နေပြည်တော်မှာ စိုးထွဋ်သား စည်သူထွဋ် သော င်းကျ န်း ရ မ်း ကား၊ KTV နဲ့ Bar တွေမှာ ပြ ဿ နာရှာ၊ ပြ ဿ နာရှာ အဖမ်းခံနေရတဲ့ Excellent Bar ဘက်က တိုင်ကြားလို

နေပြည်တော်မှာ စိုးထွဋ်သား စည်သူထွဋ် သော င်းကျ န်း ရ မ်း ကား၊ KTV နဲ့ Bar တွေမှာ ပြ ဿ နာရှာ၊ ပြ ဿ နာရှာ အဖမ်းခံနေရတဲ့ Excellent Bar ဘက်က တိုင်ကြားလို

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် NLD အစိုးရလက် ထက်မှာ ပိတ်ထားတဲ့ ကိုဗစ်ကပ်ရောဂါဆိုင်ရာ ကန့် သ တ်ချက်တချို့ကို လျှော့ချလိုက်တဲ့နောက်မှာ နေပြည် တော်မှာ စားသောက်ဆိုင်တချို့ ပြန်ဖွင့်လာပါတယ်။ အဲဒီအထဲမှာ သပြေကုန်းရပ်ကွက်ဧရာဝတီလမ်းမကြီးပေါ်မှာ ရှိတဲ့ Excellent Bar & Restaurant …

အဖျော်ယမကာနဲ့ စားသောက်ဆိုင်လည်း ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့မှာ ပြန်ဖွင့်ခဲ့သလို ဖျော်ဖြေရေးတေးဂီတလည်း ပြန်ပြီးထည့်သွင်းခဲ့ပါတယ်။ဆိုင်ပြန်ဖွင့်ပြီး တစ်လပြည့်တဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့ ဇွန်လ ၇ ရက်နေ့ညမှာတော့ ဝန်ကြီး ဒု-ဗိုလ်ချုပ် ကြီး စိုးထွဋ်ရဲ့သား ကိုစည်သူထွဋ်နဲ့အတူ သူ့မိတ်ဆွေအမျိုးသား နှစ်ယောက်..

နဲ့ အမျိုးသမီး နှစ်ယောက်က တဝိုင်းတည်းထိုင် စားသောက်ကြပြီး၊ သူတို့ဘေးက တခြားစားပွဲမှာတော့ သူတို့ကို လုံခြုံရေးယူပေးနေတဲ့ အရပ်ဝတ်နဲ့ စရဖအဖွဲ့ဝင်တွေ ၄-၅ ယောက်လောက် ထိုင်ကြပါတယ်။ အနားက စားပွဲမှာတော့ အရပ်သားလူငယ် သုံးယောက်ရှိနေပါတယ်။နေပြည်တော်မှာ ည ၁၀ နာရီနောက်ပိုင်း…

မထွက်ရ အမိန့်ကြောင့် Excellent ဆိုင်က တေးဂီတဖျော်ဖြေ မှုကို ၉ နာရီ ၁၅ မိနစ်မှာပုံမှန်ရပ်ပြီး ၁၀ နာရီမထိုးခင် ဆိုင်သိမ်းလေ့ရှိတယ်လို့ သိရပါတယ်။အဲဒီနေ့ ကလဲ ၉ နာရီခွဲလောက်မှာ တီးဝိုင်းရပ်လိုက်ပြီး ဝန်ထမ်းတွေက ဆိုင်သိမ်းဖို့ပြင်ဆင်နေသလို ဆိုင်ရှင် ဦးမျိုးဝေလင်းက အိမ်ပြန်သွားနှင့်ပြီလို့ သိရပါတယ်။…

ဆိုင်မှာတော့ ကိုစည်သူထွဋ်နဲ့အဖွဲ့ဟာ မပြန်သေးသလို သူတို့ဘေးက လူငယ်ဝိုင်းလည်း မပြန်သေးဘဲ ရှိနေသေးတယ်လို့ မျက်မြင်တချို့က ပြောပါတယ်။အဲဒီအချိန်မှာ အပြန်အလှန် စနောက်ကြရာကနေ စကားများပြီး ကိုစည်သူထွဋ်တို့အဖွဲ့က တဖက်လူငယ်တွေကို ဘီယာပုလင်းတွေ၊ ထို င် ခုံတွေနဲ့ ပ စ် ပေါ က်..

တို က် ခို က် လို့ အင်အားမမျှတဲ့အတွက် လူငယ် သုံးယောက် ကစဉ့်ကလျား ထွက်ပြေးပြီး နှစ်ယောက်က ဆိုင်အပြင်ဘက် ရာက်သွားပေမယ့် တယောက်ကတော့ ဆိုင်ရဲ့ မီ းဖိုခန်းထဲ ဝင်ပြေးသွားပါတယ်။အဲဒီလူငယ်ကို ကိုစည်သူထွဋ်နဲ့ ပါလာတဲ့အဖွဲ့က မီ း ဖိုထဲထိလိုက်ပြီး ထိုးကြိတ်တဲ့အခါ စားဖိုမှူးက ဟန့်တားတာကို..

