စစ်‌ဘေးဒုက္ခသည်စခန်းရောက် ဆရာဝန်မလေး ဖွင့်ဟလာတဲ့ စစ်‌ဘေးရှောင် အဘကြီးတစ်ဦးရဲ့  စိတ်ဒဏ်ရာများ

စစ်‌ဘေးဒုက္ခသည်စခန်းရောက် ဆရာဝန်မလေး ဖွင့်ဟလာတဲ့ စစ်‌ဘေးရှောင် အဘကြီးတစ်ဦးရဲ့  စိတ်ဒဏ်ရာများ

သူကဆရာဝန်လေလို့ မိတ်ဆက်ပေးတော့ သြော်ဆိုပြီး ပြုံးတယ်

တကယ်ဆရာဝန်လားလို့မေးတော့ တကယ်ပေါ့အဘရဲ့ အတ.ုထင်လို့လားဆိုတော့ ရယ်တယ် ကျွန်တော် လ.ူန.ာကြည့်နေရင် မလှမ်းမကမ်းကနေ ရပ်ရပ်ကြည့်နေတတ်တယ် ကျွန်တော်ရှိတဲ့နေရာကို ခဏခဏလာတတ်တယ် အဘပြောစရာရှိလို့လားမေးရင် မျက်လုံးလေးတွေ

ဝိုင်းသွားပြီးမှ သ.က်ပြ.င်းချပြီး ခေါင်းခါပြတတ်တယ်။ ရင်ထဲမှာတော့တခုခုရှိနေပုံပေါ်တယ် နောက်မှသိရတာက အဘက မင်းတ.ပ်တို.က်ပွဲတွေမစခင်လေး အဲ့ကနေ မြစ်ကြီးနားက သားဆီအလည်သွားသတဲ့ အပြန်ကျ အဘစီးလာတဲ့ကားအဖ.မ်းခ.ံရပါလေရော အကြောင်းအရင်းက

လူငယ်တွေများလို့တဲ့ ဖ.မ်းထားတဲ့ယောကျာ်းတွေအကုန် လုံး အဘအပါ အားလုံးကို အကျီ် ခ.ျွတ်ပြီး ဒူးေ.ထ.ာက်ခိုင်းတယ် ပြီးရေနဲ့ပ.က်တယ်တဲ့ တခြားလူငယ်တွေကိုတော့ ရို.က်တယ် သူ့ကိုတော့မရို.က်ဘူးတဲ့ သူ့အိတ်ထဲက သူ့သားကန်တော့လိုက်တဲ့ပိုက်ဆံတွေ

အကုန်ယူသွားတယ်တဲ့ Phပါယူမယ်လုပ်တော့ အဘက ဒါလေးတော့မယူပါနဲ့လို့တောင်းပန်တော့ လက်ကိုပ.ုတ်ခ.ျတယ် အဘိုးကြီး အသားန.ာခ.ျင်နေသလားလို့မေးတယ်တဲ့ နောက် အထက်အရာရှိတယောက် ရောက်လာတော့ မင်းတို့ ဒီလောက်အသက်ကြီးတဲ့အဘိုးကြီးကိုတော့

မဖ.မ်းပါနဲ့ကွာ ပြန်လွှတ်ပေးလိုက်ပါလို့ ပြောလို့ ပြန်လွတ်လာသတဲ့ သူ့phလေးပြန်ပေးဖို့ပြောတော့ အဲ့အရာရှိကပဲ သ.ိမ်းသွားတဲ့သူဆီကတောင်းပေးတယ် နောက်ပခုက္ကူလိုင်းကားပေါ်တင်ပေးတယ်တဲ့ ကားဆရာကို သူသွားချင်တဲ့နေရာထိ ရောက်အောင်ပို့ပေးလိုက်ပါဆိုပြီး

