သူရဲကောင်းတွေကြိုတဲ့ သပြေပင်စိုက်ပေးကြဖို့ KPDF အဖွဲ့ဝင်လူငယ်လေးတောင်းဆို

သူရဲကောင်းတွေကြိုတဲ့ သပြေပင်စိုက်ပေးကြဖို့ KPDF အဖွဲ့ဝင်လူငယ်လေးတောင်းဆို

ဖေဖော်ဝါရီလထဲက စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးကြီးကို အရာရာဦးဆောင် ခဲ့သူတွေ ကတော့ မျိူးဆက်သစ် လူငယ်လေးတွေဖြစ်ပါတယ် ။

လူထုလှုပ်ရှားမှုတွေ မှာလည်း ရှေ့ကနေ ဦးဆောင်ရင်း ခုခံကာကွယ်ပေးခဲ့ကြ ပါတယ်တိုင်းပြည်နဲ့လူမျိူးအတွက်

သူတို့ရဲ့ကြီးမားတဲ့ အိမ်မက်တွေ ရည်မှန်းချက်တွေကို စွန့်လွှတ်ပြီး အရာရာပေးဆပ်ခဲ့ ကြသူတွေပါ ။

ဒီလိုတော်လှန်ရေး ကာလတွေမှာလည်း ကြွေလွင့်သွားရတဲ့ ပြည်သူ့သူရဲကောင်းတွေ များစွာရှိခဲ့ပါတယ်။

အခုဆိုရင်လည်း ပိုမိုဆိုးဝါး လာတဲ့ အခြေအနေ အရပ်ရပ်ကြောင့်လူငယ်တော်တော်များများက သူတို့ရဲ့၊အောင်မြင်မှုတွေ ၊ ဝါသနာတွေ ၊

သံယောဇဉ်တွေကို စွန့်လွှတ်ကာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ အပြည့်နဲ့တိုင်းရင်းသား အဖွဲ့တွေထဲဝင်ရောက်ကာ စစ်သင်တန်းတက်ရောက်လျက်ရှိပါတယ် ။

တစ်ချို့ဆို အောင်မြင်ကျော်ကြားနေတဲ့ အနုပညာလောကသားထဲက လူငယ်တွေတောင် ပါဝင်နေတာပါ ။အမှန်တရားဘက်က ရဲရဲဝင့်ဝင့် ရပ်တည်ကာ

ပြည်သူကာကွယ်ရေး တပ်ဖွဲ့တွေထဲဝင်ခဲ့ကြပေမယ့် သူတို့အတွက်လည်းအဆင်မပြေမှုတွေများစွာကို ရင်ဆိုင်ရင်း အကောင်းဆုံး အားတင်း

ကျော်ဖြတ်နေရတာပါ

သူရဲကောင်းတွေကြိုတဲ့ သပြေပင်စိုက်ပေးကြဖို့ KPDFအဖွဲ့ဝင်လူငယ်လေးတောင်းဆို လာတာ ပဲဖြစ်ပါတယ်။

အခုချိန်မှာ ကျွန်တော်likeလည်းမလိုချင်ဘူး Followerမလိုချင်ဘူး အကုန်လုံး လုပ်ပေးနိုင်မယ်လို့ထင်ပါဒေဗျာကျွန်တော်ဖက် ကတောင်း ဆိုချင်တာတစ်ခုတော့

ရှိဒေ ကျွန်တော်တို့ တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေအတွက်ယတြာ ချေတဲ့သဘောပေါ့ဗျာ ေအောင်ပွဲဆင်နိုင်ဖို့ အောင်သပြေပင်စိုက်ကြတာပေါ့

အခုလို သပြေပင်စိုက်ခြင်းဖြင့်လည်း နောင်ကြရင် သူရဲကောင်းတွေ ကြိုတဲ့ သပြေပင် ဆိုတာမျိုး သမိုင်းတွင် ကျန်ခဲ့မှာဘဲလေဖြစ်နိုင်ရင် မနက်ဖန်တိုင်းမှာ

သပြေပင် စိုက်ကြပါ ကိုစိုက်ထားသည်ကိုအ များသိအောင် ပိုစ့်တင်ပေးပါ သပြေပင် လိုက်စိုက်ဖို့လည်း တိုက်တွန်းပါ

Dateတစ်ခုပေးပါ 7.6.2021#အောင် သပြေပင်နဲ့အောင်ပွဲဆင်ကြတာပေါ့ဗျာ” ခုလိုသူရဲ့ ခံစားချက်လေးကို

ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း ဖတ်ရှုနိုင်စေရန် ဝေမျှပေးလိုက်ပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post