အစားထိုးကုသဖို့လိုအပ်နေတဲ့ မောင်လျှံဖြိုးအောင်ရဲ့ ညာဘက်မျက်လုံးအတွက်သူရဲ့မျက်ကြည်လွှာကိုလှူချင်ပါတယ်ဆိုတဲ့ စေတနာရှင်မိန်းကလေး

အစားထိုးကုသဖို့လိုအပ်နေတဲ့ မောင်လျှံဖြိုးအောင်ရဲ့ ညာဘက်မျက်လုံးအတွက်သူရဲ့မျက်ကြည်လွှာကိုလှူချင်ပါတယ်ဆိုတဲ့ စေတနာရှင်မိန်းကလေး

လက်ရှိမှာတော့ တချို့လူငယ်လေးတွေရဲ့အသက်တွေ၊ဘဝတွေပေးဆပ်လိုက်ရသလိုတချို့ပြည်သူတွေလည်း တောထဲဝင်ပြီး စစ်ပညာကိုသင်ကြားလေ့ကျင့်နေကြတာဖြစ်ပါတယ်။

အင်ဂျင်နီယာကျောင်းသားတစ်ယောက်ဖြစ်တဲ့မောင်လျှံဖြိုးအောင်ဆိုရင်လည်းလက်တစ်ဖက်ဖြတ်လိုက်ရတဲ့အပြင်ညာဘက်မျက်လုံးကလည်း မျက်ကြည်လွှာအစားထိုးကုသဖို့အတွက်လိုအပ်နေတာဖြစ်ပါတယ်။

မောင်လျှံဖြိုးအောင်ရဲ့မိသားစုဝင်တွေကလည်းသူ့ရဲ့ဘေးနားမှာနေပြီး အစစအရာရာဂရုစိုက်ပေးနေတာဖြစ်ပါတယ်။

(၇.၆.၂၀၂၁)ရက်နေ့မှာတော့ မောင်လျှံဖြိုးအောင်ကိုတရားစွဲဆိုထားတဲ့ ၅၀၅(က) ပုဒ်မနဲ့ လာရောက်ဖမ်းဆီးပြီးဒေါင်းနေအကျဉ်းထောင်သို့ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။

မောင်လျှံဖြိုးအောင်ကအခုချိန်ထိအကောင်းပကတိပြန်မဖြစ်သေးဘဲမိသားစုအကူအညီနဲ့လှုပ်ရှားနေရတာဖြစ်ပါတယ်။

နောက်ထပ်ဆေးကုသမှုတွေလိုအပ်နေသေးတဲ့သားဖြစ်သူကို မိသားစုဝင်တွေကလည်းစိတ်ပူနေကြတာဖြစ်ပါတယ်။

ပြည်သူတွေကတော့သူ့အတွက်တတ်နိုင်သလောက်ကူညီပေးကြပြီး Speak Outလည်းလုပ်ပေးနေကြတာဖြစ်ပါတယ်။

မိန်းကလေးတစ်ယောက်ကဆိုရင် မောင်လျှံဖြိုးအောင်မျက်လုံးတစ်ဖက်မြင်ရဖို့အတွက်သူ့ရဲ့မျက်ကြည်လွှာကိုလှူချင်နေတာဖြစ်ပါတယ်။ စေတနာရှင်မိန်းကလေးက “ညီမကကိုယ်လက်အင်္ဂါအကုန်စုံနေသေးတော့မျက်လုံးတစ်ဖက်မမြင်ရလည်းအဆင်ပြေမှာပါ။

အစ်ကို့အတွက်အမြင်အာရုံလေးဖြစ်ဖြစ်ကူညီချင်ပါတယ်”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။မောင်လျှံဖြိုးအောင်ရဲ့ ဖခင်ကလည်းအခုလိုမျိုး စေတနာကောင်းတဲ့မိန်းကလေးကိုအရမ်းကျေးဇူးတင်နေတာဖြစ်ပါတယ်။

အများအကျိုးအတွက်ဆောင်ရွက်ခဲ့ရင်း ပေးဆပ်လိုက်ရတဲ့ မောင်လျှံဖြိုးအောင်လည်းအချုပ်အနှောင်မှလွတ်မြောက်ပြီး မြန်မြန်သက်သာပါစေလို့ဆုတောင်းရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

credit: DAUNG