တော်လှန်ရေးမှာ နှုတ်လုံပါ

တော်လှန်ရေးမှာ နှုတ်လုံပါ

တော်လှန်ရေးမှာ နှုတ်လုံပါအကြမ်းဖက်စစ်အာဏာရှင်ကို အဆုံးထိတော်လှန်တိုက်ပွဲဝင်ဖို့ နည်းမျိုးစုံနဲ့ လှုပ်ရှားနေကြတာ ငါးလကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ဆန္ဒပြတောင်းဆိုတာတွေအပြင် ရရာလက်နက်ကိုင်ဆွဲကိုင်ပြီး တိုက်ပွဲဝင်နေကြတာပါ။ဒါပေမယ့် စစ်အာဏာရှင်တော်လှန်ရေးမှာ အရေးကြီးဆုံးတွေက တစ်ချက်ကတော့ နှုတ်လုံဖို့လိုပါတယ်။

အခုနောက်ပိုင်းအတွင်း လွတ်မြောက်နယ်မြေကိုရောက်ရှိပြီး စစ်‌သင်တန်းတက်နေသူအချို့ဟာ နေ့စဉ်နီးပါး လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ဓာတ်ပုံတွေအမျိုးမျိုးတင်တာ၊စစ်ရေးသတင်းအချက်အလက်ကို ရိပ်မိစေနိုင်တဲ့ စာသားတွေကိုတင်တာတွေပြုလုပ်နေကြပါတယ်။ဒါဟာ သိပ်ကို အန္တရာယ်ရှိပါတယ်။ဥပမာအနေနဲ့ ဇွန် ၁၅ ရက်နေ့က မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ပြောက်ကျားစစ်ဆင်ရေးပြုလုပ်ဖို့

လှုပ်ရှားစဉ် အဖွဲ့ဝင်တစ်ဦးက ဓာတ်ပုံတွေရိုက်ပြီး Facebook ပေါ်တင်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ ဒါ့ကြောင့် မင်းကင်းတပ်ဖွဲ့က စစ်ရေးလှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မတင်ဖို့ ထုတ်ပြန်ခဲ့ရပါတယ်။

လက်နက်အင်အား သတင်းအချက်အလက် ရယူနိုင်မှု သာလွန်တဲ့ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရာမှာ ‌ထိပ်တိုက်ရင်ဆိုင်လို့မရတာကြောင့် ပြောက်ကျားစနစ်နဲ့ တိုက်ပွဲဝင်ရမှာဖြစ်ပြီး စစ်ရေးလှုပ်ရှားသတင်းအချက်အလက်တွေကို အတတ်နိုင်ဆုံး သိုသိပ်ဖို့လိုပါတယ်။

ဒီလိုမဟုတ်ဘဲ စစ်သင်တန်း ဒါမှမဟုတ် စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ မကြာခဏ Facebook ပေါ် ဓာတ်ပုံတင်တာတွေ၊ Live လွှင့်တာတွေဟာ စစ်သင်တန်းအတွက် အန္တရာယ်ရှိသလို စစ်သင်တန်းအနီးအနားရှိ တိုင်းရင်းသားကျေးရွာတွေကို ထိခိုက်ပျက်စီးစေနိုင်ပြီး ပြောက်ကျားစစ်ရေးလှုပ်ရှားမှုတွေကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။

ဓာတ်ပုံတွေဟာ သမိုင်းဆိုတာမှန်ပေမယ့် သိုသပ်စွာလှုပ်ရှားရမယ့်အချိန်မှာ ဓာတ်ပုံတွေထက် လုပ်ရပ်တွေဟာ သမိုင်းတွင်စေမှာဖြစ်ကြောင်း သတိချပ်စေလိုပါတယ်။
#မောင်း #နှုတ်လုံပါ #အကြမ်းဖက်စစ်တပ် #အမြစ်ဖြတ်
အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post