ကြားကာလပညာရေးအစီအစဉ်ကို မကြာမီကြေညာမယ်လို့ NUG ရဲ့ ပညာရေးဒုဝန်ကြီးပြော

ကြားကာလပညာရေးအစီအစဉ်ကို မကြာမီကြေညာမယ်လို့ NUG ရဲ့ ပညာရေးဒုဝန်ကြီးပြော

ကြားကာလပညာရေးအစီအစဉ်အတွက် NUG ပညာရေးဝန်ကြီးဌာနက မကြာမီမှာ ဝန်ကြီးဌာန တရားဝင်

ဖေစ့်ဘုတ်စာမျက်နှာနဲ့အင်တာနက်ဝက်ဆိုက်တွေကနေတဆင့် ကြေညာသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး က

သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။


လက်ရှိမှာ ဖွင့်နေတဲ့ ဖွင့်နေတဲ့ ပညာရေးဝန်ဆောင်မှု ကျောင်းတွေ အစီအစဉ်တွေကို ပညာရေးဝန်ကြီးဌာနက တရားဝင်စံသတ်မှတ်ပေးနိုင်ဖို့ မူဝါဒတွေ

ရေးဆွဲနေတုန်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဘယ်ပညာရေးဝန်ဆောင်မှုအဖွဲ့အစည်းကိုမှ တရားဝင် အသိအမှတ်ပြုစံသတ်မှတ်ပေးခြင်းကို မလုပ်ဆောင်ရသေးကြောင်းနဲ့

မူဝါဒရေးဆွဲပြီးပါက စံသတ်မှတ်နိုင်ဖို့အစီအစဉ်တွေကို ပြန်လည်ကြေညာပေးမယ်လို့ ဆိုပါတယ်။


ကြားကာလပညာရေးအစီအစဉ်ကို ဇွန်လအတွင်း စတင်နိုင်အောင် စီစဉ်နေပြီး အင်တာနက်နည်းပညာပိုင်း (cyber security ) လုံခြုံအောင်စီစဉ်နေရတာကြောင့်

အနည်းငယ်ကြန့်ကြာသွားကြောင်းလည်း ဒုဝန်ကြီးကပြောပါတယ်။

လတ်တလောမှာတော့ အဆင့်မြင့်ပညာပိုင်းအနေနဲ့ တော်လှန်ရေးကာလအတွင်း လက်တွေ့ အသုံးဝင်မဲ့ နည်းပညာပိုင်းနဲ့ လူမှုရေးသိပ္ပံဆိုင်ရာ

ဘာသာရပ်ရက်တိုသင်တန်း (short course) တွေကို ဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့်လေ့လာနိုင်ပြီ ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ဓာတ်ပုံ-MPA
Crd-BBC Burmese