ပြည်သူတွေကိုကာကွယ်ဖို့အတွက် လွတ်မြောက်နယ်မြေမှာစစ်ပညာသင်ယူရင်း ဖြစ်သလိုစားကာအားဖြည့်နေကြတဲ့ ဟားငါးကောင်အဖွဲ့

ပြည်သူတွေကိုကာကွယ်ဖို့အတွက် လွတ်မြောက်နယ်မြေမှာစစ်ပညာသင်ယူရင်း ဖြစ်သလိုစားကာအားဖြည့်နေကြတဲ့ ဟားငါးကောင်အဖွဲ့

ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်ပြီး လူငယ်လေးတွေနဲ့ဖွဲ့စည်းထားတဲ့ လူရွှင်တော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဟား(၅)ကောင်ကိုသိကြမယ်ထင်ပါတယ်။

ဟား(၅)ကောင်အဖွဲ့ဟာ အမြဲလိုလိုပြောင်မြောက်ထိမိလှတဲ့ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အ၀ရရှိထားသလို

ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် အာဏာရှင်ဆန့်ကျင်ရေးမှာ ပြည်သူနဲ့အတူတစ်သားတည်းရပ်တည်ခဲ့တဲ့ လူရွှင်တော်တွေလည်းဖြစ်ပြီး

အခုဆိုရင်လည်း လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတက်ရောက်နေပြီလည်းဖြစ်ပါတယ်။ဟားငါးကောင်အဖွဲ့က အနုပညာအလုပ်တွေလုပ်စဥ်တုန်းကလည်း

တက်ညီလက်ညီရှိကြသလို အခုလိုအချိန်မှာလည်း ညီအစ်ကိုရင်းတွေပမာစည်းလုံးညီညွတ်နေကြတာလည်းဖြစ်ပါတယ်။

ဟားငါးကောင်အဖွဲ့က ပြည်သူတွေကိုအကာအကွယ်ပေးဖို့အတွက် တာလပတ်မိုးထားတဲ့ အိမ်လေးထဲမှာပင်ပန်းဆင်းရဲစွာနဲ့ စစ်ပညာသင်ယူနေကြပြီး

အစားအသောက်ကိုလည်းဖြစ်သလိုလေး စားကြရင်းအားဖြည့်နေကြတာဖြစ်ပါတယ်။


အနုပညာရှင်တွေဖြစ်ပေမယ့် အခုလိုပင်ပင်ပန်းပန်းခက်ခက်ခဲခဲနဲ့ စစ်ပညာသင်ယူနေကြတဲ့ ဟားငါးကောင်အဖွဲ့ကတော့ လေးစားစရာကောင်းလွန်းပါတယ်။

ဟားငါးကောင်အဖွဲ့က မကြာခဏဆိုသလို သူတို့ရဲ့လှုပ်ရှားမှုပုံရိပ်တွေနဲ့ နိုင်ငံရေးအခြေအနေတွေကို Facebookစာမျက်နှာမှာ တင်ပေးလေ့ရှိပါတယ်။

အခုဆိုရင်လည်း ပိုးလေးက သူရဲFacebookစာမျက်နှာမှာ “စားလို့ အရမ်းကောင်းတယ်” ဆိုပြီး captionလေးရေးသားကာ တောတောင်ထဲမှာ ဖြစ်သလိုလေး

စားသောက်နေရင်း ပျော်ရွှင်နေကြတဲ့ပုံလေးတွေတင်ပေးလာပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo credit-ပိုးလေးအဖာစနာဆရာကြီး’s Facebook acc