ပြည်ထဲရေးဝန်ကြီးစိုးထွဋ်ရဲ့ မယား နီလာစိန် တပ်မိသားစုတွေကိုညွှန်ကြားနေတဲ့ အသံဖိုင် ပေါက်ကြား

ပြည်ထဲရေးဝန်ကြီး၊ ဒုဗခက စိုးထွဋ်ရဲ့ ကတော် ဒေါ်နီလာစိန်က သူ့ တပ်မိသားစုဝင်တွေကို ညွှန်ကြားနေတဲ့ အသံဖိုင်ကို ကိုမရတ်ကျော်သူ တင်ထားလို့ နားထောင်လိုက်ရတယ်..
အပြင်ထွက်ရင် ရဲ/ စစ်ခွေးတွေကို ယူနီဖောင်းဝတ်ပြီး အနားခေါ်မသွားနဲ့တဲ့.. အန္တရာယ်ရှိတယ်တဲ့.. 😂
ကားနဲ့ သွားလို့ ကားရပ်ထားရရင် ဒရိုင်ဘာကို ကားထဲက မစောင့်ဘဲ ကားပြင်က စောင့်ခိုင်းတဲ့.. ကားကို တခုခု ကပ်သွားလိမ့်မယ်၊ အန္တရာယ်ရှိတယ်တဲ့.. 😂

 

အိမ်ကို လက်ဆောင် ဘာညာ လာပို့ရင် တန်းမယုံနဲ့၊ လက်လွတ်စပယ် မဖောက်နဲ့တဲ့.. အန္တရာယ်ရှိတယ်တဲ့.. 😂
သားသမီးတွေကိုလည်း ညဘက်တွေ လျှောက်မသွားဖို့ မှာထားတဲ့.. စားပွဲထိုးတွေက ဒီလူတွေဟာ ဘယ်သူ့သားသမီးပါလို့ ဖွရင် အန္တရာယ်ရှိတယ်တဲ့.. 😂
ကောင်းတယ်.. ခုကျ ဘာလုပ်လုပ် အန္တရာယ်ရှိတယ်ဖြစ်ပြီး ကြောက်ချေးတွေ ပန်းကုန်ပြီ.. နင်တို့ အသိုင်းအဝိုင်းထဲမှာကို နင်တို့မှာ အန္တရာယ်အနံ့တွေနဲ့ ကြောက်နေရပြီ မဟုတ်လား..

နင်တို့ချင်း တိတ်တိတ်မှာတဲ့ အသံဖိုင် ထွက်လာတာသာ ကြည့်.. နင်တို့လည်း မလုံခြုံတဲ့ ဘဝတွေမှာ နေ နေရပြီ.. ငါတို့ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ထားတာ ကံကြမ္မာလှည်းဘီးက တပတ်ပြန်လည်ဦးမှာ..
အလှည့်ကျ မနွဲ့ကြစတမ်း..
#နွေဦးတော်လှန်ရေး
#စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်
#ငါတို့ဘယ်တော့မှသွေးအေးမသွားဘူး
#အရေးတော်ပုံအောင်ရမည်

Crd Poe Phyu Thant

Voice Footage: Mratt’s Channel