ထို းတဲ့အတွက် ဝန်ထမ်းတွေကပါ မခံရပ်နိုင်ဖြစ်ပြီး အပြန်အလှန် သ တ် ပု တ် ကြတဲ့အထိ ဖြစ်ကြပါတယ်။ ဒါပေမယ့် ကိုစည်သူထွဋ်ကို ပြည်ထဲရေးဝန်ကြီး ဒု- ဗိုလ်ချုပ်ကြီး စိုးထွဋ်ရဲ့သားလို့ အဲဒီအချိန်ထိ ဘယ်သူမှ မသိသေးဘူးလို့ အမည်မဖော်လိုသူက ပြောပြပါတယ်။အဲဒီလို ရု န်းရ င်းဆ န်ခ တ် ဖြစ်နေချိန်မှာ..

ကိုစည်သူထွဋ်က သူဟာဝန်ကြီးသားဖြစ်တဲ့အကြောင်း အော်ပြောသလို၊ သူ့လုံခြုံရေး အဖွဲ့တွေက ရဲကိုခေါ်လိုက်တဲ့အတွက် ကားအစီး ၂၀ လောက်နဲ့ အင်အားပြည့်ရဲတပ်ဖွဲ့တွေ ရောက်လာပါတယ်။ရဲတွေက ဆိုင်ထဲရှိတဲ့ လူတွေ အကုန်လုံးကို ဖမ်းလိုက်ပြီး ထိုင်ခိုင်းထားသလို ဆိုင်နံရံတွေ၊ ဝန်ထမ်းတွေရဲ့ အခန်းတွေကို…

သ န တ်ဒ င် တွေနဲ့ ရို က် နှ က်ဖွင့်တာ၊ တယ်လီဖုန်းတွေ သိမ်းတာ၊ ဖုန်းထဲက ရိုက်ထားတဲ့ပုံတွေ၊ ရုပ်သံဖိုင်တွေကို ဖျ က် ဆီးတာတွေ လုပ်လိုက်သလို၊ ဆိုင်ထဲမှာ CCTV စောင့် ကြည့်ကင်မရာ မှတ်တမ်းရှိရင် ဖျ က် ဆီးဖို့ ရဲအရာရှိကပြောပါ တယ်။ဒါပေမယ့် ဆိုင်မှာ CCTV မတပ်ရ သေးလို့ ဖျက်စရာ မှတ်တမ်းမရှိသလို၊..

ဖုန်းတွေ အသိမ်းခံရလို့ မှတ်တမ်း သိပ်မကျန်လိုက်ဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။အဲဒီ ခို က် ရ န် ဖြစ်နေတဲ့အချိန် ည ၁၀ နာရီကျော်မှာပဲ ဆိုင်မှာ ပြ ဿ နာဖြစ်နေတာကို ဝန်ထမ်းတွေက ဖုန်းဆက်ပြီးပြောတဲ့အတွက် ပြဿနာဖြေရှင်းပေးဖို့ ဆိုင်ပိုင်ရှင် ဦးမျိုးဝေလင်း ပြန်ရောက်သွားပါတယ်။ဒါပေမယ့်…

ပြည်ထဲရေးဝန်ကြီးရဲ့သားနဲ့အဖွဲ့ကလွဲလို့ ဦးမျိုးဝေလင်း အပါအဝင် ရှိသမျှလူအကုန်လုံးကို လ က်ပြ န် ကြိုး တု ပ်ပြီး ရဲတပ်ဖွဲ့က ကားအစီး ၂၀ နဲ့ ဖမ်းခေါ်သွားပါတယ်။သန်းခေါင်ကျော် မနက်လင်းအားကြီးအချိန်လောက်မှာတော့ အမျိုးသမီး ၁၇ ယောက်ကို ခံဝန်ကတိ နဲ့ပြန်လွှတ်ပေးလိုက်ပါတယ်။…

ဒါပေမယ့် ဆိုင်ရှင် ဦးမျိုးဝေလင်းနဲ့ ဝန်ထမ်း ၁၅ ယောက်ကို ဆ က် ချု ပ်ထားပါတယ်။အဲဒီထဲမှာ အမျိုးသမီးတယောက်ပါပြီး သူက ဆိုင်ရဲ့ငွေသိမ်းကောင်တာ ဝန်ထမ်းဖြစ်သလို စားဖိုမှူးရဲ့ဇနီးလို့သိရပါတယ်။အဲဒီအမျိုးသမီးက သူ့ယောကျ်ားစားဖိုမှူး အ ထို း ခံ နေရတာမြင်လို့ အော်ဟစ်အကူအညီတောင်းတာ..

