“အင်အားကြီးမားသော ကျူးဘား စစ်အာဏာရှင်ကို ပြောက်ကျားနည်းစနစ်ဖြင့် တော်လှန်အောင်မြင်ခဲ့သော ခေါင်းဆောင် ချီဂွေဗားရား”

“အင်အားကြီးမားသော ကျူးဘား စစ်အာဏာရှင်ကို ပြောက်ကျားနည်းစနစ်ဖြင့် တော်လှန်အောင်မြင်ခဲ့သော ခေါင်းဆောင် ချီဂွေဗားရား”

၁၉၂၈ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် မွေးဖွားခဲ့သော အာနက်စတို ချီဂွေဗားရား (၁၉၂၈- ၁၉၆၇ )သည် အာဂျင်တီးနားနိုင်ငံသား၊ မာ့က်ခ်စ်ဝါဒ တော်လှန်ရေး သမား ၊ ဆရာဝန်၊ စာရေးဆရာ၊ ပညာတတ်၊ ပြောက် ကျားစစ်ဆင်ရေးကျွမ်း ကျင်သူ၊ သံတမာန်နှင့် စစ်ရေး သီအိုရီ ဖော်ထုတ်သူ ဖြစ်ပြီး ကျူးဘားတော် လှန်ရေးတွင် အရေးပါသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။


ချီဂွေဗားရား(၁၉၂၈-၁၉၆၇)သည် မာခ့်ဝါဒကိုင်စွဲသူတော်လှန်ရေးသမား၊ဆရာ ဝန်၊စာရေးဆရာ၊ပညာရေးပါရဂူ၊ပြောက်ကျားစစ်ခေါင်းဆောင်၊သံတမန်ရေးရာ ကျွမ်းကျင်သူ၊စစ်ပညာရှင်၊ စီးပွား ရေးပညာရှင်စသည့် ဘွဲ့ထူးဂုဏ်ထူးများစွာရှိသည်။
ဆင်းရဲသော “ချီ”သည် အရင်းရှင်ဝါဒ၊ခေတ်သစ်ကိုလိုနီဝါဒ၊ စီးပွားရေး လက် ဝါး ကြီးအုပ်ဝါဒတို့ကို အလွန်စက်ဆုပ်ရွံ့ရှာသူဖြစ်သည်။ ၁၉၄၈ခုနှစ်တွင် ချီဂွေဗားရားသည် ဗျူနိုအိုင်ရီတက္ကသိုလ်တွင် ဆေးကျောင်းတက်သည်။
ဆေးကျောင်းသားဘ၀ ၁၉၅၀ ခုနှစ်တွင် စက်ဘီးတစ်စီးဖြင့် အာဂျင်တီးနားမြောက်ပိုင်းကို မိုင်၂၈၀၀ ခန့် တစ်ကိုယ်တော်ခရီးဆန့်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် တောင်အမေရိကတိုက်အနှံ့ မိုင်ပေါင်း၅၀၀၀ကျော်ကို မော်တော်ဆိုင်ကယ်တစ်စီးဖြင့် ၉ လကြာ ခရီးထွက်ခဲ့သေးသည်။
အာဂျင်တီးနား၊ချီလီ၊ပီရူး၊အီကွေဒေါ၊ကိုလံဘီယာ၊ပနားမားနှင့် ဗင်နီဇွဲလားနိုင်ငံများသို့ ရောက်ရှိခဲ့သည့် ၎င်းမော်တော်ဆိုင်ကယ်ခရီးစဉ်မှတ်တမ်းကို “မော် တော် ဆိုင်ကယ်ဒိုင်ယာရီ” အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့ရာ နယူးယောက်တိုင်းစ် မဂ္ဂဇင်း၏ အရောင်းရဆုံးစာအုပ်စာရင်းမှာပါဝင်ခဲ့သည်။
ချီဂွေဗားရား၏ မျိုးချစ်စိတ်သည် သူ၏မိခင်တိုင်းပြည်၊နိုင်ငံကိုကျော်လွန်သွားသော စိတ်ဖြစ်သည်။ တောင်အမေရိကတိုက်နိုင်ငံအားလုံးကို လွတ်လပ်စေချင်သည်။ ချမ်းသာစေချင်သည်။
သူ ၏မျိုးချစ်စိတ်သည် မိခင်အာဂျင်တီးနားနိုင်ငံကို ကျော်လွန်၍သွားသော နယ်ချဲ့အရင်းရှင်ကို တော်လှန်လိုသည့် တော်လှန် ရေးစိတ်ဖြစ်သည်။
၁၉၅၂ ခုနှစ်၊ မတ်လတွင် ကျူဘားနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပရန် ၃ လအလိုမှာ အာဏာရှင် ဘာတစ်စတာ ဦးဆောင်သည့် စစ်တပ်က နိုင်ငံတော်အာဏာကို အတင်းရယူခဲ့သည်။
ဆေးပညာဘွဲ့ကိုရခဲ့သော ချီဂွေဗားရားသည် ၁၉၅၃၊ဇွန်လတွင် ဆရာဝန်ဘဝကိုစွန့် လွှတ်ခဲ့သည်။


