လူကယ်ပြန် ဝန်ကြီး ဒေါက်တာ သက်သက်ခိုင် ပိုင်ဆိုင်သည့် ဆောက်လုပ်ဆဲ ကွန်ဒိုတွင် ပေါက်ကွဲမှု့ ဖြစ်

လူကယ်ပြန် ဝန်ကြီး ဒေါက်တာ သက်သက်ခိုင် ပိုင်ဆိုင်သည့် ဆောက်လုပ်ဆဲ ကွန်ဒိုတွင် ပေါက်ကွဲမှု့ ဖြစ်

ဖုန်းနှင့်တွဲဆက်ထားသည့် လက်လုပ်မိုင်း ၂လုံးပါထပ်မံရှာဖွေတွေ့ရှိရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်း ထောင့်ရှိ ဆောက်လက်စကွန်ဒို

၈ လွှာ၊ ရေပိုက်မီးပိုက်ဆက်သွယ်မှုအခန်းတွင် နံနက် ၉ နာရီ ၅၀ အချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါအဆောက်အဦမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်ပိုင်ဆိုင်

သည့် အဆောက်အဦဖြစ်ကြောင်းသိရပြီး သက်ဆိုင်ရာ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ နံနက် ၁၀ နာရီအချိန် သွားရောက် ရှင်းလင်းခဲ့ရာ နောက်ထပ် မပေါက်ကွဲသေးသည့် အလျား ၁၄ လက်မ၊

အချင်း ၄ လက်မခွဲ၊ လုံးပတ် ၁၅ လက်မရှိ PVC ပိုက် အပြာရောင်နှင့် ၀၉-၆၇၆၆၃၂၇၉၅၊ ၀၉-၆၇၂၄၉၅၁၇၅ ဆင်းမ်ကဒ်ပါ

Q Mobile အနက်ရောင် Keypad ဖုန်း နှင့်တွဲဖက်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၂ လုံးကို တွေ့ရှိခဲ့သဖြင့် ၁၀ နာရီ ၂၅ အချိန်တွင် သက်မဲ့ပြုလုပ်ခဲ့ ကြောင်းသိရသည်။

ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရမှုမရှိခဲ့သော်လည်း အဆောက်အဦမျက်နှာကြက် နှင့် အုတ်နံရံများပြိုကျ ပျက်စီးခဲ့ မှု အနည်းငယ် ရှိကြောင်း သိရသည်။
အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post