ဘယ်ပညာရေးဝန်ဆောင်မှုအဖွဲ့အစည်းကိုမှ တရားဝင် အသိအမှတ်ပြုစံသတ်မှတ်ပေးခြင်းကို မလုပ်ဆောင်ရသေးကြောင်း ၊ ဒုဝန်ကြီး ဂျာထွယ်ပန်ပြော

ဘယ်ပညာရေးဝန်ဆောင်မှုအဖွဲ့အစည်းကိုမှ တရားဝင် အသိအမှတ်ပြုစံသတ်မှတ်ပေးခြင်းကို မလုပ်ဆောင်ရသေးကြောင်း ၊ ဒုဝန်ကြီး ဂျာထွယ်ပန်ပြော

ကြားကာလပညာရေးအစီအစဉ်အတွက် NUG ပညာရေးဝန်ကြီးဌာနက မကြာမှီမှာ ၀န်ကြီးဌာန တရားဝင် ဖေစ့်ဘုတ်စာမျက်နှာ နဲ့အင်တာနက်ဝက်ဆိုဒ် တွေကနေတဆင့် ကြေညာသွားမှာဖြစ်ပါတယ်။ အခုအချိန်မှာ ဖွင့်နေတဲ့ပညာရေး၀န်ဆောင်မှု ကျောင်းတွေ အစီအစဉ်တွေကို ပညာရေးဝန်ကြီးဌာနက တရား၀င်စံသတ်မှတ်ပေးနိုင်ဖို့ မူဝါဒတွေ ရေးဆွဲနေတုန်းပဲဖြစ်ပါတယ်။

ဒါကြောင့် ဘယ်ပညာရေးဝန်ဆောင်မှုအဖွဲ့အစည်းကိုမှ တရားဝင်အသိအမှတ်ပြုစံသတ်မှတ်ပေးခြင်းကို မလုပ်ဆောင်ရသေးကြောင်း မိဘပြည်သူကိုသိစေလိုပါတယ်။ မူဝါဒရေးဆွဲပြီးရင်တော့ စံသတ်မှတ်နိုင်ဖို့အစီအစဉ်တွေပြန်ပြီးကြေညာပေးပါ့မယ်။

ကြားကာလပညာရေးအစီအစဉ်လည်း စတင်တော့မှာဖြစ်ပါတယ်။ အင်တာနက်နည်းပညာပိုင်းလုံခြုံအောင်လုပ်နေရလို့ အနည်းငယ်ကြန့်ကြာသွားရခြင်းပါ။ ဇွန်လအတွင်းစတင်နိုင်အောင်စီစဉ်ဆောင်ရွက်နေပါတယ်။

လောလောဆယ်မှာတော့ အဆင့်မြင့်ပညာပိုင်းအနေနဲ့ တော်လှန်ရေးကာလအတွင်း လက်တွေ့ အသုံး၀င်မဲ့နည်းပညာပိုင်းနဲ့ လူမှုရေးသိပ္ပံဆိုင်ရာ ဘာသာရပ်ရက်တိုသင်တန်း (short course) တွေကို ၀န်ကြီးဌာန fb page ကနေတဆင့်လေ့လာနိုင်ပြီ ဖြစ်ပါတယ်။

ပညာရေးအစီအစဉ်တွေအားလုံးကို ဝန်ကြီးဌာန တရား၀င် FB Page/website တွေကတဆင့် ကြေညာမှသာ အစစ်အမှန်ဖြစ်ကြောင်းသိစေလိုပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post