ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် “ငါတို့ရဲ့ နိုင်ငံတော်”ပန်းချီကားလေလံသိန်း၂၀ ထိရ ရှိနေ

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် “ငါတို့ရဲ့ နိုင်ငံတော်”ပန်းချီကားလေလံသိန်း၂၀ ထိရ ရှိနေ

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၆ နှစ်ပြည့် အထိမ်းအမှတ် ပန်းချီကားတကားကို ကြမ်းခင်းဈေး ကျပ် ၃ သိန်းနဲ့ လေလံဈေးခေါ်ထားပါတယ်။

“Our State | ငါတို့ရဲ့နိုင်ငံတော်”လို့ အမည်ပေးထားတဲ့ ၁၀”x၁၂” အရွယ် ဒီ Acrylic ပန်းချီကားကတော့ ပန်းချီဆရာနန္ဒက ရေးဆွဲထားတာဖြစ်ပြီး လေလံတင်ရောင်း ရငွေအားလုံးကို REDs Vote NLD Page ကတဆင့် လှူဒါန်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

လေလံဆွဲဝယ်ယူလိုသူတွေအနေနဲ့ ဈေးတကြိမ်တိုးပေးတိုင်း အနည်းဆုံး ၁၀,၀၀၀ ကျပ် တိုးပေးကာ ပါဝင်နိုင်မှာဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့‌ဖြစ်တဲ့ ဇွန် ၁၉ ရက် စနေနေ့ နေ့လည် ၁၂ နာရီမှာ အများဆုံးလေလံဈေးပေးထားသူကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Reds Vote NLD ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပို့စ်အောက်မှာတော့ မိမိပေးလိုတဲ့ ဈေးနှုန်းကို မှတ်ချက်ပေးလေလံဆွဲနိုင်မှာဖြစ်ကာ တကယ်လို့ နာမည်မဖော်ပြချင်ရင် လည်း မိမိပေးလိုတဲ့ဈေးနှုန်းကို page messenger ကတဆင့် ပေးပို့နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ပန်းချီကားရောင်းရငွေရဲ့ ၁၀၀ ရာခိုင်နှုန်းလုံးကိုတော့ Reds Vote NLD မှတဆင့် ပန်းချီဆရာနဲ့ ဝယ်ယူသူ နှစ်ယောက်နာမည်နဲ့ စီစဉ်လှူဒါန်းပေးမှာ ဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။

ပန်းချီကားကို လေလံဈေးဖွင့်တဲ့ အချိန်ပိုင်းအတွင်းမှာပဲ ဈေးတိုးမြှင့်ဝယ်ယူမှုတွေ ရှိနေပြီး လက်ရှိအချိန်ထိ ငွေကျပ်သိန်း ၂၀ ထိ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post

(ZAWGYI)

ေဒၚေအာင္ဆန္းစုၾကည္ေမြးေန႔အထိမ္းအမွတ္ “ငါတို႔ရဲ႕ ႏိုင္ငံေတာ္”ပန္းခ်ီကားေလလံသိန္း၂၀ ထိရ ရွိေန

ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အသက္ ၇၆ ႏွစ္ျပည့္ အထိမ္းအမွတ္ ပန္းခ်ီကားတကားကို ၾကမ္းခင္းေဈး က်ပ္ ၃ သိန္းနဲ႔ ေလလံေဈးေခၚထားပါတယ္။

 


“Our State | ငါတို႔ရဲ႕ႏိုင္ငံေတာ္”လို႔ အမည္ေပးထားတဲ့ ၁၀”x၁၂” အ႐ြယ္ ဒီ Acrylic ပန္းခ်ီကားကေတာ့ ပန္းခ်ီဆရာနႏၵက ေရးဆြဲထားတာျဖစ္ၿပီး ေလလံတင္ေရာင္း ရေငြအားလုံးကို REDs Vote NLD Page ကတဆင့္ လႉဒါန္းသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ေလလံဆြဲဝယ္ယူလိုသူေတြအေနနဲ႔ ေဈးတႀကိမ္တိုးေပးတိုင္း အနည္းဆုံး ၁၀,၀၀၀ က်ပ္ တိုးေပးကာ ပါဝင္ႏိုင္မွာျဖစ္ကာ ေဒၚေအာင္ဆန္းစုၾကည္ေမြးေန႔‌ျဖစ္တဲ့ ဇြန္ ၁၉ ရက္ စေနေန႔ ေန႔လည္ ၁၂ နာရီမွာ အမ်ားဆုံးေလလံေဈးေပးထားသူကို ေရာင္းခ်ေပးသြားမွာ ျဖစ္ပါတယ္။

Reds Vote NLD ရဲ႕ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ပို႔စ္ေအာက္မွာေတာ့ မိမိေပးလိုတဲ့ ေဈးႏႈန္းကို မွတ္ခ်က္ေပးေလလံဆြဲႏိုင္မွာျဖစ္ကာ တကယ္လို႔ နာမည္မေဖာ္ျပခ်င္ရင္ လည္း မိမိေပးလိုတဲ့ေဈးႏႈန္းကို page messenger ကတဆင့္ ေပးပို႔ႏိုင္မွာျဖစ္တယ္လို႔ ဆိုပါတယ္။

ပန္းခ်ီကားေရာင္းရေငြရဲ႕ ၁၀၀ ရာခိုင္ႏႈန္းလုံးကိုေတာ့ Reds Vote NLD မွတဆင့္ ပန္းခ်ီဆရာနဲ႔ ဝယ္ယူသူ ႏွစ္ေယာက္နာမည္နဲ႔ စီစဥ္လႉဒါန္းေပးမွာ ျဖစ္တယ္လို႔ ေဖာ္ျပ ထားပါတယ္။

ပန္းခ်ီကားကို ေလလံေဈးဖြင့္တဲ့ အခ်ိန္ပိုင္းအတြင္းမွာပဲ ေဈးတိုးျမႇင့္ဝယ္ယူမႈေတြ ရွိေနၿပီး လက္ရွိအခ်ိန္ထိ ေငြက်ပ္သိန္း ၂၀ ထိ ေရာက္ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။

အခုလိုအခ်ိန္ေပးၿပီး ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာ ေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Crd-Original Post