မရှိမဖြစ်ထားရမယ့်သူမရဲ့ပိုင်ဆိုင်မှုကိုပါ လျစ်လျူရှုပြီး ရှိသမျှငွေတွေအကုန်လှူလိုက်တဲ့ ဟန်နာယူရီ

မရှိမဖြစ်ထားရမယ့်သူမရဲ့ပိုင်ဆိုင်မှုကိုပါ လျစ်လျူရှုပြီး ရှိသမျှငွေတွေအကုန်လှူလိုက်တဲ့ ဟန်နာယူရီ

ဟန်နာယူရီဟာ အလှူတွေ အဆက်မပြတ် လုပ်သလို အခုလက်ရှိမှာလည်း သူမအိမ်လခပေးရမယ့်ငွေတွေကိုပါ CDM သမားတွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။

ကျောင်းကထောက်ပံ့ခဲ့တဲ့ထောက်ပံ့ကြေးငွေနဲ့ လှူဒါန်းတဲ့အပြင်တစ်ချို့ခက်ခဲလွန်းတဲ့အခြေအနေတွေကြောင့် မနေသာတော့ဘဲ အိမ်ငှားခငွေတွေကိုပါ

အခုလိုထုတ်လှူလိုက်တာပဲဖြစ်ပါတယ်။

သူမအနေနဲ့ ကိုရီးယားမှာ လတ်တလောအလုပ်မရှိသေးဘဲ ရပ်တည်နေရတာဖြစ်လို့ ကိုယ်တိုင်လည်း အခက်အခဲတွေနဲ့ ရှင်သန်နေရသူပါ။

လှူဒါန်းလိုက်ရတဲ့ သူမရဲ့ပီတိကို ” ဒီလမြန်မာအတွက် total (၁၃) ယောက်စာလှူပါတယ် ကျောင်းကပေးတဲ့ထောက်ပံ့ကြေးနဲ့ လှူတာပါ ထောက်ပံ့ကြေးကကြာနေတာနဲ့

အချို့လူတွေကစားရေးအရမ်းခက်ခဲနေတာနဲ့ ကျမကအိမ်လခနဲ့ဒီနေ့စိုက်လှူလိုက်ပါတယ် ထပ်အလှူခံလာသူတွေကို ထပ်မလှူနိုင်သေးတာ နားလည်ပေးကြပါ

ကျမလည်းအလုပ်မရှိဝင်ငွေမရှိ ဖြစ်နေလို့ပါရှင့် ” ဆိုပြီး Instagram Mydayမှာ ရင်ဖွင့်လာခဲ့ပါတယ်။

ကိုရီးယားမှာလည်း မြန်မာ့နိုင်ငံနဲ့ပတ်သက်ပြီး အင်တာဗျူးတွေအမြဲဖြေပေးကာ ခက်ခဲနေတဲ့ မြန်မာပြည်အတွက် ကောက်ရိုးတစ်မျှင်ဖြစ်ပေးခဲ့ပါတယ်။

မြန်မာ့သတင်းတွေကို ကမ္ဘာကသိစေဖို့ ဒီလိုလူမျိုးတွေ အများကြီးလိုအပ်ပါတယ်။ ဘယ်တော့မှသွေးအေးမသွားဘဲ မြန်မာပြည်သူတွေနဲ့ တစ်သားတည်း

ရပ်တည်နေခဲ့ပါတယ်။ အိမ်လခပေးရမယ့်ငွေအထိပါ စိုက်ထုတ်ပြီးလှူဒါန်းပေးတဲ့ ယိင်းရဲ့မြင့်မြတ်လွန်းတဲ့ စေတနာကို အကြိမ်ကြိမ်သာဓုခေါ်ဆိုမိပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post