လူဦးရေ ၆၀၀လောက် စစ်ဘေးရှောင်ကာခိုလှုံနေကြရတဲ့ တောတောင်ထဲမှမြင်ကွင်းပုံရိပ်တစ်ချို့

လူဦးရေ ၆၀၀လောက် စစ်ဘေးရှောင်ကာခိုလှုံနေကြရတဲ့ တောတောင်ထဲမှမြင်ကွင်းပုံရိပ်တစ်ချို့

ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ အခုလက်ရှိမှာဆိုရင်တိုက်ပွဲတွေတောက်လျှောက်ဖြစ်ပေါ်နေပြီး

အထိအခိုက်အကျအဆုံးများလာနေတယ်လို့သိရပါတယ်။

တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေမှာလည်း နေရပ်ကိုစွန့်ခွာကာ တောတောင်ထဲတွေမှာသွားရောက်ခိုလှုံနေရပြီး ဆင်းရဲဒုက္ခတွေနဲ့တွေ့ကြုံခံစားနေကြရတာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့လည်း ရရာလက်နက်ဆွဲကိုင်ကာခုခံတော်လှန်နေကြပေမယ့် လက်နက်အင်အားမမျှတာကြောင့်

ပြည်သူတွေရဲ့စည်းစိမ်ဥစ္စာတွေအထိပါ ဖျက်ဆီးခံနေရတာဖြစ်ပါတယ်။တိုက်ပွဲတွေဖြစ်ပေါ်နေတဲ့ဒေသတွေမှာ စစ်ကောင်စီတပ်တွေက

လက်နက်ကြီးငယ်များနဲ့မြို့တွင်းထဲထိပါပစ်ခတ်မှုတွေကြောင့် လူနေအိမ်အများအပြားလည်းပျက်စီးရသလို ဘုရားကျောင်းတွေအထိပါ

ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်နေတာပါ။

ဒါ့ပြင်စစ်ဘေးရှောင်စခန်းတွေအထိပါ လက်နက်ကြီးတွေပစ်ခတ်မှုကြောင့် ပြည်သူတွေအနေနဲ့ တောတောင်ထဲတွေအထိပါ

သွားရောက်တိမ်းရှောင်နေကြရတာဖြစ်တယ်လို့သိရပါတယ်။အခုကာလကမိုးတွင်းကာလလည်းဖြစ်တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့

တောတောင်ထဲတွေမှာ တာလဘတ်လေးတွေမိုးကာ ဖြစ်သလိုလေးနေနေကြရတာပါ။

ဒါ့ပြင်စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးပစ္စည်းတွေလည်း လုံလုံလောက်လောက်မရရှိတဲ့အတွက် သေဆုံးသွားကြရတဲ့ စစ်ဘေးသင့်ပြည်သူတွေလည်းရှိနေတာဖြစ်ပါတယ်။

တောတောင်‌တွေထဲမှာ ဆင်းရဲဒုက္ခခံစားရင်း စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေရဲ့ ပုံရိပ်အချို့ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post