ကို လှုံ့ဆော်တယ်ဆိုပြီး ဖမ်းသွားတာလို့လဲ နီးစပ်သူတယောက် ကပြောပါတယ်။မနေ့က ဇွန်လ ၉ ရက်နေ့ မှာတော့ သူတို့ ၁၆ ယောက်ကို ပုဒ်မ ၃၇၉ လု ယ က်မှု/ခို း မှု၊ ပုဒ်မ ၃၂၅ အပြ င်း အထ န်န ာ ကျ င်စေမှု၊ ပုဒ်မ ၂၉၄ ဆဲ ဆို မှု၊ ပုဒ်မ ၅၀၆ ခြော က်လှ န့်မှု၊ ပုဒ်မ ၁၁၄ အားပေး ကူညီမှု၊ စုစုပေါင်း ပုဒ်မ ၅ ခုစီနဲ့…

ဇဗ္ဗူသီရိမြို့နယ် တရားရုံးမှာ တရားစွဲပြီး ညနေမှာ နေပြည်တော် အချု ပ် ထော င်ကို ပို့လိုက်ပါတယ်။ ထော င်ကို ပို့လိုက်တဲ့ အထိ သူတို့အတွက် လိုက်ပေးမယ့် ရှေ့နေ ဦးအေးမြင့်နဲ့တွေ့ခွင့်မရသေးလို့ နောက်တပတ် ရုံးချိန်းမှာ ပါဝါလွှဲစာတင်မယ်လို့ သိရပါတယ်။ကိုစည်သူထွဋ်တို့အဖွဲ့နဲ့ စပြီး ခို က် ရ န်ဖြစ်တဲ့…

လူငယ် သုံးယောက်က၊ ကုမ္ပဏီဝန်ထမ်းတွေလို့သိရပြီး၊ သူတို့ထဲက စားဖိုထဲဝင်ပြေးတဲ့ တစ်ယောက်ကို အခင်း ဖြစ်တဲ့ညက ဖမ်းသွားပေမယ့် နောက်တနေ့မှာ ခံဝန်ကတိနဲ့ပြန်လွှတ်လိုက်ပါတယ်။ကိုစည်သူထွဋ်ဟာ မကြာသေးတဲ့ ကာလတုန်းကလဲ နေပြည်တော်က KTV ဆိုင်တဆိုင်မှာ ပြ ဿ နာရှာခဲ့တဲ့အတွက်…

အဲဒီဆိုင် တစ်ပတ် ပိ တ်သိ မ်းခံခဲ့ရတယ်လို့ နေပြည် တော်အရပ်ဘက် အသိုင်းအဝိုင်းက ပြောပါတယ်။လက်ရှိမှာ အသက် ၆၀ ရှိနေပြီဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူယုံတဦးဖြစ်ပြီး၊ အာဏာမသိမ်းခင် NLD အစိုးရ..

ကာလမှာ စရဖလို့ခေါ်တဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဆန်းပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တယ်လို့ယူဆခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ကို ပြည်ထဲရေးဝန်ကြီးရာထူးကနေ အနားပေးလိုက်ပြီး ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်ကို အစား ထို း ခန့် အပ်..

ထားတာ ဖြစ်ပါတယ်။အခု အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီမှာလည်း ပြည်ထဲရေးဝန်ကြီး အဖြစ် ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်ခန့်ခဲ့ပါတယ်။ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ဇနီးဒေါ်နီလာစိန်မှာ ကိုမင်းသန်းထွဋ်၊ ကိုစိုးမင်းထွဋ်နဲ့ ကိုစည်သူထွဋ်တို့ ..

သားသုံးယောက်ရှိပြီး ကိုစည်သူထွဋ်က အငယ်ဆုံးလို့ သိရပါတယ်။

ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ်ရဲ့ သားတွေက သတ္တု၊ ရေနံ၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သစ်ထုတ်လုပ်ရေး၊ အိမ်ခြံမြေ ရောင်းဝယ်ရေး၊ ကုန်ပစ္စည်း လက္ကားရောင်းဝယ်ရေးတွေ လုပ်ကိုင်တဲ့ Cherry Chapter Myanmar Co. Ltd နဲ့ Strong Step Co. Ltd တို့ကို

ပိုင်ဆိုင်ထားတယ်လို့ စစ်တပ်ခေါင်းဆောင်တွေရဲ့ နောက်ကြောင်းရာဇဝင်တွေ ဖော်ထုတ်နေတဲ့ Justice for Myanmar အဖွဲ့ရဲ့ ၂၀၂၀ ဇူလိုင် ၂၉ရက်နေ့က

အစီရင်ခံစာမှာ ရေးသားထားပါတယ်။…

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post