟုတ်တဲ့ English စကားက ပိုဖိအား

များပါတယ်လို့ ဟန်နာယူရီက ပြောပါတယ်။

အင်တာဗျူးမှာ ဖြေဆိုမယ့် အချက်အလက်တွေ ဘာမှ မကျန်ခဲ့အောင် တရက် ကြိုတင် ပြင်ဆင်ခဲ့တယ်လို့လည်းဟန်နာယူရီက ဆိုပါတယ်စိတ်လှုပ်ရှားတာကော၊

အားငယ် ဝမ်းနည်းတာကောပဲ။ ဒါကြောင့် ဘာမှ ကျန်ခဲ့တာ မရှိအောင် ရိုက်ကူးရေး မစခင်တရက်ကတည်းက Production PD ကို ကြိုပြီး ကျမ ဖြေဆိုမယ့်

အချက်အလက်တွေကို ပို့ပေးထားခဲ့ပါတယ်။

ကျမချစ်ရတဲ့နိုင်ငံ၊ ကျမ မြတ်နိုးရတဲ့ မြန်မာပြည်သူတွေအတွက် ဘယ်အချိန်မဆို အမြဲရပ်တည်နေမှာပါလို့ ဟန်နာယူရီက ပြောပါတယ်။
အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း‌ပေးလိုက်ပါတယ်နော်။

Crd-Original Post

(ZAWGYI)







Crd-Original Post