မက္ကစီကိုစီးတီးတွင် ကျူးဘားမှ ကက်စထရိုညီနောင်နှစ်ဦးနှင့် တွေ့ပြီး အမေရိကန်မှကျောထောက်နောက် ခံပြုထားသည့် ကျူးဘားအာဏာရှင် ဘာတစ်စတာကို ပြောက်ကျားစစ်ဖြင့် ဆန့်ကျင်ဖြုတ်ချရာတွင် အဓိကနေရာမှ ပါဝင်သူဖြစ်လာလေသည်။
စစ်အာဏာရှင် ဘာတစ်စတာသည် ကျူးဘားပြည်သူများက ဆန့်ကျင် ဆန္ဒပြသော်လည်း အာဏာ စွန့်လွှန်ရန် ငြင်းဆိုခဲ့သည်။
ကျူးဘားတွင် အာဏာသိမ်းပြီး ၁ နှစ်အကြာ ၁၉၅၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ချီဂွေဗားရားအပါအဝင် ခေါင်းဆောင် ၇ ဦးက ဦးဆောင်ပြီး လက်နက် ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြသည်။
အဆိုပါ ခေါင်းဆောင် ၇ ဦးတွင် ဖီဒဲ၊ ရာအူး၊ ကတ်စရို ညီနောင်တို့နှင့်အတူ အာဂျင်တီးနားမှ ဒေါက်တာတစ်ဦးဖြစ်သူ အနာစတို ချီဂွေဗားရားက ဦး ဆောင်ပါဝင်သည်။
ကျူးဘားသည် သူ့နိုင်ငံမဟုတ်သော်လည်း အာဏာရှင်များကို တော်လှန်ရန်နှင့် တောင်အမေရိက တစ်တိုက်လုံးကို လွတ်လပ်ပြီး ချမ်းသာစေချင်သည့် ချီဂွေဗားရားက ကျူးဘားတော်လှန်ရေးတွင် ဦးဆောင်ပါဝင်လာသည်။
ချီသည် ပြောက်ကျားစစ်နည်းဗျူဟာကို ပါရဂူမြောက် တတ်ကျွမ်းသူဖြစ် သည်။ ကျူးဘားတော်လှန်ရေးကို အဓိက အောင်မြင်စေသည့် အရာမှာ ပြောက်ကျားစစ်ဆင်ရေးနှင့် ခြုံခိုတိုက်ခိုက်ခြင်း၊ အလစ်အငိုက်တိုက်ခိုက်ခြင်း၊ သတင်းပို့သော ပြည်သူများစွာရှိခြင်း၊ ပြည်သူတစ်ရပ်လုံး၏ ထောက်ခံမှု ရရှိခြင်း၊ မိုင်းထောင်ခြင်း၊ ဗုံးခွဲခြင်းများဖြင့် စစ်အာဏာရှင်လက်ပါးစေ စစ်သားများကို အမှည့်ခြွေပြီး လုံးပါးပါးစေခဲ့သည်။
လက်နက်အင်အား လူအင်အား နည်းပါးသော်လည်း ပညာတတ် လူငယ်များ၏ ဦးဆောင်မှု ၊ စနစ်ကျသည့် တော်လှန်ရေးဗျူဟာကြောင့် အမေရိကန်၏ ထောက်ခံမှု ရှိနေသော အင်အားကြီးမားသည့် ကျူးဘားအာဏာရှင် ဘာတစ်စတာကို ဖြုတ်ချနိုင်ခဲ့သည်။
ကွန်မြူနစ်ဆန့်ကျင်သော အမေရိကန်က ကျူးဘား အာဏာရှင် ဘာတစ်စတာကို ကူညီခဲ့သော်လည်း ချီ ဦးဆောင်သော ပြောက်ကျားတော်လှန်ရေးကြောင့် နောက်ဆုံး ဘာတစ်စတာကို ဖြုတ်ချနိုင်ခဲ့သည်။


