စစ်ကောင်စီရဲ ဖေဖော်ဝါရီကတည်းက အခုထိ တစိုက်မတ်မတ်သွားနေတဲ့ သတိပြုစရာ ဗျူဟာ ရဲ့ ဦးတည်ချက်…

စစ်ကောင်စီရဲ ဖေဖော်ဝါရီကတည်းက အခုထိ တစိုက်မတ်မတ်သွားနေတဲ့ သတိပြုစရာ ဗျူဟာ ရဲ့ဦးတည်ချက် ( ဖြစ်လာမယ်လို့ ပြောတာမဟုတ်ပေမဲ့ ဖြစ်လာရင်တော့ အကုန်နားကားပြီသာ မှတ်)

ဖြစ်လာမယ်လို့ ပြောတာမဟုတ်၊ မအလတို့ရဲ့ ဖေဖော်ဝါရီကတည်းက အခုထိ တစိုက်မတ်မတ်သွားနေတဲ့ ဗျူဟာ ကို ပြောချင်တာရယ်။

သြဇီနဲ့ စကားပြောတော့ ဒုချုပ်စိုးဝင်း က ပိ တ် ဆို့မှုတွေကို အလေးမထားဘဲ အရင်ကလည်း အတွေ့အကြုံရှိခဲ့သလို၊

မိတ်ဆွေနိုင်ငံအချို့နဲ့ပဲ ရှေ့ဆက်သွားမယ်လို့ ပြောလိုက်တယ်။

ကမ္ဘာမှာ အဲဒီလိုနိုင်ငံကို တံခါးပိတ်ဝါဒကျင့်သုံးတဲ့၊အထီးကျန် နိုင်ငံတွေလို့ ခေါ်တယ်။ အထင်ရှားဆုံးကတော့ မြောက်ကိုရီးယား ပေါ့။

မနေ့ကကျုံပျော် ဖြစ်စဉ်ကို အာဆီယံက အဖွဲ့တွေရောက်နေချိန်မှာကို ဖြစ်တယ်၊သတင်းကလည်း ကမ္ဘာကိုတန်းပြန့်တယ်။

အခုလည်း ဒီမောဆိုမှာ ဘုရားရှိခို းကျောင်း ကို လ က် န က် ကြီးနဲ့ထုတယ်၊စာသင် ကျော င်းလို နေရာမျိုးတွေ မီ း ရှို့တယ်။

အဓိပ္ပာယ်က UN/US/EU မပြောနဲ့အနီးဆုံး သူ့ကို ကာကွယ်ပေးနေတဲ့အာဆီယံဆီကတောင် Legit_imacy ရဖို့သိပ်ဂရုမစိုက်ဘူး ဆိုတဲ့သဘောပဲ။

NLD၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိ မ် တယ် ဆိုတာသက်သေပြဖို့မဲစာရင်း အတုတွေ လုပ်ပြီးပြီလို့သိရတယ်။

ပြီးရင် NLD ရဲ့ထိပ် တန်းခေါင်းဆောင်တွေကို နှစ်ရှည် ထော င် ချ မယ်။NLDကို ဖျက် သိ မ်း မယ်၊ ပြီးရင် ၂၀၀၈ ခြေဥကိုလိုသလောက်ပြင်မယ်၊

ရွေးကောက်ပွဲကို PR စနစ်ပြောင်းမယ်။ပြီးရင် PR ရွေးကောက်ပွဲကို YMBAကနေဖြစ်ဖြစ် ဝင်ပြီး သမ္မတနေရာကို ကူးမယ်။ ဒါ သူတို့ Road Map မအလ

ဟာဒီရက်ပိုင်း ဆပ်ပြာလိုမျိုး ပြည်တွင်းထုတ်ကုန်တွေ ထုတ်တာ ကို လိုက်ကြည့်တ ယ်။အရင်ရက်က ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ နို့မှုန့် တွေကို မြဝတီဘက်ကနေ

အဝင် ပိ တ်တယ်။ဘာကြောင့်လဲတကယ်တော့ မြန်မာစစ်တပ်ဟာ ၂၀၁၀-၂၀၂၁ ကြားကာလနဲ့ဒီမိုကရေစီ ခေတ်မှာ နိုင်ငံခြားငွေကို အင်တို က် အား တို က်

သုံးခွင့်ရခဲ့တယ်။အခု အထီးကျန် နိုင်ငံဖြစ်ပြီဆိုရင် အရှားပါးဆုံးဟာ နိုင်ငံခြားငွေပဲ၊ အဲဒီတော့ နိုင်ငံခြားငွေ ကို စစ်ရေးအတွက်၊သူတို့အကျိုးစီးပွား အတွက်

