တောင်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးအဖွဲ့က မြန်မာ့ဒီမိုကရေစီအရေးအတွက် ဝမ် သိန်း ၁၀၀ လှူဒါန်း

တောင်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးအဖွဲ့က မြန်မာ့ဒီမိုကရေစီအရေးအတွက် ဝမ် သိန်း ၁၀၀ လှူဒါန်း

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီ အရေးအတွက် တောင်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးမြို့တော်များ အဖွဲ့က ဝမ် သိန်း ၁၀၀ ကို ဇွန်လ ၈ ရက် မနက် ၁၁ နာရီခန့်က ဆိုလ်းမြို့တော်ခန်းမ မှာ လှူဒါန်း ပေးအပ်ခဲ့ပါတယ် ။

အခုလို မြန်မာ့ဒီမိုကရေစီ အရေးအတွက် လှူဒါန်းရခြင်းနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ဒိုးဘုန်ခရိုင်မှူး လည်းဖြစ်ပြီး လူ့အခွင့်အရေး မြို့တော်များအဖွဲ့ ဥက္ကဌ လည်းဖြစ်တဲ့ မစ္စတာ အီဒုန်ဂျင်က ။ လွန်ခဲ့တဲ့ ၄၁ နှစ်က ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့


ရဲ့ ဒီမိုကရေစီ တော်လှန်ရေးမှာ ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုများဟာ ယနေ့ မြန်မာပြည်သူများ တွေ့ကြုံနေရတဲ့ နာကျင်မှုများနဲ့ ဆက်စပ် လျက်ရှိနေကြောင်း ။ ဒါကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ကို ရဲဝံ့စွာ တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူအပေါင်းကို

ထောက်ခံ အားပေးကြောင်း” ပြောကြားခဲ့ပါတယ် ။ မန်မာ့ ဒီမိုကရေစီ အရေးအတွက် ဝမ် သိန်း ၁၀၀ လှူဒါန်းပွဲကို တောင်ကိုးရီးယားနိုင်ငံ လူ့အခွင့်အရေး မြို့တော်များအဖွဲ့မှ မြို့တော်ဝန်များနဲ့ ခရိုင်မှူးများအပြင် မြန်မာ့ဒီမိုကရေစီ ကွန်ယက်ပူးတွဲဥက္ကဌ


တက်ရောက်ခဲ့ကြပြီး အလှူငွေကို လက်ခံခဲ့ကြပါတယ် ။ အခမ်းအနားကို တက်ရောက်လာကြတဲ့ တောင်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေး မြို့တော်များအဖွဲ့မှ မြို့တော်ဝန်များနှင့် ခရိုင်မှူးများကလည်း မြန်မာ့ဒီမိုကရေစီ အရေးအား ထောက်ခံကြောင်း

မိန့်ခွန်းများ ပြောကြားခဲ့တယ်လို့ သိရပါတယ် ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်စည်းရုံးရေးကော်မတီ(နိုင်ငံတကာ) ကိုရီးယားဌာနရဲ့ ဥက္ကဌ ဖြစ်တဲ့ ဦးရန်နိုင်ထွန်း ကတော့ အခမ်းအနားမှာ “မြန်မာနိုင်ငံသားများကိုယ်စား ကျေးဇူးတင်စ ကား
ပြောကြားခဲ့တဲ့အပြင် တောင်ကိုးရီးယားနိုင်ငံအနေနဲ့ ။ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးဝါးခါးသီးမှုကို ကြုံတွေ့ခဲ့ရပြီး အဲဒီစနစ်ကို အမြစ်ဖြုတ် တိုက်ထုတ်နိုင်ခဲ့တဲ့ သမိုင်းအတွေ့အကြုံရှိတဲ့ နိုင်ငံဖြစ်တာကြောင့် ယနေ့ မြန်မာပြည်သူများရဲ့ စစ်အာဏာရှင်စနစ်တိုက်ပွဲကို။

အားပေးထောက်ခံနေခြင်းဖြစ်ကြောင်းကို မြန်မာပြည်သူများအားလုံး ခံစားနားလည် ကျေးဇူးတင်နေကြကြောင်း၊ အခုလို မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံ ပံ့ပိုးခြင်းများအား ထာဝ ရ ကျေးဇူးတင်နေမည်

ဖြစ်ကြောင်း” ပြောခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးမြို့တော်များအဖွဲ့ဟာ လူ့အခွင့်အရေးကာကွယ်ရေးနှင့် တိုးမြှင့်ရေးအား ပူးပေါင်းဆောင်ရွက်ရန် ဒေသန္တရအစိုးရ ၂၂ ခုဖြင့် ပူးပေါင်းဖွဲ့စည်းထားတဲ့အဖွဲ့ကြီး ဖြစ်ပြီး။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကလည်း ဆိုးလ် မြန်မာသံရုံးရှေ့တွင် မြန်မာ့ဒီမိုကရေစီအရေးအား ထောက်ခံသည့် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ကာ အာဏာသိမ်းစစ်တပ်မှ

မြန်မာပြည်သူများအား။လက်နက်အားကိုး အနိုင်ကျင့်ခြင်းအား ကန့်ကွက်ရှုံ့ချပြီး ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေခြင်းများကို ချက်ချင်းရပ်တန့်ရန်လည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post