ပြည်သူတွေလှူဒါန်းလိုက်တဲ့ အဝတ်အစားတွေများစွာကို ဝမ်းသာအားရနဲ့ရွေးယူကြရင်း ပြုံးပျော်ရွှင်နေကြတဲ့ ကရင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူများ

ပြည်သူတွေလှူဒါန်းလိုက်တဲ့ အဝတ်အစားတွေများစွာကို ဝမ်းသာအားရနဲ့ရွေးယူကြရင်း ပြုံးပျော်ရွှင်နေကြတဲ့ ကရင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူများ

တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရပြီး အခက်အခဲတွေများစွာကို

ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။မိုးတွင်းအချိန်အခါကို ရောက်ရှိနေပြီမို့ စစ်ဘေးရှောင်ပြည်သူတွေဟာ မိုးဒဏ်၊လေဒဏ်အပြင် စားဝတ်နေရေးအခက်အခဲတွေကို

ရင်ဆိုင်နေရကာ အရေးပေါ်အကူအညီတွေလည်းလိုအပ်နေကြပါတယ်။

ပြည်သူတွေကလည်း စစ်ဘေးရှောင်တွေအတွက် တတ်နိုင်သလောက်လှူဒါန်းပေးနေကြပါတယ်။ပြည်သူတွေကတော့ စစ်ဘေးရှောင်တွေအဓိကလိုအပ်နေတဲ့

အဝတ်အစား၊အခြေခံစားသောက်ကုန်၊စောင်ခြင်ထောင်နဲ့ ဆေးဝါးပစ္စည်းတွေကို လှူဒါန်းနေကြပါတယ်။ကရင်ပြည်နယ် ဒေါနအရှေ့ခြမ်းဝေါလေမြိုင်ဒေသက

စစ်ရှောင်ပြည်သူတွေကတော့ ယနေ့မှာ သူတို့ဆီပြည်သူတွေလှူဒါန်းလိုက်တဲ့အဝတ်အစားများစွာကို ဝမ်းသာအားရနဲ့ရွေးယူကြရင်း ပြုံးပျော်ရွှင်နေကြပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေရဲ့ အပျော်ဟာ ပြည်သူတွေကိုပါ ကူးစက်စေပြီး ပြည်သူတွေကတော့ စစ်ဘေးရှောင်တွေရဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ကြည့်ကာ

ဝမ်းသာပီတိဖြာနေခဲ့ပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ပြည်သူတစ်ဦးကတော့ ” စစ်ရှောင်ပြည်သူတွေက အဝတ်အထည်တွေကိုဝမ်းသာအားရ

လက်ခံယူကြပါတယ်၊ ဒါပေမယ့် ကားခစျေးကြီးတယ်၊နောက်ထပ်တော့ လက်မခံတော့ပါဘူး၊AAC ဂေဟာမှာ

တစ်ပုံကြီးရှိနေသေးတယ်၊အဝတ်အစားအလှူရှင်တွေကျေနပ်ပီတိဖြစ်စေရန်သာ တင်ပြခြင်းပါကရင်ပြည်နယ် ဒေါနအရှေ့ခြမ်းဝေါလေမြိုင်ဒေသက

စစ်ရှောင်ပြည်သူတွေ ပျော်ရွှင်စွာ အဝတ်တွေ ရွေးနေကြတာပါ။သံလွင်မြစ်နဲ့ သောင်းရင်းချောင်းဘေးမှာဘယ်လိုမှ သယ်ယူမနိုင်တော့လို့စွန့်ပစ်လိုက်ရတဲ့

အထည်တွေလည်းအများကြီးပါပုံတွေ ပို့ပေးပါသော ဆရာတော်ဦးဇောတိက ကျေးဇူးပါ ခင်ဗျာ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။

အဝတ်အစားတွေရွေးယူကြရင်း ပြုံးပျော်ရွှင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post

(ZAWGYI)

ျပည္သူေတြလႉဒါန္းလိုက္တဲ့ အဝတ္အစားေတြမ်ားစြာကို ဝမ္းသာအားရနဲ႔ေ႐ြးယူၾကရင္း ၿပဳံးေပ်ာ္႐ႊင္ေနၾကတဲ့ ကရင္ျပည္နယ္က စစ္ေဘးေရွာင္ျပည္သူမ်ား

