ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် Eleven Media က ဘာဖြစ်နေလဲဟု ဇော်မင်းထွန်းမေးခွန်းထုတ်

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် Eleven Media က ဘာဖြစ်နေလဲဟု ဇော်မင်းထွန်းမေးခွန်းထုတ်

Eleven media group သတင်းထောက်တစ်ဦးက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဘာကြောင့် အရေးမယူလဲလို့ မေးမြန်းရာမှာ အကြမ်းဖက်စစ်ကောင်စီဇော်မင်းထွန်းက “ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် Eleven က ဘာဖြစ်နေလဲ ” လို့ မေးခွန်းပြန်မေးခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ Eleven media group က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အရေးယူဖို့အတွက်ရေလာမြောင်းပေး မေးခွန်းတွေကို မေးမြန်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို တပ်မတော်ရိက္ခာဆောင်တွင်ထားရှိထားပြီး စစ်ဆေးဆောင်ရွက်ဆဲဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီ ပြန်ကြားရေးက ပြောကြားခဲ့ပါတယ်။

NLD အစိုးရလက်ထက်မှာ Eleven Media Group CEO သန်းထွဋ်အောင်ဟာ အချက်အလတ်အထောက်အထားမပြသနိုင်ဘဲ မဟုတ်မမှန်သတင်းရေးသားမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံရပြီး နောက် မီဒီယာကောင်စီ၏ကြားဝင်ညှိနှိုင်းမှုကြောင့် တိုင်းအစိုးရကပြန်လည်ကျေအေးပေးခဲ့ပါတယ်။

အထက်ပါကိစ္စတွေနဲ့ လက်ရှိ စစ်ကောင်စီနဲ့ပူးပေါင်းမှုကြောင့် Eleven media group ဟာ လက်ရှိအချိန်ထိပြည်သူလူထု ထောက်ခံမှု လျော့ကျနေဆဲဖြစ်ပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post