CDM လုပ်သွားတဲ့ စစ်ကိုင်းမြို့အချစ်တော် ရွှေလက်တစ်စုံ တပ်ကြပ်ကြီး မျိုးဝင်း ဝင်သာဖတ်ကြည့်တော့ဗျာ

CDM လုပ်သွားတဲ့ စစ်ကိုင်းမြို့အချစ်တော် ရွှေလက်တစ်စုံ တပ်ကြပ်ကြီး မျိုးဝင်း ဝင်သာဖတ်ကြည့်တော့ဗျာ

စစ်ကိုင်းမြို့ ရဲ့ဂုဏ်ကိုဆောင်တဲ့ ဂုဏ်ပြုသင့်တဲ့ရွေလက်တစ်စုံအားဂုဏ်ပြုပါ၏စစ်ကိုင်းမြို့ ရဲ့တစ်နေရာမှာ မမောနိုင်မပန်းနိုင် လမ်းရှင်းပေးနေသူကတော့ တပ်ကြပ်ကြီးမျိုးဝင်းဆိုသူပါ။နေပူပူ မိုးရွာရွာ ပြည်သူအတွက် ပြည်သူတွေယာဉ်တိုက်မှုအန္တရာယ်ကင်းအောင် လူရှုပ်ထွေးရာ ယာဉ်ရှုပ်ထွေးရာ နေရာတွေမှာ သူရှိနေတတ်တယ်ကျောင်းဖွင့်ရာသီရောက်ပြီဆိုရင်

ကျောင်းသားကျောင်းသူလေးတွေ အန္တရာယ်ကင်းအောင်အထက်တန်းကျောင်းနဲ့ မူလတန်းကျောင်းတွေနားမှာ အမြဲတိုင်းလမ်းရှင်းပေးနေသူက တပ်ကြပ်ကြီးမျိုးဝင်းဆိုသူပါဘဲ။တပ်ကြပ်ကြီးမျိုးဝင်းဟာရဲတပ်သားလေးဘဝကနေ ယနေ့ တပ်ကြပ်ကြီးဘဝထိပြည်သူ့ မေတ္တာခံယူနေသူဖြစ်ပြီး လူ ချစ်လူခင်ပေါများတဲ့သူ

တစ်ဦးအဖြစ်စစ်ကိုင်းမြို့လူထုရဲ့ချစ်ခင်ကြင်နာခြင်းတွေရရှိနေတဲ့သူဖြစ်ပါတယ်။တပ်ကြပ်ကြီးမျိုးဝင်းဟာ ၁၉၉၉ ခုနှစ်ကစပြီး ရဲတပ်ဖွဲ့ထဲကိုဝင်ခဲ့တာလိုသိရပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ၂၀၁၀ ခုနှစ်ထိမြို့နယ်မှူးနဲ့အတူ အနီးကပ်နေခဲ့တာဖြစ်ပြီး အဲ့ဒီကထဲက ပြည်သူအကျိုးပြုလုပ်ငန်းတွေကို

ခရိုင်ယာဉ်စည်း ကမ်းထိန်းသိမ်းရေးအဖွဲ့နဲ့အတူမြို့ပေါ်ဆင်းပြီး လုပ်ဆောင်ခဲ့ခြင်းကြောင့် မြို့လူထုရဲ့ချစ်ခင်လေးစားခြင်းကိုရရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲ့သတ်မှတ်အရည်အ ချင်းကိုက်ညီလို ယာဉ်ထိန်းတပ်ဖွဲ့ဝင်အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပြီး စစ်ကိုင်းမြို့တွင်ယနေ့အချိန်ထိ

တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်တပ်ကြပ်ကြီးမျိုးဝင်းရဲ့ဖော်ရွှေတဲ့အပြုံးရယ် သူရဲ့ခရာသံ လက်ပြနေတဲ့ သူပုံရိပ်တွေဟာပြည်သူတွေရဲ့ ရင်ထဲအသဲထဲမှာ စွဲစွဲမြဲမြဲ သမိုင်းမှတ်တိုင်တစ်ခုအနေနဲ့ ကျန်ရစ်နေမှာပါ။

စစ်ကိုင်းမြို့ရဲ့ဂုဏ်ဆောင်တဲ့ဂုဏ်ပြုသင့်တဲ့ရွှေလက်တစ်စုံအဖြစ် မြို့လူထုရဲ့အချစ်တော်လေးအား စစ်ကိုင်းသတင်းအဖွဲ့မှထပ်ဆင့်ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post