စစ်ကောင်စီရဲ့စွပ်စွဲချက်တွေကိုပြန်လည်ချေပနိုင်မည့်အချက်များ

စစ်ကောင်စီရဲ့စွပ်စွဲချက်တွေကိုပြန်လည်ချေပနိုင်မည့်အချက်များ

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ စည်းရုံးရေးကာလကိုဗ စ်စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေမှာ

ခိုင်လုံမှုမရှိပဲ အားနည်းချက်တွေ အများကြီးရှိနေတယ်လို့ နော်ဝေးအခြေစိုက် မြန်မာ့လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးကပြောပါတယ်။

“ကို ဗစ်စည်းမျဉ်းစည်းကမ်းတွေအရလူစုလူဝေးမလုပ်ရ ၊ ၅ဦးထက်ပိုပြီးတော့ စုမလုပ်ရဆိုတဲ့အချက်တွေနဲ့ လုံး၀ကင်းလွတ်နေတာကို ကျနော်တို့

တွေ့ရတယ်။ဒေါ်အောင်ဆန်းစုကြည်က ခြံရှေ့ကို မော်တော်ကားတွေဖြတ်မောင်းပြတာကိုလက်ထွက်ပြရုံ ကိစ္စတခုပဲရှိတယ်ဆိုတာကို ကျနော်တို့

သက်သေအထောက်အထားတွေနဲ့ တင်ပြနိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်

စစ်အုပ်စုကနေပြီးတော့ ကြီးမှူးကျင်းပတဲ့ပွဲတွေမှာ ဥပမာဆိုရင် သံလွင် (ချောင်းဆုံတံတား) နာမည်ပြောင်းပွဲတုန်းကဆိုရင် Mask တပ်ထားတာလည်း

တယောက်မှ မတွေ့ရဘူး။အဲ့ဒီတံတားနာမည်း ပြောင်းပွဲမှာ လူစုလူဝေးအုပ်လိုက်ကြီး ဓါတ်ပုံရိုက်ထားတာလည်းရှိတယ်။

ဒါတွေကို ဘယ်သူမှလုံး၀အရေး ယူဆောင်ရွက်တာမရှိဘူးဆိုတာကိုကြည့်ခြင်းအားဖြင့်စစ်အုပ်စုရဲ့ စီမံဆောင်ရွက်မူက

ဒေါ်အောင်ဆန်းစုကြည်ကို တမင်အမှုဆင်ဖမ်းဆီးဖို့ လုပ်ဆောင်တယ်ဆိုတာကိုထင်ထင်ရှားရှားပေါ်လွင်နေတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post