မသန့်ရှင်းတဲ့ရေနဲ့ အကာအကွယ်မဲ့တဲ့နေရာမှာ ဒုက္ခများနေရတဲ့ ကယားစစ်ဘေးရှောင်တွေဆီ အရောက်သွားပြီးလှူဒါန်းပေးခဲ့တဲ့ ပရဟိတအကျိုးတော်ဆောင်များ

မသန့်ရှင်းတဲ့ရေနဲ့ အကာအကွယ်မဲ့တဲ့နေရာမှာ ဒုက္ခများနေရတဲ့ ကယားစစ်ဘေးရှောင်တွေဆီ အရောက်သွားပြီးလှူဒါန်းပေးခဲ့တဲ့

ပရဟိတအကျိုးတော်ဆောင်များ

လက်ရှိအခြေအနေဟာ သွားရေလာရေးအတော်လေးကိုခက်ခဲပြီး တိုက်ပွဲပြင်းထန်တဲ့ နေရာတွေမှာ

လမ်းပိတ်စစ်ဆေးမှုတွေလည်းရှိနေခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကို ကျော်ဖြတ်ဖို့ဆိုတာ အတော်လေးကိုမလွယ်ကူပါဘူး။

ဒီလိုခက်ခဲတဲ့အခြေအနေတွေကို ကျော်ဖြတ်ပြီး ကယားပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တာတွေ

ထောက်ပံ့ပေးခဲ့တဲ့ ပရဟိတအကျိုးတော်ဆောင်တွေရဲ့ ကြိုးစားမှုနဲ့စေတနာကတော့ လှူဒါန်းလိုက်တဲ့ အလှူရှင်တွေအတွက်

ပိုပြီးသဒ္ဓါပေါက်စေခဲ့ပါတယ်။

စစ်ဘေးရှောင် ပြည်သူတွေအတွက်တော့ မလုံမခြုံဖြစ်နေတဲ့ အခြေအနေမှာ အစားတစ်လုပ်အတွက် ခေါင်းခဲစရာ

မလိုတော့တာမို့ အပူတွေအများကြီးထဲက တစ်ပူငြိမ်းသလိုပါပဲ။

ခက်ခက်ခဲခဲပို့ခဲ့ရတဲ့အကြောင်းကို ” သတင်းကောင်းတစ်ခုပြောရမယ်ဆို လမ်းတွေပိတ်ဆို့ထားတဲ့

ကြားကနေကျွန်တော်တို့ကယားပြည်နယ်ကို ဝင်ရောက်လှူဒါန်းခဲ့ပြီးပါပြီ။

အမှန်အတိုင်းပြောရရင် တော်တော့်တော်တော်ကိုဒုက္ခများခဲ့တာပါ သယ်ယူတဲ့ ပစ္စည်းတွေအရမ်းကိုများလို့ တော်တော်

ခေါင်းကြိမ်းခဲ့ရတာပါ ဒါပေမဲ့ဘာမှမရေးပြတော့ပါဘူး။

ကျွန်တော်ပြောထားတဲ့ မြေပြင်ထိကိုယ်တိုင် သွားမယ်ဆိုတဲ့အတိုင်းရအာင်သွားခဲ့တယ် စစ်ဘေးရှောင်ပြည်သူတွေနဲ့

ကိုယ်တိုင်ကိုယ်ကျ စကားပြောခဲ့ ရတယ် သူတို့ဘာတွေပိုလိုအပ် လည်းသိခဲ့ရတယ် နောက်တစ်ခေါက်တွေ

အတွက်အထောက်အကူဖြစ်တဲ့ အချက်တွေ သိခဲ့ရတယ် ။ ” ဆိုပြီး အကျိုးတော်ဆောင်တစ်ဦးက ပြောပြလာခဲ့ပါတယ်။

လက်ရှိလှူဒါန်းခဲ့တဲ့ပစ္စည်းတွေကိုလည်း ” ကျွန်တော်တို့ရဲ့ဒီတစ်ခေါက်လှူဒါန်းမှုမှာ ဆန်၊ ပဲ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊

ပုဇွန်ခြောက်၊ ငံပြာရည်ကြော်၊ ငါးခြောက်ကြော်၊ လက်ဖက်၊ ကော်ဖီ၊ လက်ဖက်ရည်၊ နို့မှုန့် ၊ ကွေကာအုပ်၊ ဘီစကွတ်၊ ကိတ်ခြောက်

စတဲ့စားသောက်ကုန်များ ။

SleepingBag စတီးပန်ကန်လုံး၊ မိုးကာတာလဘတ်၊ မိုးကာဂျာကင်နဲ့ အဝတ်အစားတွေ ဖိနပ်တွေအပြင် Royal D ဓာတ်ဆားများနဲ့

ဆေးဝါးများ အထိစုံလင်စွာကိုစစ်ဘေးရှောင်စခန်း (၂) ခု ခန့်မှန်းခြေ လူ (၃၀၀၀) ခန့်စာ ထောက်ပံ့ပေး နိုင်ခဲ့ပါတယ် ။

ကျွန်တော်တို့ဟာ ဆီဖြစ်သွားတဲ့နှမ်းစေ့တွေပါ။ပါဝင်လှူဒါန်းပေးတဲ့တစ်ယောက်စီတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်

ကျွန်တော်တို့ရက်အနည်းငယ်နားပြီး နောက်တစ်နေရာအတွက် စတင်ပြင်ဆင်ပါတော့မယ်။ ” ဆိုပြီး

အတိအကျပြန်လည်ပြောပြခဲ့ပါတယ်။

အလှူရှင်တွေရော အလှူလိုအပ်နေသူတွေကိုပါ ကိုယ်ကျိုးမပါဘဲကူညီပေးတဲ့ မြင့်မြတ်တဲ့စိတ်ထားပိုင်ရှင်တွေ

ကျန်းမာလို့ဘေးကင်းကြပါစေ။အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော

နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post