မနက်တည်းကဘာထမင်းမှမစားရသေးတာကြောင့်ရှိတဲ့ပိန်နဲသီးကိုသာအားရပါးရဝိုင်းစားနေကြတဲ့ကယားပြည်နယ်ကPDFလူငယ်များ

မနက်တည်းကဘာထမင်းမှမစားရသေးတာကြောင့်ရှိတဲ့ပိန်နဲသီးကိုသာအားရပါးရဝိုင်းစားနေကြတဲ့ကယားပြည်နယ်ကPDFလူငယ်များ

မြန်မာလူငယ်တွေကတော့ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ၁ရက်နေ့မှစပြီးအနာဂတ်တွေ ၊ရည်မှန်းချက်တွေပျောက်ဆုံး ခဲ့တာကြောင့်လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းပြီး ပစ်ခတ်မှုတွေ များစွာခံ ခဲ့ရတာကြောင့် လူငယ်တွေဟာပြန်လည်ခုခံဖို့အတွက် တိုင်းရင်းသား ဒေသတွေ ဆီသွားပြီး စစ်သင်တန်းတွေ တတ်ရောက်နေကြပါတယ်။

တစ်ချို့သော လူငယ်တွေ ဟာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေထဲ ဝင်ရောက်ပြီးပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ် ကိုကာကွယ်ပေး ဖို့ကြိုးစားနေကြ ပါတယ်။

ကယားပြည်နယ်မှာ လည်းပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အကြားတိုက်ပွဲ တွေဖြစ်ပွားနေခဲ့ ပါတယ်။ကယားပြည်နယ်ကပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်ဖွဲ့ဝင်တွေကတော့ မနက်တည်းက ဘာထမင်းမှမစားရသေးတာမို့ရှိတဲ့ ပိန်နဲသီးကို သာအားရပါးရ ဝိုင်းစားနေကြပါတယ်။

PDFလူငယ်တစ်ဦးက ” ရှိတာစားပြီး ဆက်တိုက်မယ် မနက်ကတည်း က ထမင်းမစားရသေးလို့ တွေ့တာရှာစားလိုက်တော့တယ် “ဆိုပြီး အဆိုပါစားသောက်နေကြ တဲ့ဗီဒီယိုဖိုင်လေးနဲ့အတူမျှဝေ လာခဲ့တာ ပဲဖြစ်ပါတယ်။

မြန်မာပြည်သူတွေ ကတော့ ဘေးကင်းကြပါစေ၊ လုံခြုံကြပါစေ၊အား တင်းထားကြ ပါဆိုပြီး အဆိုပါပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အတွက်အားပေးစကား တွေပြောဆိုနေကြ ပါတယ်။

မြန်မာပြည်သူတွေရဲ့အနာဂတ်တွေ တောက်ပဖို့အတွက် အသက်ကို တောင်ပဓာနမထားဘဲရှိတာလေးစားပြီ းတိုက်ပွဲဝင်နေတဲ့ PDFလူငယ်တွေရဲ့စိတ်ဓာတ်က အရမ်းကိုလေးစားစရာကောင်းလွန်းနေခဲ့ပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post