ဆက်သုံးရမယ်။အဲဒီတော့ ပြည်သူတွေကိုအသုံးလျှော့ ပ စ်မှာ။အဓိက ငွေကုန်တာ စွမ်းအင်ကဏ္ဍအဲဒီတော့ လော င် စာဆီ ကို မကြာခင် က န့် သ တ် လာလိမ့်မယ်။

ဆိုလိုတာ ခင်ဗျားမှာ ပိုက်ဆံရှိလည်း ခွ ဲ တ မ်းနဲ့ပဲ ဝယ်ရလိမ့်မယ်။ ATM တန်းစီသလို ဓာတ်ဆီ ထု တ် ဖို့တန်းစီချင် စီရမယ်။

ATM လိုပေါ့ ခင်ဗျား တန်းမစီချင်ရင်၊ များများ သွားချင်ရင် မှော င် ခို ဝယ်ရမယ်။ ဆီ မှော င်ခိုတွေ ပေါ်လာမယ်။

အခု ကမ္ဘာနဲ့ရင်ပေါင်တန်းပြီး စားနေ၊ ဝတ်နေတာတွေက $ နိုင်ငံခြားငွေ အရမ်းကုန်တယ်၊အဲဒါကြောင့် Import သွ င်း ကုန် တွေကို တစ်ခုပြီး တစ်ခု က န့် သ တ်လိမ့်မယ်။

ပြီးရင် ပြည်တွင်းဖြစ်ကို အားပေးပါ ဆိုတာ ပြန်လာမယ်။အဲဒီတော့ စားသုံးသူ အခွင့်အရေးပျော က် လာမယ်။

Product/ Service ရွေးချယ်ခွင့် မရှိတော့ဘဲ ကောင်းကောင်းညံ့ညံ့ သုံးရလိမ့်မယ်။တကယ့် နိုင်ငံ တကာ MNC တွေက၊

အခုအခြေအနေကြည့်နေတာ၊အကယ်၍ SAC အာဏာတည်မြဲပြီဆို သူတို့အစိုးရက Sanctions တွေနဲ့ ထ ု မှာ၊ ထုံးစံအတိုင်း Coca Cola, Heineken, KFC တွေက ပြန်ထွက်သွားမှာ။

အဲဒီမှာ Marketing Industry တစ်ခုလုံးပြိ ု ဆ င်းသွားမယ်။ဘာလို့လဲ ဆိုတော့ Marketing ဆိုတာက ယှဉ်ပြိုင်ဈေး ကွ က် ရှိမှ လုပ်ကြတာ။

ကောင်းကောင်းညံ့ညံ့ သူ့ပစ္စည်းပဲ သုံးစရာရှိရင် ဘယ်သူမှ Service/ Marketing မလုပ်ဘူး၊အဲဒီမှာ Digital Markeingပညာရပ်တွေ၊

Offline Marketing တွေ မလိုတော့ဘူး၊ နိုင်ငံတကာ Billboard တွေနေရာမှာ တပ်မတော်သာ အမိ၊ တပ်မ တော်သာ အဖပြည့်အင်အားဟာ ပြည်တွင်းမှာသာ ရှိသည် စတာတွေပဲ

နေရာယူလာလိမ့်မယ်။အခု ပညာ တတ်ဆိုတဲ့ White-Collar လူတန်းစား အများစု ဝင်ငွေ/ အလုပ်အကိုင်အခွင့်အလမ်း ၇၀% လောက် ပျော က်သွားမယ်။

လူတန်းစေ့ ပြန်နေချင်ရင် နိုင်ငံခြားပြန်ထွက် ကြရလိမ့်မယ်။မြန်မာပြည်မှာ တကယ်ငွေသုံးတာ အဲဒီလူတန်းစား၊

သူတို့ဆီက cashflowရပ်ပြီဆို ခရီးသွားလုပ်ငန်း၊စားသောက်ဆိုင်တွေ၊Online Shopping တွေ အကုန်မျိုး က န်း သွားမယ်။ငွေ မသုံးနိုင်တော့ဘူးလေ။

အစစအရာရာ ခြိုးခြံချွေတာမှဆိုတဲ့၊

ဘဝကို ခင်ဗျားနေ့စဉ် သွားရမယ်။Personal Development, Entrepreneur စွန့်ဦးတီထွင် ဆိုတာတွေ အကုန်လစ်၊

