တောထဲကိုတိမ်းရှောင်လာရင်း မိုးရေတွေကြားထဲမှာ ကောက်ရိုးတစ်မျှင်ရလိုရငြား လက်အုပ်ချီဆုတောင်းနေတဲ့ စစ်ဘေးရှောင်ကလေးတစ်ဦး

တောထဲကိုတိမ်းရှောင်လာရင်း မိုးရေတွေကြားထဲမှာ ကောက်ရိုးတစ်မျှင်ရလိုရငြား လက်အုပ်ချီဆုတောင်းနေတဲ့ စစ်ဘေးရှောင်ကလေးတစ်ဦး

စစ်ဘေးဒဏ်ကြောင့်အိုးအိမ်တွေကိုစွန့်ခွာပြီးဘေးလွတ်ရာကိုပြောင်းရွှေ့လာကြရတဲ့မိသားစုတွေရဲ့ဘဝဟာရင်နာစရာကောင်းလွန်းပါတယ်။အာဏာရှင်လူတစ်စုရဲ့အတ္တနဲ့ယုံကြည်မှုတစ်ခုအတွက်လက်နှက်ကိုင်ကြသူတွေ

ကြားတိုက်ပွဲတွေပြင်းထန်လာတဲ့အခါစစ်ဘေးရှောင်ပြည်သူတွေရဲ့ဘဝဟာ မြေစာပင်ဖြစ်ခဲ့ရပါတယ်။တိုင်းရင်းသားဒေသတွေဟာနှစ်ပေါင်းများစွာစစ်ဘေးဒဏ်ကိုခံခဲ့ရပြီးပျော်ရွှင်မှုဆိုတာကိုအပြည့်အဝမခံစားခဲ့ရပါဘူး။

(၂၀၂၁)အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာတော့ ပြည်မကြီးကပြည်သူတွေဟာတိုင်းရင်းသားတွေရဲ့ဘဝကို စာနာနားလည်သွားခဲ့ပြီးထောက်ပံ့မှုတွေလုပ်ပေးခဲ့တာကြောင့် တောင်ပေါ်နဲ့မြေပြန့်တို့ရဲ့ချစ်ခင်မှုဟာပိုပြီးခိုင်မာလာခဲ့ပါတယ်။အခက်အခဲအတားအဆီးနဲ့လမ်းပိတ်ဆို့မှုတွေကြားမှာကိုယ့်အန္တရာယ်ကိုတောင်ဂရုမစိုက်ဘဲအလှူရှင်တွေရဲ့စေတနာတွေကို လိုအပ်နေတဲ့စစ်ဘေးရှောင်တို့ထံအရောက်ပို့ပေးနိုင်ဖို့ကြိုးစားပေးနေတဲ့ပရဟိတအကျိုးတော်ဆောင်တွေရဲ့စိတ်ဓာတ်နဲ့လုပ်ရပ်ဟာလည်းတကယ်ကိုချီးကျူးစရာကောင်းလွန်းပါတယ်။ဒီလိုကူညီသူတွေရှိတာကြောင့်လည်းလွယ်လွယ်ကူကူလှူဒါန်းနိုင်သလိုအခက်အခဲဖြစ်နေသူတွေလည်းအဆင်ပြေတဲ့အနေအထားတစ်ခုကိုရခဲ့ပါတယ်။ဘယ်လိုပဲထောက်ပံ့မှုတွေရှိနေပါစေစစ်ဘေးရှောင်ပြည်သူတွေရဲ့ဘဝဟာအမြဲတမ်းမလုံမခြုံနဲ့ စိုးထိတ်နေရဆဲပါပဲ။

ဒီနေ့မှာလည်းစစ်ဘေးရှောင်ကလေးတစ်ဦးဟာသည်းထန်စွာရွာနေတဲ့မိုးစက်တွေကြားမှာအကူအကယ်ရလိုရငြားလက်အုပ်ချီပြီးဆုတောင်းနေတဲ့ပုံရိပ်လေးတစ်ခုဟာမြင်သူတိုင်းရဲ့နှလုံးသည်းဆိုင်ကို ဆွဲခါလိုက်သလိုပါပဲ။ကလေးအရွယ်မှာပညာမသင်ရဘဲ ဒုက္ခများတဲ့နေရာဒေသတွေမှာရှောင်တိမ်းရင်းဘေးကင်းဖို့အတွက် ဆုတောင်းနေရတဲ့ဒီကလေးရဲ့ရင်ထဲမှာ ဘယ်လောက်တောင်များပူလောင်နေမလဲဆိုတာတွေးကြည့်ရင်ဝမ်းနည်းစရာကောင်းပါတယ်။ကလေးတောင်းတဲ့ဆုတွေပြည့်ပြီးပျော်ရွှင်အေးချမ်းတဲ့ဘဝတစ်ခုကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်။

