အဆင်မပြေမှုတွေ များစွာကို ရင်ဆိုင်ရင်း ခက်ခက်ခဲခဲ နေထိုင်နေကြရတဲ့ ကယား စစ်ဘေးရှောင်တွေရဲ့ ဖြစ်ရပ်မှန် ဗီဒီယိုဖိုင်
အဆင်မပြေမှုတွေ များစွာကို ရင်ဆိုင်ရင်း ခက်ခက်ခဲခဲ နေထိုင်နေကြရတဲ့ ကယား စစ်ဘေးရှောင်တွေရဲ့ ဖြစ်ရပ်မှန် ဗီဒီယိုဖိုင်
တိုင်းရင်းသား တောင်တန်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေလို့ နေရပ်ဒေသတွေကို စွန့်ခွာပြီး တောထဲမှာ စစ်ဘေးရှောင်နေရသူတွေလည်း
ရှိသလို နီးစပ်ရာ နိုင်ငံတွေဆီ သွားရောက်ပြီး ခိုလှုံ နေရတဲ့ ပြည်သူတွေ များစွာရှိနေခဲ့ပါပြီ ။
ယခုလအတွင်းမှာ တိုက်ပွဲတွေ ပိုမိုဖြစ်ပွားနေလို့ စစ်ဘေးရှောင် ပြည်သူအရေအတွက်တွေလည်း များလာကာ တစ်နေ့တခြား ထောင်နဲ့ချီပြီး
လွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ် ။ဒီလိုစစ်ဘေးရှောင် ပြည်သူတွေထဲမှာ ကလေးငယ်လေးတွေ သက်ကြီးရွယ်အိုတွေ
အများဆုံးတွေ့ရပြီး အသက်ဘေးက လွတ်မြောက်ရန် ထွက်ပြေးတိမ်းရှောင်ကြရပေမယ့် အခက်အခဲတွေနဲ့လည်း အများဆုံးရင်ဆိုင်နေကြရပါတယ် ။
ပြည်မက ပြည်သူတွေကလည်း ကိုယ်ချင်းစာနာကြလို့ လိုအပ်တာများ ပံ့ပိုးပေးကြပေမယ့် စစ်ဘေးရှောင်ပြည်သူတွေဆီ အဆင်ပြေပြေ
ရောက်ရှိသွားတာတွေလည်းရှိသလို လမ်းခရီးမှာ အာဏာရှင် လူတစ်စုရဲ့ ဖျက်ဆီးမှုတွေကြောင့် ပျက်စီးသွားရတဲ့ ဆေးဝါးတွေ ရိက္ခာတွေလည်း များစွာ ရှိနေခဲ့ပါတယ် ။
ကယားပြည်နယ်မှာဆိုရင် ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေကြောင်း သိရပါတယ် ။ အာဏာရှင်လူတစ်စုဖက်ကလည်း အင်အားတိုးချဲ့ကာ
စစ်ဘေးရှောင်တွေရှိရာ နေရာတွေအထိ ပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် ပုန်းခိုစရာ နေရာတွေလည်း နည်းပါလာခဲ့ပါတယ် ။
အလှူရှင်တွေ လှူဒါန်းတဲ့ ရိက္ခာတွေကို မျှဝေစားသောက်ရင်း အားတင်းကာ ရှေ့ဆက်နေကြရတာပါ ။ဒါ့အပြင် စစ်ဘေးရှောင်စခန်းတစ်ခုမှာ လူများစွာစုပြုံပြီး
အဆင်ပြေသလို နေထိုင်နေရတဲ့ ဒေသခံတွေရဲ့ ဖြစ်ရပ်မှန်တွေကို ဗီဒီယိုလေးထဲမှာ တွေ့မြင်ရမှာပါ ။ပရိသတ်ကြီးအတွက် ကယား စစ်ဘေးရှောင်တွေရဲ့
ဗီဒီယိုကိုဝေမျှပေးရင်း အားလုံး ဘေးအန္တရာယ်ကင်းရှင်း ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။
အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ရုပ်သံဖိုက်ကြည့်ရန်
Crd-Original Post
(ZAWGYI)
Crd-Original Post