တတ်ဖို့ထက် “ကပ်” ဖို့ပဲ လိုတဲ့ခေတ်မှာ ပညာရှင်ပညာတတ်တွေ မရှင်သန်နိုင်ဘူး။အဲဒီအတွက် MBA လို Higher Level Education တွေလည်း ဈေးကွက်ပြောက်သွားလိမ့်မယ်။

အထည်ချုပ်လို အရေးပါတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု တွေ ပိ တ် ပြီးထွက်လိမ့်မယ်။ဆ င်း ရဲ မွ ဲ တေ မှု က တွန်းပို့ရင် ဘာတွေ ဆက်ဖြစ်မလဲ သိချင် အခုပါရမီလမ်းပေါ်သွားကြည့်၊ မြင်ရခဲသွားတဲ့၊

ပြ ည့် တ န် ဆာ လုပ်ငန်း လမ်းပေါ်အပြည့် ပြန်ရောက်နေပြီ။မအလ ဟာ အဲဒီလမ်းကို တကယ်သွားနေတာနော်၊အလုံးစုံ ပျ က် သု ဉ်း ရေး၊ အထီးကျန် နိုင်ငံ တကယ်သွားနေတာ။

အဲဒီတော့ ဖြစ်နိုင်လား သူအောင်မြင်နိုင်လားဆိုရင် လုံးဝ မဖြစ်နိုင်ဘူး။ဘာဖြစ်လို့လဲ ဆိုတော့ က န့် သ တ် ဒီမိုကရေစီ နဲ့၁၀နှစ်ပွင့်လင်းထားတဲ့ နိုင်ငံကို ချော က် ထဲ ပြ န် ဆွဲ ချလို့မရဘူး။

အလုပ် လက်မဲ့ဖြစ်တဲ့သူဖြစ်၊ င တ် တဲ့သူင တ် ဖြစ်လာရင်သူ သေ ကိုယ် ေ သ ထ ချ တဲ့နေ့ ရောက်လာမှာပဲ။ ဒါပေမယ့် နွေဦးတော်လှန်ရေး ဟာ ဖြစ်နိုင်ချေနှစ်ခုတော့ ရှိတယ်။

အာဏာရှင်အောက် ရသမျှလည် ပတ်ကြည့်မယ် ဆိုပြီး တော်လှန်ရေး ကို လျှော့တဲ့သူ များရင် တော်လှန်ရေး အောင်မြင်ဖို့အရမ်းကြာသွားမယ်။သို့မဟုတ်။

NUG, PDF လည်းအချိန်တန် အား န ည်းပျောက်ကွယ်သွားလိမ့်မယ်။နောက်ဆုံး ဘယ်လိုမှ မခံနိုင်လို့င တ်တဲ့ တစ်နေ့ကျ ထ ချ ကြဦး မှာပဲ။

အဲဒီကျမှ ဆိုရင် အ ထိ အခို က် အ ကျ အဆုံး ဒီထက် အများကြီးပိုများလိမ့်မယ်။NUG ရော၊ ပြည်သူရော လုပ်လို့ရသမျှ အကုန်အခုအချိန် အား၊

ထည့်ပြီး လုပ်ရင် တော် လှန်ရေးဟာ အောင်မြင်နိုင်ချေ၊ အထိ အခို က် နည်းနိုင်ချေ အများဆုံးပဲ။တော်လှန်ရေး ကလုပ်တဲ့သူတွေ လုပ်လိမ့်မယ်၊

တော်လှန်ရေး အောင်မြင်ရင် အဆင်သင့်ဖြစ်အောင် ဆိုပြီး ကိုယ့်အတ္တတစ်ခုတည်းနဲ့ Personal Development နဲ့ကိုယ့် စီးပွားရေး ကိုပဲ လှိမ့်လုပ်နေတဲ့သူတွေ ရှိလာပြီ။

အဲဒီလိုလူတွေ များလာရင် တော်လှန်ရေးဟာ မှု န် ဝါးသွားလိမ့်မယ်။အဲဒီကျရင် မအလ ပေးတဲ့ ဒု က္ခ တွေဟာ ကိုယ့်အိမ်တံခါးဝ ရောက်လာမှာပဲ၊

နေသာသလို နေရင်း တော်လှန်ရေးကြီး ဘယ်တော့ အောင်မြင်မှာလဲ Facebook ပေါ်တက်ရှာနေလို့တော့ မရဘူးရယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post