မိဘနှစ်ပါးလုံးကို ဆုံးရှုံးလိုက်ရပေမဲ့ ဘဝကို အရှုံးမပေးပဲ ကြိုးစားရပ်တည်နေတဲ့ ကလေး

မိဘနှစ်ပါးလုံးကို ဆုံးရှုံးလိုက်ရပေမဲ့ ဘဝကို အရှုံးမပေးပဲ ကြိုးစားရပ်တည်နေတဲ့ ကလေး

လောကကြီးမှာ မွေးကတည်းကနေ မိဘနှစ်ပါးနှင့် အတူမနေရပဲစွန့်ပစ်ခံဘဝရောက်ရသူများနှင့်အရွယ်ပင် မရောက်သေးပဲအကြောင်းအမျိုးမျိုးကြောင့်

မိဘများကိုဆုံး ရှုံးလိုက်ရပြီးတော့ မိဘမဲ့တစ်ကောင်ကြွက်ဘဝနှင့်အများကြားမျက်နှာငယ်ပြီးတော့ ရှင်သန်နေရသော သူတွေ ရှိပါတယ်နော်။

အခုလည်း ဗီယက်နမ်နိုင်ငံမှ အသက်၁၂နှစ်အရွယ်ကောင်လေးဟာ ငယ်စဉ်ကနေ မိခင်ဖြစ်သူမှာဖခင်နှင့်ရန်ဖြစ်စကားများပြီးတော့ အစ်မဖြစ်သူနှင့်အတူထွက်သွားပြီးတော့

ကောင်လေးဟာ ဖခင်နှင့်သာ အဖော်ပြုရင်းနေခဲ့ရရှာတာပါ။ ထိုသို့သားအဖနှစ်ယောက်ဟာ အဆင်ပြေတလှည့်ပြေတလှည့်နှင့်နေထိုင်ခဲ့ရာ

ကံဆိုးမိုးမှောင်ကျပြီးတော့ ဖခင်ဖြစ်သူမှာရေနစ်၍ဆုံးပါးသွားပြီးတော့ ကောင်လေးဟာခိုကိုးရာမဲ့တစ်ကောင်ကြွက်ဘဝနှင့်ကျွေးမွေးစောင့်ရှောက်မည့်သူမရှိဖြစ်နေခဲ့ရတာပါ။

ထို့နောက်မှာ ကောင်လေးဟာ ဘဝကိုအရှုံးမပေးပဲအသ က်ရှင်ဖို့နည်းလမ်းရှာရင် းဝမ်းကွဲအစ်ကိုအလုပ်လုပ်သောဆိုင်ကယ်ပြင်ဆိုင်သို့ လိုက်သွားကာ

ဆိုင်ကယ် ပြင်ဆရာအဖြစ် ရပ်တည်ခဲတာပါ။ ကောင်လေးဟာ သူဧဘဝတစ်လျှောက်လုံးကံမကောင်းခဲ့သော်လည်းထူးခြားသည်မှာကောင်လေးသည်တစ်ဖက်သားအပေါ်

နွေးထွေးကြင်နာစွာဆက်ဆံတတ် ၍ဆိုင်သို့လာသောဧည့်သည်များမှာ ကောင်လေးအား သဘော ကျပါတယ်နော်။

သနားစရာ ကောင်လေးဧ အဖြစ်အပျက်သည် လူမှုကွန်ယက်တွင်ပျံ့နှံံ့သွားကာအများမှကောင်လေးအားချီး ကျူးကြပြီးအားပေးနှစ်သိမ့် ပေးကြတာလည်းတွေ့ရပါတယ်နော်။

အခုလိုချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ဓာတ်ပုံ – ဦးနေမျိုးအောင် Facebook