အာဏာသိမ်းပြီး ၄လအတွင်း တိုင်းပြည် တိုးတက်ပြောင်းလဲလာကြောင်း ပြောလာတဲ့ စစ်ခေါင်းဆောင်..

အာဏာသိမ်းပြီး ၄လအတွင်း တိုင်းပြည် တိုးတက်ပြောင်းလဲလာကြောင်း ပြောလာတဲ့ စစ်ခေါင်းဆောင်..

၄ လကျော်ကာလအတွင်း တိုင်းပြည်တိုးတက်ပြောင်းလဲလာကြောင်းနဲ့ ဘဏ္ဍာရေးနှစ် အသစ်ပြန်လည်ပြင်ဆင် သတ်မှတ်မယ်လို့

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၇ ရက်က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောပါတယ်။

မိမိတို့အနေနဲ့ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်အား တာဝန်ယူ ဆောင်ရွက်မှုဟာ ၄ လကျော်ကာလအထိ ရောက်ရှိလာပြီဖြစ်ပြီး

တိုးတက်ပြောင်းလဲမှုတွေ ရှိသကဲ့သို့စိန်ခေါ်မှု တချို့လည်းရှိနေသေးတယ်၊ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမွန်ပြည်နယ်နဲ့

ကရင်ပြည်နယ်သို့ရောက်ရှိခဲ့ပြီး ပြည်သူတွေအနေနဲ့ တည်ငြိမ် အေးချမ်းစွာ သွားလာလှုပ်ရှားနေကြတာတွေ့ရတယ်လို့စစ်ခေါင်းဆောင်က ပြောပါတယ်။

ယခင်အစိုးရက ဘဏ္ဍာရေးနှစ် အသစ်ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း ဒီကာလသတ်မှတ်ချက်က နိုင်ငံတော်နဲ့

စီးပွားရေးလုပ်ငန်းရှင်တွေ၊ စိုက်ပျိုးတောင်သူတွေအတွက် အဆင်မပြေမှုတွေ များစွာဖြစ်ပေါ်ခဲ့ရတာကြောင့်နိုင်ငံနဲ့ လိုက်လျောညီထြွေဖစ်စေဖို့

ပြန်လည် ပြင်ဆင်သတ်မှတ်မယ်လို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။

ဘယ်လိုပြင်ဆင်သတ်မှတ်မယ် ဘယ်တော့ ပြင်ဆင်သတ်မှတ်မယ်ဆိုတာတော့ ၎င်းအနေနဲ့ အသေးစိတ် ပြောဆိုသွားခြင်း မရှိပါဘူး။

စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကတော့ နှစ်အလိုက် ပြက္ခဒိန်နှစ်မှာ အများပြည်သူ

ရုံးပိတ်ရက်တွေသတ်မှတ်ခဲ့မှု အခြေအနေနဲ့ ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်တဲ့ ကိစ္စရပ်တွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့စစ်ကောင်စီက သတင်းထုတ်ပါတယ်။

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post