ချင်းပြည်နယ်က COVID 19 အခြေအနေက မြင့်တက်လာတာကြောင့် ပိုးသတ်ဆေး ( ဂါလံ ၅၀) ကိုလှူဒါန်းခဲ့သည့် ကိုဝေဠုကျော်

ချင်းပြည်နယ်က COVID 19 အခြေအနေက မြင့်တက်လာတာကြောင့် ပိုးသတ်ဆေး ( ဂါလံ ၅၀) ကိုလှူဒါန်းခဲ့သည့် ကိုဝေဠုကျော်

ချင်းပြည်နယ် ရဲ့ တစ်ချို့ နေရာတွေမှာ ဆိုရင် တိုက်ပွဲတွေ ဖြစ်ပွား ကာ အခြေအနေ တွေ ဆိုးဝါးပြီး ဒေသခံ တွေဟာ အဆင်မပြေမှု့ တွေ များစွာ ကို ရင်ဆိုင်နေရပါတယ် ။ ဒါ့အပြင် ကိုဗစ် ရောဂါ ကူးစက်မှု့ နှုန်းတွေလည်း အတော်လေး မြင့်မားလျက် ရှိတယ်လို့ သိရပါတယ် ။ သက်ဆိုင်ရာ အဖွဲ့အစည်း တွေ ရဲ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှာ ကိုဗစ်ရောဂါ ကူးစက်ခံ ရပြီး သေဆုံးသူ စုစုပေါင်း ( ၅ ) ဦးအထိ ရှိနေပါပြီ ။

ဒါ့ကြောင့် လည်း စေတနာ အလှူရှင် များကလည်း ချင်းပြည်နယ် အတွက် လိုအပ်တာတွေ ကို များစွာ ထောက်ပံ့ လှူဒါန်း ပေးနေတာ ကိုလည်း တွေ့မြင်ရပါတယ် ။ အခုလည်း ဝေဠုကျော် ဦးစီး တည်ထောင် ထားတဲ့ ဝေဠုကျော် ဖောင်ဒေးရှင်းက နေပြီး ချင်းပြည်နယ် အတွက် ပိုးသတ်ဆေး တစ်ပေပါ (ဂါလံ ၅၀) ကိုလှူဒါန်းခဲ့ ကြောင်း ဖော်ပြ လာပါတယ် ။ ထို ပိုးသတ်ဆေး များကို ချင်း အဖွဲ့အစည်းက ဒေါ်ချယ်ရတီထူး မှ တဆင့် မနေ့က ပေးပို့ လှူဒါန်း ပေးခဲ့တယ်လို့ ဖော်ပြ ထားပါ သေးတယ် ။

အလှူနဲ့ ပတ်သက် ပြီးလည်း ” 18-6-2021 ချင်းပြည်နယ်သို့ ပိုးသတ်ဆေး အလှူ ဝေဠုကျော်ဖောင်ဒေးရှင်း မှ COVID ကူးစက်ဖြစ်ပွားမှု့ အခြေအနေ ဆိုးဝါးနေသော ချင်းပြည်နယ် ၊ ကလေးမြို့ကို COVID 19 ကာကွယ် ထိန်းချုပ်ရန် အတွက် ဖောင်ဒေးရှင်း သို့ အလှူခံ ထားသော ပစ္စည်းများ အနက် ပိုးသတ်ဆေး တစ်ပေပါ (ဂါလံ ၅၀) ကို ချင်း အဖွဲ့အစည်းက ဒေါ်ချယ်ရတီထူး မှ တဆင့် မနေ့က ပေးပို့ လှူဒါန်း ပေးလိုက်ပါတယ်။ ချင်းပြည်နယ် COVID ကာကွယ်ရေးအတွက်လည်း အောက်ဆီဂျင် လက်သန့်ဆေး Mask PPE တို့ကို ဝိုင်းဝန်းထောက်ပံပေးဖို့ အလှူခံ ပါရစေ။ ဝေဠုကျော်ဖောင်ဒေးရှင်း 09455500010(K Pay)'(U Soe Thein) 09455500014 , 09776089484(Wave Acc) ” ဆိုပြီး တစ်ခြား လိုအပ်နေသေးတဲ့ အကာအကွယ် ပစ္စည်းတွေကို လည်း အလှူခံလျက်ရှိကြောင်း ဖော်ပြထားရာ ပရိသတ်ကြီးလည်း အလှူလေး မှာ ပါဝင်နိုင်ရန် ပြန်လည်ဝေမျှ ပေးလိုက်ပါတယ် ။

 

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို ဆုတောင်းပေးလိုက်ပါတယ်နော်။

Yuan – Cele Zone
Photo – Wailu Kyaw

(ZAWGYI)








Yuan – Cele Zone
Photo – Wailu Kyaw