အပ်ပေးလိုက်တယ်တဲ့ အဘက အဲ့ကတည်းက စကားသိပ်မပြောတော့ဘူး အစားလည်းသိပ်မစားတော့ဘူး ညဘက်ဆိုလည်း မအိပ်ဘူးတဲ့ တနေရာရာက အသံတခုခုကြားရင် စ.စ်သ.ားတွေလာနေပြီ ေ.ပြးကြစို့ဆိုပြီး အထုပ်တွေသ.ိမ်းတော့တာပဲတဲ့ သူ့သမီးပြောပြတဲ့

အဘအကြောင်းကြောင့် အဲ့ကတည်းက အဘက ကျွန်တော့်ဆီလာတာ ကျွန်တော်မစောင့်တော့ဘူး ကျွန်တော်က အဘဆီသွားတယ် စကားတွေပြောတယ် သူပြောတာတွေနားထာင်ပေးတယ် ကျွန်တော် အပြင်သွားရင်အဘကိုခေါ်သွားတယ် နေသာတဲ့နေ့တွေ

အဘငါးသွားဖ.မ်းရအောင်လို့ပြောရင် ပြုံးသွားတယ် ပြီးအထဲဝင်သွားတယ် အဘသွားမယ်လေ ဘာလုပ်နေတာလဲဆို ပလိုင်းယူနေတာ မိတဲ့ငါးတွေထည့်ဖို့တဲ့ အဘက ကလေးလိူပဲ ကန်ထဲက ငါးဖ.မ်းတဲ့သူတွေကပ.စ်ပေးလိုက်တဲ့ငါးတွေကို အေ.ပြးအလွှားလိုက်ဖ.မ်းပြီး

ပျော်နေတတ်တယ် အဲ့ရက်ပိုင်းတွေ ကောင်းကောင်းအိပ်ပျော်တယ် ကောင်းကောင်းလည်းစားတယ်တဲ့ တရက်ကျ အဘက ကြက်သားစားချင်တယ်လို့ပြောတယ် အဘစားချင်ရင်ရစေရမယ်ဆိုပြီး ကျွန်တော်လည်း တရွာဝင်တရွာထွက်လိုက်ရှာတာ မနက် ၁၀ နာရီက သွားတာ

ညနေ၅နာရီမှပဲပြန်ရောက်တယ် က.င်ပြီးကျွေးတော့ အားရပါးရစားရှာတယ် အသ.ားမစားရတာကြာပြီတဲ့ တခါတလေ ေ.ပျာက်ပေ.ျာက်သွားလို့ ဘယ်ရောက်နေလဲမေးရင် မင်းတ.ပ်ကို သွားကြည့်တာတဲ့ ကျွန်တော်တို့နေတဲ့နေရာက မင်းတ.ပ်ကို လှမ်းမြင်ရတာကိုး

ဟိုဘက်တောင်ကြော ဒီဘက်တောင်ကြောဆိုတော့ မင်းတ.ပ်ကို ပြန်ချင်တယ်ဆရာမတဲ့ ပြန်ရမှာပေါ့အဘရယ် ကျွန်တော်လိုက်ပို့ပေးမှာပေါ့လို့ပြောရင် ပြုံးသွားတတ်တယ် ဒါတွေအားလုံးပြီးရင် ဆိုတဲ့စကားကိုတော့ ကျွန်တော်မပြောဖြစ်လိုက်ဘူး ဘယ်တော့ပြီးမလဲ လို့ပြန်မေးလာခဲ့ရင်

ကျွန်တော့်မှာအဖြေမရှိလို့ ဘာပဲဖြစ်ဖြစ် ပြန်ရမယ်ဆိုတဲ့အတွေးနဲ့ပဲ ပျော်နေတာကောင်းပါတယ် ကျွန်တော်ပြောဖူးတယ် ဒီနေရာလေးမှာတော့ ကျွန်တော်က physician ကျွန်တော်ကပဲsurgeon ပြီးတော့ ကျွန်တော်ကပဲ psychiatrist ပါ။
အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post