ဈေးလည်း၀ယ်ရင်း အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြတဲ့ နံနက်ခင်း ဈေးလမ်းမကြီး

ဈေးလည်း၀ယ်ရင်း အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြတဲ့ နံနက်ခင်း ဈေးလမ်းမကြီး

ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက အာဏာသိမ်းထားတဲ့ စစ်အစိုးရကို ပြည်သူတွေ‌ဟာ နေရာဒေသအသီးသီးမှာ ဆန့်ကျင်ဆန္ဒပြနေကြတုန်းပါပဲ။

ဆန္ဒပြရာမှာလည်း အမျိုးမျိုးသော Campaign များပြုလုပ်လျက် ပြကြလေ့ရှိပြီး နေပူမိုးရွာမရှောင် အာဏာရှင်ကို ဆန့်ကျင်လျက်ရှိပါတယ်။

ခုဆိုရင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ နံနက်ခင်း ဈေးလမ်းမကြီးတစ်လျှောက် စစ်အာဏာရှင် အပြီတိုင်ကျဆုံးရေး

လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြပါတယ်။

ယခုလှုပ်ရှားမှုဟာ သာမန်လှုပ်ရှားမှုလိုမ‌ျိုး လူများစုဝေစရာမလိုပဲ ဈေး၀ယ်ရင်း ဖြတ်လျှောက်သွားဖို့ပဲလိုပါတယ်။

ပြည်သူတွေအနေနဲ့ ဈေးလမ်းတစ်လျှောက်မှာ စစ်အာဏာရှင်ရဲ့ ပုံများကို ကပ်ထားတာကြောင့် ဖြတ်နင်းသွားရုံပါပဲ။

ပြည်သူတွေအတွက် ယခုအာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကတော့ အလုပ်နှစ်ခုကို တပြိုင်တည်းပြီစေပါတယ်။

နံနက်ခင်းစျေးလမ်းမကြီးတစ်လျှောက် စစ်အာဏာရှင်အပြီးတိုင်ကျဆုံးရေး လှုပ်ရှားမှုပုံရိပ်များကို ပြန်လည်မျှဝေရင်း

ပြည်သူတွေဘေးကင်းဖို့ ဆုတောင်းပေးလိုက်ပါတယ်။


အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post

(ZAWGYI)

ေဈးလည္း၀ယ္ရင္း အာဏာရွင္စနစ္ကို ဆန႔္က်င္ေနၾကတဲ့ နံနက္ခင္း ေဈးလမ္းမႀကီး

ေဖေဖာ္ဝါရီ ၁ရက္ေန႔ကတည္းက အာဏာသိမ္းထားတဲ့ စစ္အစိုးရကို ျပည္သူေတြ‌ဟာ ေနရာေဒသအသီးသီးမွာ ဆန႔္က်င္ဆႏၵျပေနၾကတုန္းပါပဲ။ ဆႏၵျပရာမွာလည္း အမ်ိဳးမ်ိဳးေသာ Campaign မ်ားျပဳလုပ္လ်က္ ျပၾကေလ့ရွိၿပီး ေနပူမိုး႐ြာမေရွာင္ အာဏာရွင္ကို ဆန႔္က်င္လ်က္ရွိပါတယ္။


ခုဆိုရင္လည္း ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕မွာ နံနက္ခင္း ေဈးလမ္းမႀကီးတစ္ေလွ်ာက္ စစ္အာဏာရွင္ အၿပီတိုင္က်ဆုံးေရး လႈပ္ရွားမႈမ်ားကို ျပဳလုပ္ခဲ့ၾကပါတယ္။ ယခုလႈပ္ရွားမႈဟာ သာမန္လႈပ္ရွားမႈလိုမ‌်ိဳး လူမ်ားစုေဝစရာမလိုပဲ ေဈး၀ယ္ရင္း ျဖတ္ေလွ်ာက္သြားဖို႔ပဲလိုပါတယ္။

ျပည္သူေတြအေနနဲ႔ ေဈးလမ္းတစ္ေလွ်ာက္မွာ စစ္အာဏာရွင္ရဲ႕ ပုံမ်ားကို ကပ္ထားတာေၾကာင့္ ျဖတ္နင္းသြား႐ုံပါပဲ။ ျပည္သူေတြအတြက္ ယခုအာဏာရွင္ဆန႔္က်င္ေရးလႈပ္ရွားမႈကေတာ့ အလုပ္ႏွစ္ခုကို တၿပိဳင္တည္းၿပီေစပါတယ္။ နံနက္ခင္းေစ်းလမ္းမႀကီးတစ္ေလွ်ာက္ စစ္အာဏာရွင္အၿပီးတိုင္က်ဆုံးေရး လႈပ္ရွားမႈပုံရိပ္မ်ားကို ျပန္လည္မွ်ေဝရင္း ျပည္သူေတြေဘးကင္းဖို႔ ဆုေတာင္းေပးလိုက္ပါတယ္။


အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာ ေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Crd-Original Post