မေမေရေ လို့ခေါ်ခွင့်မပေးခဲ့တာ အရှက်ကြောင့်လား အသက်ကြောင့်လား မေမေရယ်

မေမေရေ လို့ခေါ်ခွင့်မပေးခဲ့တာ အရှက်ကြောင့်လား အသက်ကြောင့်လား မေမေရယ်

မဂ်လာပါ ပရိတ်သတ်ကြီးရေသားကို အရှက်ကြောင့် ပစ်ခဲ့တာလား အသက်ကြောင့် ပစ်ခဲ့တာလား လွမ်းရေးကြောင့် ပစ်ခဲ့တာလား ပြောပါ

မေမေမိဘမဲ့ခလေးလို့ အခေါ်ခံနေရတာ သာဘဝတွက် အကြီးမားဆုံးသော ရူံးနိမ့်မူ့ကြပါ မေမေရယ်။

အဖော်မရှိတဲ့ ဘဝက ပင်လယ်ပြင်လယ် လမ်းပျောက်နေတဲ့ လှေငယ်လေးလိုပါ။ ခိုကိုးရာမဲ့ ဘဝထဲ အားကိုး မဲ့မေဘယ်မှာလည်း မေမေရေ။

အမိမဲ့သား ရေနဲငါး သွေးမပျက်ပါ အမေ ပေးရက်တာ အမေ့ဆန္ဒ သံသယ ဆိုတာမထား ပါရစေနဲ့တော့။ သားဟာ အမေ့သားပါ အ ဖေ ထားခဲ့တာ အမေပါ ။

အမေထားရက်တာ သားပါ အမေသားကို အရှက်ကြောင့် ပစ်ခဲ့တာလား အသက်ကြောင့် ပစ်ခဲ့တာလား လွမ်းရေးကြောင့် ပစ်ခဲ့တာလား ဝမ်းရေးကြောင့်

ပစ်ခဲ့တာလားနားလည်ပါရစေ အမေ။နို့ဘူးထဲက နို့ချိုရည် အမေ့နို့ မဟုတ်မှန်းသားသိတယ် နူးညံ့စွာထွေးထားတဲ့လက် အမေ့လက် မဟုတ်မှန်း သားသိတယ်

အသက်တစ်ချောင်းနဲ့လူသား တန်ဘိုးထားပုံခြင်းများ မှားနေသလားအမေ။မေ့ရင် နဲ့လွယ်ထားရတဲ့ ကာလ မွေးဖွားရတဲ့ ဒုက္ခ အမေ့ကို သနားတယ်

ပစ်ပါအမေ စွန့်ပါအမေ အမေ့ကို သားဗွေမယူပါဘူး။ အမေထက်သာတဲ့ ဂရုဏာရှင်တို့လက် အမေအပ်ခဲ့တာဘဲလေ အမေတာဝန်ကျေပါတယ်။

သားခံယူချင်တာ အမေ့ဆီက မေတ္တာပါ သားခံယူချင်တာ အမေ့ဆီက ဂရုဏာပါ။အမေ ဪ သားဘဝမှာ မွေးကျေးဇူးကို မမေ့သလို ကျွေးကျေးဇူးတွေ

ဆပ်ရပါဦးမယ် ။ပုခက်တွင်းက နှလုံးသား ရေနဲငါး ဖြစ်ပါစေ လူးလွန့်ရင်း အသက်ရှင် ရင်ခွင်မဲ့တွေကြားမှာ အားဖြစ် သမိုင်းတခေတ်မှာ

အမေ့သားဟာ ဘာဖြစ်နေတယ်ဆိုတာလေးတော့ အမေသိစေချင်ပါသေးတယ်ဗျာ။မေမေရေ လို့ သားဘဝမှာတစ်ခါလေးတော့ ခေါ်ခွင့်ပေးပါ။

မေခွံကျွေးမဲ့ ထမင်း မေသင်ပေးမဲ့ လမ်းလျှောက်နည်းတွေ အမေ့ရဲ့ ချိုသာသော အသံနဲ့ လမ်းညွှန်သင်ပြပေးမဲ့ လောကနိယာမတွေ ကို

သားကို ပေးလည့်ပါအုန်း။အမေမရှိတော့ ပင်မဲ့ သားအားတင်းထားပါတယ်။ ဖေဘုန်း ရဲ့ ဆုံးမသြဝါဒ တွေကိုလည်း သားလိုက်နာပါမယ်။

မေမေရေ နောက်ဘဝ ဆက်တိုင်း မေမေ့သားအဖြစ်ဘဲ နေချင်ပါတယ်။ မေမေ့ကိုချစ်သောသား ဆိုင်းတေဇ ။


အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post