စစ်ဘေးရှောင်တွေကို ကူညီဖို့သွားရင်းနဲ့ လမ်းချော်ပြီး ချောက်ထဲကျခါနီးမှ သေကံမရောက် အသက်မပျောက်ခဲ့တဲ့အဖြစ်ကို ပြောပြလာတဲ့ဆရာတော်တစ်ပါး

စစ်ဘေးရှောင်တွေကို ကူညီဖို့သွားရင်းနဲ့ လမ်းချော်ပြီး ချောက်ထဲကျခါနီးမှ သေကံမရောက် အသက်မပျောက်ခဲ့တဲ့အဖြစ်ကို ပြောပြလာတဲ့ဆရာတော်တစ်ပါး

အားနွဲ့သူကို ဖေးမပေးတတ်ကြတဲ့ ပြည်သူတွေက ဒီလိုအချိန်မှာ တစ်ယောက်ကိုတစ်ယောက် အားပေးကူညီရင်းနဲ့ ရှေ့ဆက်နေကြတာ ဖြစ်ပါတယ် ။ နယ်ဒေသမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေအတွက်လည်း စေတနာရှင်တွေက ရရာနည်းလမ်းနဲ့ တတ်နိုင်သလောက် ကူညီနေကြတာ ဖြစ်ပါတယ် ။

ရွှေပါရမီပညာဒါနရဲ့ တာဝန်ခံဆရာတော်ဖြစ်တဲ့ အရှင်သီဟဥာဏကတော့ စစ်ဘေးရှောင်ပြည်သူတွေကို လိုက်လံကူညီနေတာပဲ ဖြစ်ပါတယ် ။ဒီနေ့မှာဆိုရင်လည်း အရှင်သီဟဥာဏက ကယားပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဖို့အတွက် ကားနဲ့ခရီးထွက်လာခဲ့တာ ဖြစ်ပါတယ် ။ မဲ့ဟောင်ဆောင်တောင်ပေါ်လမ်းကို တက်ရတဲ့အခါမှာတော့ ဆရာတော်စီးလာတဲ့ကားက လမ်းချော်ပြီး ယာဥ်မတော်တဆမှု အသေးစားတစ်ခု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။

ကွေ့တွေများတဲ့အပြင် မိုးရွာထားတာကြောင့် လမ်းတွေကချော်နေတဲ့အချိန်မှာ ဆရာတော်တို့ကားက အရှိန်နဲ့ လည်ထွက်သွားခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ “တပည့်ကျော်ကြီးရဲ့ သတိနဲ့ ကျွမ်းကျင်မှုတွေကြောင့် ဘယ်ဘက် ချောက်ထဲ ထိုးကျမယ့်အစား ညာဘက်ကို ယူလိုက်လို့ ကားလည်ထွက်သွားခဲ့ပြီး နောက်ဆုံးမှာ ဘယ်ဘက်က လမ်းဘေး အထိန်းတိုင်ကိုပဲ ပြန်တိုက်ပြီး ရပ်သွားခဲ့တယ်” လို့ ဆရာတော်က ဖြစ်စဥ်ကို ပြောပြထားတာ ဖြစ်ပါတယ် ။

ကားလည်းကြီးကြီးမားမား မထိခိုက်သွားသလို ဆရာတော်တို့လည်း ဒဏ်ရာမရခဲ့တာကြောင့် အခုဆိုရင် မိုးရွာထဲမှာ ကားကိုထိန်းမောင်းရင်း ကယားစစ်ဘေးရှောင်တွေဆီ ခရီးဆက်နေပြီပဲ ဖြစ်ပါတယ် ။ ဆရာတော်ကတော့ သေကံမရောက် အသက်မပျောက်ခဲ့တဲ့ သူ့ရဲ့အဖြစ်ကို ပြန်လည်ပြောပြထားတာ ဖြစ်ပါတယ် ။

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး လည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo Credit-“ရွှေပါရမီ ပညာဒါန-ထိုင်းနိုင်ငံ” FB Page

(ZAWGYI)

စစ္ေဘးေရွာင္ေတြကို ကူညီဖို႔သြားရင္းနဲ႔ လမ္းေခ်ာ္ၿပီး ေခ်ာက္ထဲက်ခါနီးမွ ေသကံမေရာက္ အသက္မေပ်ာက္ခဲ့တဲ့အျဖစ္ကို ေျပာျပလာတဲ့ဆရာေတာ္တစ္ပါး

