ထွက်ပြေးလာတဲ့တပ်မတော်သားတစ်ချို့ရဲ့ ထင်မှတ်မထားတဲ့အပြုအမူကြောင့် ဝမ်းနည်းဝမ်းသာဖြစ်ရကြောင်း ရင်ဖွင့်လာတဲ့ မင်းတပ် CDF ခေါင်းဆောင်တစ်ဦး

ထွက်ပြေးလာတဲ့တပ်မတော်သားတစ်ချို့ရဲ့ ထင်မှတ်မထားတဲ့အပြုအမူကြောင့် ဝမ်းနည်းဝမ်းသာဖြစ်ရကြောင်း ရင်ဖွင့်လာတဲ့ မင်းတပ် CDF ခေါင်းဆောင်တစ်ဦး

ကျေးဇူးတရားကိုသိတတ်တဲ့လူကိုသာ လူလို့ခေါ်ထိုက်ပါတယ်။ တစ်လုပ်စားဖူး သူ့ကျေးဇူးဆိုတာကို ကောင်းကောင်းသိသွားခဲ့တဲ့ တပ်ဖက်ကထွက်ပြေးလာခဲ့တဲ့

တပ်မတော်သားတွေဟာ ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့တဲ့ မင်းတပ် PDF အဖွဲ့တွေကို ပြန်ပြီးကျေးဇူးပြုခဲ့တဲ့အကြောင်းကို ” စစ်တပ်ကထွက်ပြေးလာတယ်

လို့ယူဆရတဲ့ စစ်သားတချို့ကိုမိတာ ၁လလောက်ရှိပြီ သူတို့ကို မရိုက်နှက်ခဲ့ဘူး ကြိုးနဲ့

မချည်ထားဘူး နေချင်သလိုနေခွင့်ပေးပြီး ထမင်းကျွေးထားခဲ့တယ် အစောင့်နဲ့တော့ထားရတယ် ဆေးလိပ်နဲ့ခေါင်ရည်ကို တတ်နိုင်သလောက်စီစဉ်ပေးခဲ့တယ်

ဒီလိုနဲ့ သူတို့ရောက်ပြီး (၂) ပါတ် ကျော်အကြာမှာ ကျနော်တို့ ချီချောင်းဖက်က CDF တွေက

ကန်ပက်လက်ဖက်မှာ တပ်ကျွံနေတုန်း စစ်မျက်နှာ (၃) ဖက်အညှပ်ခံရပြီး တပ်ဆုတ်ရဖို့ အခြေနေဖြစ်လာခဲ့တယ် အဲ့မှာရွာသူရွာသားတွေ၊ သက်ကြီးရွယ်အိုတွေ ၊

ကလေးသူငယ်တွေအားလုံး စစ်သားတွေရန်က ကြောက်ပြီးရွာတွေကနေဝရုန်းသုန်းကားထွက်ပြေးကြရတော့တယ် တပ်ပြေးတွေကိုလဲ

ဆက်လက်ထိမ်းသိမ်းထားဖို့မဖြစ်နိုင်တော့လို့ သူတို့ကိုမရှိရှိတဲ့ကြားထဲကနေ လမ်းစရိတ် (၅) သောင်းစီပေးပြီး ထွက်ပြေးခိုင်းတေ

ာ့ သူတို့မျက်နှာတွေ မကောင်းတာပဲသတိထားမိခဲ့တယ် ” လို့အစချီပြီး CDF ခေါင်းဆောင်တစ်ဦးကပြောပြလာခဲ့ပါတယ်။

ဒီနောက်မှာလည်း ” ဒီလိုနဲ့ တပ်ဆုတ်နေရင်း ရွာတစ်ရွာနားမှာ ကျနော်တို့ CDF တွေတပ်စွဲထားတဲ့ ချိန် အဲ့စစ်ပြေးတွေကိုတစ်ခါထပ်တွေ့တော့

သူတို့ခမျာ ခလေးပိုးတဲ့သူကပိုး၊အထုပ်ထမ်းတဲ့ သူကထမ်း၊ တူမီးကိုင်တဲ့သူကကိုင်နဲ့ စစ်ဘေးရှောင်အုပ်စုကို ဦးဆောင်လာတာဗျ တကယ်အံသြမိသွားတယ် ”

နင်တို့မပြန်သေးဘူးလား “လို့ ကျနော်မေးတော့“ကျနော်တို့ကို ထမင်းကျွေးခဲ့တဲ့ရွာကိုပစ်ပြီး ဒီတိုင်းထွက်မသွားနိုင်သေးဘူး၊ သူတို့ဘေးကင်းရာ

ရောက်ပြီးမှပြန်မယ် ” ဆိုတော့ ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ ဗီယက်နမ်စစ်ကားလေးကို မျက်စိထဲတန်းမြင်ယောင်မိလာတော့တယ်

မင်းသားက အာနိုးထင်တယ် ဗီယက်နမ်ကို စစ်တိုက်သွားတဲ့ အမေရိကန်မရိန်းစစ်သားက သူ့ကိုကာကွယ်ပေးခဲ့တဲ့ ဗီယက်ကောင်းရွာလေးကို ပြန်ကာကွယ်ပေးခဲ့တဲ့

စစ်ကားလေး အဲ့လိုနဲ့ နောက်နေ့တွေမှာ ကျနော့ဘေးနားမှာသူတို့ကို နေခွင့်ပေးလိုက်တော့တယ်

တူမီးလေးတွေကိုယ်စီကိုင်လို့ (အစကတော့ သူတို့ကို မယုံသေးပါဘူး) ” ဆိုတဲ့ ကြည်နူးစရာအဖြစ်အပျက်အကြောင်းကို ရင်ဖွင့်လာခဲ့ပါတယ်။

မေတ္တာတရားနဲ့ဆက်ဆံတဲ့အခါ ဘယ်လောက်ပဲအရိုင်းဆန်သူဖြစ်ပါစေ နူးညံ့သွားစမြဲပါပဲ။ ဒီအဖြစ်အပျက် လေးကိုပြန်လည်ဝေမျှတဲ့အချိန်မှာ

စိုးရိမ်ကြတဲ့ပြည်သူတွေက အရမ်းအယုံမလွယ်ဖို့ ဝိုင်းဝန်းသတိပေးခဲ့ ကြပါတယ်။CDF ခေါင်းဆောင်ဖြစ်သူကတော့ ” ကျနော်ယုံကြည်ပါတယ်

မေတ္တာဆိုတာ ရောင်ပြန်ဟပ်ပါတယ် နောက်နေ့ကျရင် သူတို့နဲ့မိတ်ဆက်ပေးမယ်နော သူတို့လက်ထဲကို သူတို့ရဲ့သေနတ်အစစ်တွေပြန်ထည့်ပေးနိုင်ဖို့

အချိန်မဝေးတော့ပါဘူး ”ဆိုပြီး ပြောပြလာခဲ့ပါတယ်။

အရာရာကို အသိ သတိနဲ့ယှဉ်ပြီး ပြည်သူအားလုံးလိုချင်တဲ့ ဒီမိုကရေစီရအောင်ယူနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo Credit – Naing Tam’s FB Acc