အသက်ပေးသွားခဲ့ရတဲ့ မိုးဗြဲPDFလူငယ်တစ်ဦးရဲ့နောက်ဆုံးခရီးကို ဝမ်းနည်းကြေကွဲခြင်းတွေများစွာနဲ့လိုက်လံပို့ဆောင်ပေးခဲ့ကြတဲ့ ပြည်သူများ

အသက်ပေးသွားခဲ့ရတဲ့ မိုးဗြဲPDFလူငယ်တစ်ဦးရဲ့နောက်ဆုံးခရီးကို ဝမ်းနည်းကြေကွဲခြင်းတွေများစွာနဲ့လိုက်လံပို့ဆောင်ပေးခဲ့ကြတဲ့ ပြည်သူများ

အာဏာသိမ်းမှုတွေစတင်ဖြစ်ပွားအပြီး တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ဒေသခံတပ်တွေအကြား တိုက်ပွဲတွေအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ မြန်မာလူငယ်တွေကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲဝင်ရောက်ပြီး အာဏာရှင်ကို စည်းစည်းလုံးလုံးနဲ့တွန်းလှန်နေကြပါတယ်။

ရှမ်းနှင့် ကယားနယ်စပ် မိုးဗြဲတွင် ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြားတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပြီး

နှစ်ဖက်ကျဆုံးမှုတွေလည်းရှိခဲ့ပါတယ်။


အဆိုပါတိုက်ပွဲမှာ မိုးဗြဲပြည်သူကာကွယ်ရေးတပ်ဖွဲ့(PDF)လူငယ်တစ်ဦးကျဆုံးသွားခဲ့လို့ ပြည်သူတွေကစိတ်မကောင်းဖြစ်နေကြပါတယ်။

မိုးဗြဲဒေသက ပြည်သူတွေများစွာကတော့ အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းကိုညွှန့်စိန်ရဲ့နောက်ဆုံးခရီးကို ဝမ်းနည်းကြေကွဲခြင်းတွေများစွာနဲ့

လိုက်လံပို့ဆောင်ပေးခဲ့ကြပါတယ်။

တိုင်းပြည်ဒုက္ခရောက်နေတဲ့အခုလိုအချိန်မှာ ကိုညွှန့်စိန်လို သူရဲကောင်းစိတ်ဓာတ်အပြည့်ရှိတဲ့ပြည်သူတစ်ဦးကျဆုံးခဲ့တာဟာ တိုင်းပြည်အတွက် များစွာဆုံးရှုံးနစ်နာစေခဲ့ပါတယ်။

ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရင်း ကျဆုံးသွားတဲ့ သူရဲကောင်းကိုညွှန့်စိန်အတွက် ပြည်သူတွေက စိတ်မကောင်းဖြစ်ဝမ်းနည်းနေကြပါတယ်။

ပြည်သူတစ်ယောက်ကတော့ ” အသက်ပေးသွားတဲ့ သူရဲကောင်း Mg Viceisioရဲ့နောက်ဆုံးခရီး.ကောင်းရာသုကတိရောက်ပါစေ သူငယ်ချင်းအရေးတော်ပုံအောင်ရမယ် ” ဆိုပြီး

လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးသွားခဲ့ရတဲ့ ကိုညွှန့်စိန်တစ်ယောက် ကောင်းရာဘုံဘဝသို့ရောက်ရှိပါစေကြောင်းဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း‌ပေးလိုက်ပါတယ်နော်။

Crd-Original Post