စစ်ဘေးဒဏ်ကြောင့်အိုးအိမ်တွေကိုစွန့်ခွာပြီးဘေးလွတ်ရာကိုပြောင်းရွှေ့လာကြရတဲ့မိသားစုတွေရဲ့ဘဝဟာရင်နာစရာကောင်းလွန်းပါတယ်။အာဏာရှင်လူတစ်စုရဲ့အတ္တနဲ့ယုံကြည်မှုတစ်ခုအတွက်လက်နှက်ကိုင်ကြသူတွေကြားတိုက်ပွဲတွေပြင်းထန်လာတဲ့အခါစစ်ဘေးရှောင်ပြည်သူတွေရဲ့ဘဝဟာ မြေစာပင်ဖြစ်ခဲ့ရပါတယ်။တိုင်းရင်းသားဒေသတွေဟာနှစ်ပေါင်းများစွာစစ်ဘေးဒဏ်ကိုခံခဲ့ရပြီးပျော်ရွှင်မှုဆိုတာကိုအပြည့်အဝမခံစားခဲ့ရပါဘူး။ (၂၀၂၁)အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာတော့ ပြည်မကြီးကပြည်သူတွေဟာတိုင်းရင်းသားတွေရဲ့ဘဝကို စာနာနားလည်သွားခဲ့ပြီ

းထောက်ပံ့မှုတွေလုပ်ပေးခဲ့တာကြောင့် တောင်ပေါ်နဲ့မြေပြန့်တို့ရဲ့ချစ်ခင်မှုဟာပိုပြီးခိုင်မာလာခဲ့ပါတယ်။

အခက်အခဲအတားအဆီးနဲ့လမ်းပိတ်ဆို့မှုတွေကြားမှာကိုယ့်အန္တရာယ်ကိုတောင်ဂရုမစိုက်ဘဲအလှူရှင်တွေရဲ့စေတနာတွေကိုလိုအပ်နေတဲ့စစ်ဘေးရှောင်တို့ထံအရောက်ပို့ပေးနိုင်ဖို့ကြိုးစားပေးနေတဲ့ပရဟိတအကျိုးတော်ဆောင်တွေရဲ့စိတ်ဓာတ်နဲ့လုပ်ရပ်ဟာလည်းတကယ်ကိုချီးကျူးစရာကောင်းလွန်းပါတယ်။ ဒီလိုကူညီသူတွေရှိတာကြောင့်လည်း

လွယ်လွယ်ကူကူလှူဒါန်းနိုင်သလိုအခက်အခဲဖြစ်နေသူတွေလည်းအဆင်ပြေတဲ့အနေအထားတစ်ခုကိုရခဲ့ပါတယ်။ဘယ်လိုပဲထောက်ပံ့မှုတွေရှိနေပါစေစစ်ဘေးရှောင်ပြည်သူတွေရဲ့ဘဝဟာအမြဲတမ်းမလုံမခြုံနဲ့ စိုးထိတ်နေရဆဲပါပဲ။

ဒီနေ့မှာလည်းစစ်ဘေးရှောင်ကလေးတစ်ဦးဟာသည်းထန်စွာရွာနေတဲ့မိုးစက်တွေကြားမှာအကူအကယ်ရလိုရငြားလက်အုပ်ချီပြီးဆုတောင်းနေတဲ့ပုံရိပ်လေးတစ်ခုဟာမြင်သူတိုင်းရဲ့နှလုံးသည်းဆိုင်ကို ဆွဲခါလိုက်သလိုပါပဲ။

ကလေးအရွယ်မှာပညာမသင်ရဘဲ ဒုက္ခများတဲ့နေရာဒေသတွေမှာရှောင်တိမ်းရင်းဘေးကင်းဖို့အတွက် ဆုတောင်းနေရတဲ့ဒီကလေးရဲ့ရင်ထဲမှာ ဘယ်လောက်တောင်များပူလောင်နေမလဲဆိုတာတွေးကြည့်ရင်ဝမ်းနည်းစရာကောင်းပါတယ်။ကလေးတောင်းတဲ့ဆုတွေပြည့်ပြီးပျော်ရွှင်အေးချမ်းတဲ့ဘဝတစ်ခုကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post