ဒီကနေ့မှာကျရောက်တဲ့ အမေစုရဲ့(၇၆)နှစ်ပြည့်မွေးနေ့အတွက် ကိတ်တွေပန်းတွေနဲ့တောထဲမှာပဲအဆင်ပြေသလိုလေးကျင်းပခဲ့ကြတဲ့ ဟားငါးကောင်လူရွှင်တော်အဖွဲ့

ဒီကနေ့မှာကျရောက်တဲ့ အမေစုရဲ့(၇၆)နှစ်ပြည့်မွေးနေ့အတွက် ကိတ်တွေပန်းတွေနဲ့တောထဲမှာပဲအဆင်ပြေသလိုလေးကျင်းပခဲ့ကြတဲ့ ဟားငါးကောင်လူရွှင်တော်အဖွဲ့

ပရိတ်သတ်ကြီးရေ….ဟားငါးကောင်လူရွှင်တော်အဖွဲ့ဟာဆိုရင် မရိုးနိုင်တဲ့ဟာသပျက်လုံးအသစ်အဆန်းတွေကိုတီထွင်ရင်း

ပရိတ်သတ်တွေရဲ့တစ်နေ့တာအမောတွေကိုပြေပျောက်နိုင်အောင်ဖျော်ဖြေနိုင်တဲ့ လူရွှင်တော်အဖွဲ့ပဲဖြစ်ပါတယ်နော်။

ဟားငါးကောင်အဖွဲ့ဟာ နွေဦးတော်လှန်ရေးမှာ ပြည်သူလူထုနဲ့အတူတစ်သားထဲရပ်တည်ပြီး လူထုလှုပ်ရှားမှုမှာတက်တက်ကြွကြွပါဝင်ခဲ့တာပဲဖြစ်ပါတယ်နော်.။

အခုဆိုရင်လည်းဟားငါးကောင်အဖွဲ့ကလွတ်မြောက်ရေးနယ်မြေမှာဆင်းရဲဒုက္ခများစွာနဲ့ခက်ခက်ခဲခဲစစ်ပညာကိုသင်ယူနေကြတာပဲဖြစ်ပါတယ်။

အခုလိုအစစအရာရာအဆင်ပြေစွာနဲ့နေထိုင်နေရပေမယ့်လည်း ဒီကနေ့မှာကျရောက်တဲ့လူထုခေါင်းဆောင်မြန်မာနိုင်ငံရဲ့မိခင်ကြီးဒေါ်အောင်ဆန်းစုကြည်

ရဲ့(၇၆)နှစ်ပြည့်မွေးနေ့လေးကို တောထဲကနေပြီရှိတာလေးနဲ့အဆင်ပြေအောင်ကျင်းပပြုလုပ်ပေးတာကိုတွေ့မြင်ရပါတယ်ပရိတ်သတ်ကြီးရေ..

ဟားငါးကောင်အဖွဲ့က သူတို့နှစ်နဲ့ချီပြီးသောက်ခဲ့ကြတဲ့အရက်ကိုအမေစုအတွက်မွေးနေ့လက်ဆောင်အဖြစ်သစ္စာဆိုလှူခဲ့ကြတာကိုလည်းလူရွှင်တော်တိုင်းကျော်က

သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်။

ပရိတ်သတ်တွေကလည်းဟားငါးကောင်ရဲ့မွေးနေ့လက်ဆောင်လေးကြောင့်မျက်ရည်ကျတဲ့အထိကျေနပ်ပီဖြစ်ခဲ့ရပါတယ်။ဒီကနေ့မှာဆိုရင်လည်းအမေ့အတွက်

မွေေးန့ကိတ်ကြီးနဲ့နှင်းဆီပန်းတွေဝေနေအောင်ပန်ပြီး ” အမေနဲ့အတူ” ဆိုတဲ့စာလေးနဲ့ စပရိုက်လုပ်ခဲ့ကြတဲ့ဟားငါးကောင်ရဲ့ချစ်စရာကောင်းနေကြတဲ့ပုံရိပ်လေးကို

ပရိတ်သတ်ကြီးအားကြည်နူးပီတိဖြစ်စေရန်တစ်ဆင့်ကူးယူဖော်ပြပေးလိြက်ရပါတယ်နော်..။

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို ဆုတောင်းပေးလိုက်ပါတယ်နော်။

Source ; Taingkyaw Facebook Acc

Credit ; Celebrity Platforms

(ZAWGYI)












ပရိတ်သတ်ကြီးအားကြည်နူးပီတိဖြစ်စေရန်တစ်ဆင့်ကူးယူဖော်ပြပေးလိက်ြရပါတယ်နော်..။


