“ဒီမိုကရေစီပြန်ရရှိရေး မြန်မာပြည်သူများနှင့်အတူ တသားတည်းရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကင်မ်အဲရစ်ရဲ့ သဝဏ်လွှာ”

“ဒီမိုကရေစီပြန်ရရှိရေး မြန်မာပြည်သူများနှင့်အတူ တသားတည်းရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကင်မ်အဲရစ်ရဲ့ သဝဏ်လွှာ”

မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်ရဖို့ စည်းစည်းလုံးလုံးနှင့် ပြန်လည်ကြိုးစားနေကြသော မြန်မာပြည်သူများနှင့် တသားတည်းအတူရှိနေကြောင်း နိုင်ငံတော်အတိုင်၏ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သားငယ် ကိုထိန်လင်းက ပြောကြားလိုက်သည်။

နော်ဝေနိုင်ငံ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံတွင် ဇွန်လ ၁၆ ရက်နေ့က ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြိုအခမ်းအနားသို့ ကိုထိန်လင်း ခေါ် မစ္စတာ ကင်မ်အဲရစ်က သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၁၉ ရက်နေ့တွင် အသက် ၇၆ နှစ်ပြည့်မည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် သူ၏သားက ပေးပို့သောစာတွင် မြန်မာပြည်သူများနှင့်အတူ မိခင်ဖြစ်သူရင်ဆိုင်နေရသည့် အခြေအနေကြား မှာ အကောင်းဆုံးသောမွေးနေ့ဖြစ်ပါစေဟု ဆုမွန်ကောင်းတောင်းချင်ကြောင်း ရေးသားထားသည်။

ထို့အပြင် ဒီမိုကရေစီအရေးကြိုးပမ်းနေကြသည့် မြန်မာပြည်သူများကို ဆက်လက်ထောက်ခံအားပေးရန် ကမ္ဘာသူကမ္ဘာသားများကိုလည်း တိုက်တွန်းထားသည်။

နောင်နှစ် မွေးနေ့အခါသမယတွင် မိခင်ဖြစ်သူအနေဖြင့် မွေးနေ့ဆုမွန်ကောင်းများ လူကိုယ်တိုင်လက်ခံရရှိနိုင်ဖို့ မျှော်လင့်ပြီး Generation Z မျိုးဆက်များကိုလည်း ငြိမ်းချမ်းရေးနှင့် လွတ်လပ်ခြင်းကိုအမွေဆက်ခံနိုင်ကြဖို့ အတူတကွမျှော်လင့်ပါကြောင်း သားငယ်ဖြစ်သူ ကင်မ်က ရေးသားထား သည်။

#happybirthday
#AungSanSuuKyi
#FreeOurLeaderDawAungSanSuKyi

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post