လူမှု့ကွန်ယက် ပေါ်မှာပြန့်နေတဲ့ သတင်းကို ပြည်သူတွေ အတွက် ပြတ်ပြတ် သားသားပြောချလိုက်တဲ့ မင်းမော်ကွန်း……

လူမှု့ကွန်ယက် ပေါ်မှာပြန့်နေတဲ့ သတင်းကို ပြည်သူတွေ အတွက် ပြတ်ပြတ် သားသားပြောချလိုက်တဲ့ မင်းမော်ကွန်း……

ပရိတ်သတ်ကြီးရေ…လတ်တလော မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီ အရေး မှာ အမှန်တရား ကို လိုလား ကြတဲ့ ပြည်သူတွေ နဲ့ အတူ အနုပညာရှင် များစွာ ကလည်း ပူးပေါင်း ပါဝင် ခဲ့ကြပါတယ်။ ဒီလို ပြည်သူတွေ နဲ့ အတူ တစ်သားတည်း ပါဝင် လှုပ်ရှားတဲ့ အနုပညာရှင် တွေထဲမှာ သရုပ်ဆောင် မင်းမော်ကွန်း လည်း အပါအဝင်ပါပဲ။မင်းမော်ကွန်း က လူထုလှုပ်ရှားမှု့ တွေမှာ အောင်မြင်မှုတွေ ကို ဘေးချိတ် ပြီး လူငယ်တွေ ရဲ့ အနာဂတ် အိမ်မက်တွေ မပျောက်အောင် တာဝန်သိ ပြည်သူတစ်ယောက် အနေ နဲ့ စိတ်အားထက်သန်စွာ ပါဝင် ခဲ့တဲ့ အနုပညာ ရှင် တစ်ယောက်ပါ။

မနေ့က ဈေးကုန်း ဆရာတော်ပျံလွန်တဲ့ ကိစ္စ နဲ့ပါတ်သက်ပြီး ကောင်းခြင်း ဆိုးခြင်း ဘာတစ်ခုမှ မဝေဖန်လိုပါ။လူတစ်ချို့ ရဲ့ ကိစ္စကိုပဲ ပြောချင်တာဖြစ်ပါတယ်။
ဈေးကုန်းဆရာတော်ကြီး ပျံလွန်တော်မူမှ ထပြီး သံဃာတော် တွေကို မပြစ်မှား မစော်ကားသင့်ပါဆိုတဲ့ နိဗ္ဗာန်ကို ချက်ခြင်း မျက်မှောက် ပြုသွားကြသူ သူတော်စင်သူတော် ကောင်းကြီးများကိုပဲ နည်းနည်း လောက် မေးကြည့်ချင်တာပါ။

ခင်များ တို့က သံဃာကို မစော်ကားသင့် ဘူးမပြစ် မှားသင့်ဘူး လို့ ယုံကြည်တယ် ဆိုရင် စကစ တွေ က ရဟန်း သံဃာတော် တွေ ကို ဖမ်းဆီး ရိုက်နှက်ခဲ့ တုန်းကညှင်းဆဲ သတ်ဖြတ်ခဲ့ ကြတုန်းက ဘာလို့ငြိမ်နေ ကြသလဲ။

မိုးကုတ် ရေပူဆရာတော်ကြီးကို ထောင်သုံးနှစ်ချခဲ့ တုန်းက ပဲခူး အောင်ရတနာ ကျောင်းတိုက် ဆရာတော်ရိုက် နှက် စစ်ဆေးခံရရင်း ပျံလွန်ခဲ့ တုန်းက မိုးမောက်မှာ ဆရာတော် ဦးကသေလ လက်နက်ကြီးထိ လို့ပျံလွန်တုန်းက ဘာလို့အသံ မထွက်ခဲ့ ကြသလဲ မန်းလေး မစိုးရိမ်တိုက်က သံဃာတွေ ပရိတ်ရွတ် လို့ စစ်တပ်က ဘုန်းကြီးကျောင်းထဲ ထိဝင်ပြီး ဆဲဆိုအကြမ်းဖက် ခြိမ်းခြောက် ပစ်ခတ်ခဲ့တာ ရက်ပိုင်းပဲရှိသေးဗျာ။

အဲ့ဒီတုန်းက ခင်များ တို့ ဝစီပိတ် ကျင့်နေ ကြသလား။ဒါတွေကို ကျသံဃာ မ ဟုတ်ဘူး ထင်လို့လား။ဒါမှမဟုတ် ကိုယ်ကိုးကွယ်တဲ့ ဘုန်းကြီးမဟုတ်လို့ တခြားဘုန်းကြီး ဘာဖြစ်ဖြစ် ဆိုပြီး သံဃာတော်တွေ ကိုခွဲခြားခဲ့တာလား။ဒါမှမဟုတ် စစ်တပ် ကတော့ သံဃာတွေကို နှိပ်စက် သတ်ဖြတ် စော်ကား ပြစ်မှားခွင့် ရှိတယ်ဆိုပြီး သတ်မှတ် ထားခဲ့ကြ သလား။ ဖြေပါ မဟာ့ မဟာသာ သနာပြု အရိယာ သူတော်စင်တို့ လည်း ရေးသား ထားတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီး လည်းဖတ်ရှု့နိုင်အောင် ပြန်လည်မျှဝေ ပေးလိုက်ခြင်း ဖြစ်ပါတယ်။ အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး

အားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

source..Kyaw Kyaw Htay Lwin