လက်နက်အင်အား လူအင်အား မမျှသော်လည်း စည်းလုံးမှု၊ စည်းစနစ်ကျမှု၊ ရဲရင့်မှု၊ ပြည်သူ့ထောက်ခံမှုများဖြင့် ကျူးဘားအာဏာရှင်ဘာတစ်စတာကို ဖြုတ် ချနိုင်ခဲ့ကြသည်။
၁၉၅၃ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့တွင် စတင်သော တော် လှန်ရေးသည် ၆ နှစ်နီးပါးအကြာ ၁၉၅၉ ခုနှစ် ဇန်နဝါရီ လ ၁ ရက်နေ့တွင် ပြီးဆုံးသွားသည်။
တော်လှန်ရေး ပြီးဆုံးချိန်တွင် ချီသည် ကျူးဘား၏ ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ်ဖြင့် ကျူးဘားအစိုးရတွင်လည်း အခရာအဖြစ် ပါဝင်ခဲ့သည်။
၁၉၆၅ ခုနှစ်တွင် ကျူးဘားမှထွက်ခွာပြီး မပြီးဆုံးသေးသော အရင်းရှင်တော်လှန်ရေးများအတွက် ခြေလှမ်းဆန့်ခဲ့သည်။ ဘိုလီဗီးယားနိုင်ငံတွင် ရှိနေစဉ် အမေရိကန်က ထောက်ပံ့ပေးထားသည့် ဘိုလီးဗီးယားစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံရပြီး ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့၊ အသက် ၃၉နှစ်အရွယ်တွင် ချိီ ပစ်သတ်ခံရသည်။
သံလွင်ရောင်စစ်စိမ်းအကျီကို ဝတ်ပြီး ဘယ်ရီဦးထုပ်ကိုဆောင်းလျက် ပါးသိုင်းမွေး၊မုတ်ဆိတ်မွေးထူလပျစ်နှင့် ရိုက်ကူးထားသည့် “ချီ”၏ဓာတ်ပုံမှာ “ကမ္ဘာ့အကျော်ကြားဆုံး ဓာတ်ပုံ” ဖြစ်သည်။
ချီသည် တော်လှန်ရေးသမားများ၏ သူရဲကောင်းကြီး အဖြစ်သာမက ကမ္ဘာ့လူထု ၏အာဇာနည်သူရဲ ကောင်း စံပြုပုဂ္ဂိုလ်အဖြစ်သတ်မှတ်ခြင်းခံထားရသူဖြစ်သည်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့‌လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကိုးကား- ဝီကီပီးဒီးယား