တိုင္းရင္းသားေဒသေတြမွာ တိုက္ပြဲေတြျပင္းထန္ေနတာေၾကာင့္ ျပည္သူေတြဟာ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ၾကရၿပီး အခက္အခဲေတြမ်ားစြာကို

ရင္ဆိုင္ႀကဳံေတြ႕ေနၾကရပါတယ္။မိုးတြင္းအခ်ိန္အခါကို ေရာက္ရွိေနၿပီမို႔ စစ္ေဘးေရွာင္ျပည္သူေတြဟာ မိုးဒဏ္၊ေလဒဏ္အျပင္ စားဝတ္ေနေရးအခက္အခဲေတြကို

ရင္ဆိုင္ေနရကာ အေရးေပၚအကူအညီေတြလည္းလိုအပ္ေနၾကပါတယ္။

ျပည္သူေတြကလည္း စစ္ေဘးေရွာင္ေတြအတြက္ တတ္ႏိုင္သေလာက္လႉဒါန္းေပးေနၾကပါတယ္။ျပည္သူေတြကေတာ့ စစ္ေဘးေရွာင္ေတြအဓိကလိုအပ္ေနတဲ့

အဝတ္အစား၊အေျခခံစားေသာက္ကုန္၊ေစာင္ျခင္ေထာင္နဲ႔ ေဆးဝါးပစၥည္းေတြကို လႉဒါန္းေနၾကပါတယ္။ကရင္ျပည္နယ္ ေဒါနအေရွ႕ျခမ္းေဝါေလၿမိဳင္ေဒသက

စစ္ေရွာင္ျပည္သူေတြကေတာ့ ယေန႔မွာ သူတို႔ဆီျပည္သူေတြလႉဒါန္းလိုက္တဲ့အဝတ္အစားမ်ားစြာကို ဝမ္းသာအားရနဲ႔ေ႐ြးယူၾကရင္း ၿပဳံးေပ်ာ္႐ႊင္ေနၾကပါတယ္။

စစ္ေဘးေရွာင္ျပည္သူေတြရဲ႕ အေပ်ာ္ဟာ ျပည္သူေတြကိုပါ ကူးစက္ေစၿပီး ျပည္သူေတြကေတာ့ စစ္ေဘးေရွာင္ေတြရဲ႕ ေပ်ာ္႐ႊင္ေနတဲ့ ပုံရိပ္ေလးေတြကို ၾကည့္ကာ

ဝမ္းသာပီတိျဖာေနခဲ့ပါတယ္။

စစ္ေဘးေရွာင္ေတြကို ကူညီေပးေနတဲ့ ျပည္သူတစ္ဦးကေတာ့ ” စစ္ေရွာင္ျပည္သူေတြက အဝတ္အထည္ေတြကိုဝမ္းသာအားရ

လက္ခံယူၾကပါတယ္၊ ဒါေပမယ့္ ကားခေစ်းႀကီးတယ္၊ေနာက္ထပ္ေတာ့ လက္မခံေတာ့ပါဘူး၊AAC ေဂဟာမွာ

တစ္ပုံႀကီးရွိေနေသးတယ္၊အဝတ္အစားအလႉရွင္ေတြေက်နပ္ပီတိျဖစ္ေစရန္သာ တင္ျပျခင္းပါကရင္ျပည္နယ္ ေဒါနအေရွ႕ျခမ္းေဝါေလၿမိဳင္ေဒသက

စစ္ေရွာင္ျပည္သူေတြ ေပ်ာ္႐ႊင္စြာ အဝတ္ေတြ ေ႐ြးေနၾကတာပါ။သံလြင္ျမစ္နဲ႔ ေသာင္းရင္းေခ်ာင္းေဘးမွာဘယ္လိုမွ သယ္ယူမႏိုင္ေတာ့လို႔စြန္႔ပစ္လိုက္ရတဲ့

အထည္ေတြလည္းအမ်ားႀကီးပါပုံေတြ ပို႔ေပးပါေသာ ဆရာေတာ္ဦးေဇာတိက ေက်းဇူးပါ ခင္ဗ်ာ “ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့ပါတယ္။

အဝတ္အစားေတြေ႐ြးယူၾကရင္း ၿပဳံးေပ်ာ္႐ႊင္ေနၾကတဲ့ စစ္ေဘးေရွာင္ျပည္သူေတြရဲ႕ ပုံရိပ္ေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။

အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာ ေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Crd-Original Post