အားႏြဲ႕သူကို ေဖးမေပးတတ္ၾကတဲ့ ျပည္သူေတြက ဒီလိုအခ်ိန္မွာ တစ္ေယာက္ကိုတစ္ေယာက္ အားေပးကူညီရင္းနဲ႔ ေရွ႕ဆက္ေနၾကတာ ျဖစ္ပါတယ္ ။ နယ္ေဒသမွာ စစ္ေဘးေရွာင္ေနရတဲ့ ျပည္သူေတြအတြက္လည္း ေစတနာရွင္ေတြက ရရာနည္းလမ္းနဲ႔ တတ္ႏိုင္သေလာက္ ကူညီေနၾကတာ ျဖစ္ပါတယ္ ။

ေ႐ႊပါရမီပညာဒါနရဲ႕ တာဝန္ခံဆရာေတာ္ျဖစ္တဲ့ အရွင္သီဟဥာဏကေတာ့ စစ္ေဘးေရွာင္ျပည္သူေတြကို လိုက္လံကူညီေနတာပဲ ျဖစ္ပါတယ္ ။ဒီေန႔မွာဆိုရင္လည္း အရွင္သီဟဥာဏက ကယားျပည္နယ္မွာရွိတဲ့ စစ္ေဘးေရွာင္ျပည္သူေတြကို ကူညီဖို႔အတြက္ ကားနဲ႔ခရီးထြက္လာခဲ့တာ ျဖစ္ပါတယ္ ။ မဲ့ေဟာင္ေဆာင္ေတာင္ေပၚလမ္းကို တက္ရတဲ့အခါမွာေတာ့ ဆရာေတာ္စီးလာတဲ့ကားက လမ္းေခ်ာ္ၿပီး ယာဥ္မေတာ္တဆမႈ အေသးစားတစ္ခု ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္ ။

ေကြ႕ေတြမ်ားတဲ့အျပင္ မိုး႐ြာထားတာေၾကာင့္ လမ္းေတြကေခ်ာ္ေနတဲ့အခ်ိန္မွာ ဆရာေတာ္တို႔ကားက အရွိန္နဲ႔ လည္ထြက္သြားခဲ့တာပဲ ျဖစ္ပါတယ္ ။

ဒါေပမဲ့ “တပည့္ေက်ာ္ႀကီးရဲ႕ သတိနဲ႔ ကြၽမ္းက်င္မႈေတြေၾကာင့္ ဘယ္ဘက္ ေခ်ာက္ထဲ ထိုးက်မယ့္အစား ညာဘက္ကို ယူလိုက္လို႔ ကားလည္ထြက္သြားခဲ့ၿပီး ေနာက္ဆုံးမွာ ဘယ္ဘက္က လမ္းေဘး အထိန္းတိုင္ကိုပဲ ျပန္တိုက္ၿပီး ရပ္သြားခဲ့တယ္” လို႔ ဆရာေတာ္က ျဖစ္စဥ္ကို ေျပာျပထားတာ ျဖစ္ပါတယ္ ။

ကားလည္းႀကီးႀကီးမားမား မထိခိုက္သြားသလို ဆရာေတာ္တို႔လည္း ဒဏ္ရာမရခဲ့တာေၾကာင့္ အခုဆိုရင္ မိုး႐ြာထဲမွာ ကားကိုထိန္းေမာင္းရင္း ကယားစစ္ေဘးေရွာင္ေတြဆီ ခရီးဆက္ေနၿပီပဲ ျဖစ္ပါတယ္ ။ ဆရာေတာ္ကေတာ့ ေသကံမေရာက္ အသက္မေပ်ာက္ခဲ့တဲ့ သူ႔ရဲ႕အျဖစ္ကို ျပန္လည္ေျပာျပထားတာ ျဖစ္ပါတယ္ ။

အခုလိုအခ်ိန္ေပးၿပီး ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး လည္းသာယာေပ်ာ္႐ႊင္ေသာ ေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Photo Credit-“ေ႐ႊပါရမီ ပညာဒါန-ထိုင္းႏိုင္ငံ” FB Page