ချင်းစစ်ဘေးရှောင်ပြည်သူ1000ကျော်အတွက် အရေးပေါ်စစ်ဘေးရှောင်စခန်းလေးလှူဒါန်းပေးကြတဲ့ စေတနာရှင်များ

ချင်းစစ်ဘေးရှောင်ပြည်သူ1000ကျော်အတွက် အရေးပေါ်စစ်ဘေးရှောင်စခန်းလေးလှူဒါန်းပေးကြတဲ့ စေတနာရှင်များ

ဖမ်းဆီးထိန်းသိမ်းမှုတွေ နေရာတိုင်းမှာ များပြားနေပေမယ့် ပြည်သူတွေရဲ့ စစ်အာဏာရှင် တော်လှန်ရေး သပိတ်စစ်ကြောင်းတွေ

ကတော့ နေ့ရက်တိုင်း ထွက်ပေါ်နေကြဆဲဖြစ်ပါတယ်။

အရင်လို အင်အားများစွာနဲ့ ဆန္ဒထုတ်ဖော်ရန် မလွယ်ကူတာကြောင့် ပြောက်ကျားသပိတ်တွေဆင်နွှဲကာ အာဏာရှင်စနစ်ကို

အဆုံးထိတော်လှန်နေကြတာဖြစ်ပါတယ်။ပြည်သူတွေဘက်က အခုလို ဆန္ဒပြသပိတ်တွေထွက်ကြသလို ပြည်သူ့ကာကွယ်ရေးတပ်

PDFတွေဖွဲ့စည်းပြီးတော့လည်း စစ်အာဏာရှင်တွေကိုတော်လှန်နေကြတာဖြစ်ပါတယ်။

မင်းတပ်ကို စစ်အုပ်ချုပ်ရေးကြေငြာထားပြီး သောက်သုံးရေဖြတ်တောက်မှု၊စားနပ်ရိက္ခာဖြတ်တောက်မှုတွေလည်း ပြုလုပ်ခဲ့တာကြောင့်

ပြည်သူတွေအနေနဲ့ဆင်းရဲဒုက္ခမျိုးစုံကိုကြုံတွေ့နေကြရတာလည်းဖြစ်ပါတယ်။မိုးတွင်းကာလဖြစ်တဲ့အပြင်မိုးအဆက်မပြတ်ရွာသွန်းနေ

တာကြောင့်လည်း စစ်ဘေးရှောင်ပြည်သူတွေမှာ မိုးထဲရေထဲမှာ ဒုက္ခရောက်နေကြရတဲ့အပြင်ပစ်ခတ်မှုတွေကြောင့် မိုးရွာထဲမှာပါ

ဘေးလွတ်ရာကို ရွာလုံးကျွတ်ထွက်ပြေးခိုလှုံနေကြရတယ်လို့ သိရပါတယ်။

အခုလိုဆင်းရဲဒုက္ခတွေကြုံနေရတဲ့ချင်းပြည်က စစ်ဘေးရှောင်ပြည်သူတွေအတွက် စေတနာရှင်လူငယ်လေးတွေက

စစ်ဘေးရှောင်စခန်းလေးဆောက်ပေးကာ အကူအညီပေးခဲ့ကြတာဖြစ်ပါတယ်။

ဒီအကြောင်းအရာလေးကိုလည်း “ချင်းစစ်ဘေးရှောင် 1000 ကျော်အတွက်အရေးပေါ်စစ်ဘေးရှောင်စခန်းလေးပြီးပါပြီ.

ပါဝင်ကူညီကြတဲ့ ပြည်သူအားလုံးရဲ့

မေတ္တာတွေနဲ့ အေးချမ်းလုံခြုံကြပါစေ

ချင်းတောင်တန်းတွေပေါ်မှာ

နှမ်းတစ်စေ့အဖြစ် ကျနော်တို့ရှိနေပါဦးမယ်.

09401515002 (KPay)……” ဆိုပြီးရေးသားဖော်ပြထားပါတယ်။ ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
သတင်းအရင်းမြစ်: Myanmarload